အခုတလော FB ပေါ်မှာတော့ ခွေးလေခွေးလွင့်တွေနဲ့ ခွေးချစ်သူ တို့ရဲ့ တိုက်ပွဲအကြောင်း ဖတ်နေရပါတယ်။ တိချစ်သူတွေက လမ်းပေါ်ကခွေးတွေကို ဘာလို့ချစ်နေရတာလဲ။ ချစ်ရင်လဲ အိမ်ခေါ်မွေးထားလိုက်။ ဒါမှမဟုတ်ရင်လဲ မွေးစရာ နေရာတစ်ခုဖန်တီးပေးလိုက် ဒါဆိုရင်တော့ ပိုပြီး အဆင်ပြေမယ်ထင်ပါတယ်။ အခုဟာက အိမ်မပိုင် ဝက်မွေး ဆိုသလို ဖြစ်နေပါတယ်။
Image Source
ခွေးလေခွေးလွင့်တွေ အရမ်းများနေခြင်းဟာ လူတွေကို အန္တရာယ် ဖြစ်လာစေပါတယ်။ ခွေးကိုက်တာ ခံရတာနဲ့ အနည်းဆုံး အလုပ် ပျက်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ခွေးရူးရောဂါပါ။ ခွေးရူးရောဂါဖြစ်တာနဲ့ ၁၀၀% သေပါတယ်။ ကုသဖို့ ဆေးမရှိပါဘူး။ ကြိုတင်ကာကွယ်လို့ပဲ ရပါတယ်။ စည်ပင်ကတော့ အဆိပ်ချပြီး သတ်ပစ်ဖို့ စီစဉ်ထားပါတယ်။ ဒါကိုလဲ တိချစ်သူတွေက ကန့်ကွက်ထားပါတယ်။ အဆိပ်ချ သတ်တာက ခွေးပေါက်ဖွားမှုကို မထိမ်းချုပ်နိုင်ပါဘူး။ သူတို့ပြောတာလဲ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ရလဒ်တွေ အရတော့ ခွေးတွေ ပြန်ပြီးတော့ ပေါက်ဖွားလာတာတွေ့ရပါတယ်။
ဒါဆို ပြဿနာက ဘာဖြစ်မလဲ။ ဘယ်လို ဖြေရှင်းမလဲ။
- ခွေးအရေအတွက် များလွန်းတယ်။
- Fund အလုံအလောက်မရှိဘူး။
Image Source
တိချစ်သူတွေ အနေနဲ့ ခွေးတွေကို ခွေးဂေဟာ ပို့ချင်တယ်ဆိုရင် အဲဒီအတွက် လိုအပ်တဲ့ ငွေကြေးကို ရှာရမှာပါ။ အစိုးရက စိုက်ပြီးတော့ ကုန်ကျဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခွေးတွေ အများကြီး ထားဖို့ ခွေးဂေဟာတွေ ဆောက်ရမှာပါ။ ခွေးတွေကို နေ့စဉ်အစာကျွေးဖို့၊ ခွေးရူးကာကွယ်ဆေးထိုးဖို့၊ သားဆက်ခြားဖို့အတွက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၁၂ နှစ်လောက်အထိ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပိုင်ရှင်မဲ့ ခွေးတွေ အကုန်လုံးကို ဖမ်းဖို့လိုပါတယ်။ ပိုင်ရှင်ရှိတဲ့ ခွေးတွေကိုတော့ မှတ်ပုံတင်ခိုင်းဖို့ လိုပါတယ်။ အဲဒါတွေအကုန်လုံးအတွက်ကုန်ကျစရိတ်က အများကြီးပါ။ တစ်ကယ်လို့ မတတ်နိုင်ဘူးဆိုရင်တော့ အဆိပ်ချတဲ့ နည်းလမ်းနဲ့ အကောင်ရေကို လျှော့ချပစ်ရမှာ ဖြစ်ပါတယ်။ ပြီးတော့မှ ကျန်တဲ့ အကောင်တွေကို ခွေးဂေဟာ ပို့ရမှာ ဖြစ်ပါတယ်။ ခွေးမွေတဲ့ သူတွေကို တာဝန်ခံခိုင်းဖို့လိုပါတယ်။ ခွေးကို ကာကွယ်ဆေးထိုးပေးရမှာ ဖြစ်ပါတယ်။ ကိုယ့်ခွေးက သူများကို ကိုက်ရင်လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။ မကိုက်စေချင်ရင် ပါးစပ်ကို ခြင်းစွပ်ထားပါ။ ခွေးကို လမ်းပေါ်၊လမ်းဘေးတွေမှာ အညစ်အကြေးစွန့်ခိုင်းလို့ မရပါဘူး။ ခွေးတွေအကုန်လုံးကို ဂေဟာထဲ ဖမ်းထည့်၊ နှစ်လလောက်ကြာလို့မှ မွေးစားမည့်သူ ပေါ်မလာရင် သူ့ဘဝကို အဆုံးသတ်လိုက်တာကလဲ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ နှစ်လအတွင်းမှာ ကိုယ်မွေးချင်တဲ့ ခွေးကို ရှာကြပေါ့။ အစိုးရအနေနဲ့လဲ စားရိတ် သိပ်မကုန်တော့ပါဘူး။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=335