ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်း ချစ်ခင်ရသူတွေဆီကို နှုတ်ဆက်စကားပြောခြင်း၊ အရေးကြီးတဲ့ ပရောဂျက် ဒါမှမဟုတ် ပွဲတစ်ခုခုအတွက် ဆုတောင်းပေးခြင်းမျိုး စတဲ့ စကားမျိုးလေးတွေကို ၅မိနစ်ခန့် ဖုန်းပြောဆိုပေးပါ။ ဒီလိုမျိုး တစ်ယောက်ယောက်နဲ့ ခဏတဖြုတ် စကားစမြည် ပြောပေးခြင်းဟာ အချိန်လည်းမကုန်စေဘဲ သင့်ရဲ့စိတ်ဓာတ်လေးတွေကို ရှင်သန် နိုးကြားစေမှာပါ။