တစ်ခါတုန်း ကကျွှန်တော်တို့ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ သူငယ်ချင်းတွေစုရင်း ဆော့ကြ ကစားကြ စကားပြောကြနေနေ တယ်ပေါ့်ဗျာ အဲ့မှာ ဘေးအိမ်က နေပြီး ဖယောင်းတိုင်မီးလိုမျိုးလေး လင်းလင်းလင်းလင်းနဲ့ သူတို့အိမ်က အိမ်သာထဲဝင်သွားပါလေရော အဲ့မှာအမကြီးတစ်ယောက်ကပြောပြတယ် အဲ့ဒါ စုန်းပေါ့်အေ အိမ်သာထဲဝင်သွားတယ်ဆိုတော့် (အယ် ပြောလိုက်တော့မယ်နော် စိတ်မဆိုးနက် ရွှံစရာဂျီး) အီးသွား ကျားဒယ်နေမှာတဲ့ အာ့နဲ့ မသွားနဲ့တားတဲ့ကြားက သတ္တိအရမ်းကောင်းလေတော့ သိတယ်မှုတ်လား အာ့သွားကြည့်ကြတာ အဲ့အိမ်ကအမကြီးဖြစ်နေရော ဖဟောင်းတိုင်လေးကိုင်လို့ မိုးလေးက ရွှာပြီးစ တစ်ပေါက်နှစ်ပေါက်ပဲကျတာကိုသူကမိုးကာအနက်ကြီးခြုံထားတော့လူကမမြင်ရဘူး ဟီး အဲ့ထဲ မနေနိုင်မထိုင်နိုင် တစ်ယောက်က သွားမေးတာ အမကြီးက ချီးသွားစား တာ မရွှံဘူးလားတဲ့ အာ့နဲ့ ဘာလဲညာလဲဘယ်သူပြောလဲရန်တွေ့ရင်း အဲ့စုန်းပြောတဲ့အမနဲ့နှစ်ယောက်ချကြပါရော ဟီး တားတို့ကအဲ့တုန်းက ခလေးလေးတွေဆိုတော့ ဘေးကဘဲအားပေးခဲ့တယ် နောက်မီးရောင်လေးတွေမြင်ရင် သေချာကြည့်နော် မှားနေမယ်