ဗွီဒီယို ကျူတိုရီရယ်ပေါင်းများစွာ အင်တာနက်ပေါ်
တွင်မှိုလိုပေါက်နေသကဲ့သို့ ရှာဖွေလျှင်တွေ့ရှိနိုင်ပါ
သည် ထို့ထက်ပို၍သင်ခန်းစာများကိုရှာဖွေနိုင်သည်
မှာ အင်တာနက်၏ကျေးဇူးဟုဆိုရမည်ကိုတော့
မရှောင်နိူင်ပါ ဟုတ်ပါသည် ကျနော်တိုမသိသော
အဲဒရော့တို့အကြောင့် လုပ်ပုံကိုင်နည်းများကို
လွယ်လင့်တကူ သိရှိစေရန်ကျနော်တို့ကိုပြသနေ
သည်မှာ မြင်ဆရာ ကြားဆရာ သင်ဆရာဟုလည်း
ဆိုချင်ပါက ဆိုနိူင်ပါအုံးမည်ဤကဲ့သို့အများအပြား
နည်းပညာတို့သည်တိုးတက်လျက် ကျနော်တို့မှာ
မလိုက်မှီနိုင်သည်မှာ အဘယ့်ကြောင့်နည်း?။
တွေးတောစရာရှိလာပါ၏ ကျနော်တို့မှာ ကိုယ်ပိုင်
တီထွင်မှုဆိုသည် အလွန်အလှမ်းဝေးသော နိုင်ငံ
ရပ်ခြားတစ်ခုနှင့်တူ၏ ဘယ်လိုအကြောင်းမျိုးကြောင့်
အလှမ်းဝေးလှသည်ကိုတော့ကာယကံရှင်များကိုယ်
တိုင်သာ သိနိုင်ပါမည်ကျနော်လည်းထိုနည်းလည်း
ကောင်းပါပင် မိမိကိုယ်ကိုသိ၏ မည်သို့ကြိုးစား
လျှင် မည်သည့်အရာကိုရမည်ဟူ၍ ခက်သည်က
ကျနော်သည် စိတ်ကိုမနိူင်နင်းပေ ထို့ကြောင့်ပင်
အများတို့ခေတ်ရှေ့ပြေးနေချိန်ဝယ် ကျနော်မှာ
၎င်းတို့ဖောက်သောလမ်းကပင်လျောက်နေရ၏
မိမိကိုယ်တိုင်လည်း ဖောက်နိုင်သည့်အရွယ်သို့
ပင်တိုင်ချေပြီ သို့သော်ပျင်းရိသည့် ရန်သူက
အနိူင်ရလေတော့ မိမိမှာ စိတ်သွားတိုင်ကိုယ်မပါ
လိုရာဆန္ဒကလည်း ဗလာနတ္ထိနဲ့ လက်ချည်း
ဖြစ်နေသည်မှာ မဆန်းလှပေ.....။
ဆက်ရန်ရှိသေးသည်။
အရင္းစစ္ေတာ့ အျမစ္ေျမဝယ္
ဗြီဒီယို က်ဴတိုရီရယ္ေပါင္းမ်ားစြာ အင္တာနက္ေပၚ
တြင္မွိုလိုေပါက္ေနသကဲ့သို႔ ရွာေဖြလွ်င္ေတြ႕ရွိနိုင္ပါ
သည္ ထို႔ထက္ပို၍သင္ခန္းစာမ်ားကိုရွာေဖြနိုင္သည္
မွာ အင္တာနက္၏ေက်းဇူးဟုဆိုရမည္ကိုေတာ့
မေရွာင္နိူင္ပါ ဟုတ္ပါသည္ က်ေနာ္တိုမသိေသာ
အဲဒေရာ့တို႔အေၾကာင့္ လုပ္ပုံကိုင္နည္းမ်ားကို
လြယ္လင့္တကူ သိရွိေစရန္က်ေနာ္တို႔ကိုျပသေန
သည္မွာ ျမင္ဆရာ ၾကားဆရာ သင္ဆရာဟုလည္း
ဆိုခ်င္ပါက ဆိုနိူင္ပါအုံးမည္ဤကဲ့သို႔အမ်ားအျပား
နည္းပညာတို႔သည္တိုးတက္လ်က္ က်ေနာ္တို႔မွာ
မလိုက္မွီနိုင္သည္မွာ အဘယ့္ေၾကာင့္နည္း?။
ေတြးေတာစရာရွိလာပါ၏ က်ေနာ္တို႔မွာ ကိုယ္ပိုင္
တီထြင္မႈဆိုသည္ အလြန္အလွမ္းေဝးေသာ နိုင္ငံ
ရပ္ျခားတစ္ခုႏွင့္တူ၏ ဘယ္လိုအေၾကာင္းမ်ိဳးေၾကာင့္
အလွမ္းေဝးလွသည္ကိုေတာ့ကာယကံရွင္မ်ားကိုယ္
တိုင္သာ သိနိုင္ပါမည္က်ေနာ္လည္းထိုနည္းလည္း
ေကာင္းပါပင္ မိမိကိုယ္ကိုသိ၏ မည္သို႔ႀကိဳးစား
လွ်င္ မည္သည့္အရာကိုရမည္ဟူ၍ ခက္သည္က
က်ေနာ္သည္ စိတ္ကိုမနိူင္နင္းေပ ထို႔ေၾကာင့္ပင္
အမ်ားတို႔ေခတ္ေရွ႕ေျပးေနခ်ိန္ဝယ္ က်ေနာ္မွာ
၎တို႔ေဖာက္ေသာလမ္းကပင္ေလ်ာက္ေနရ၏
မိမိကိုယ္တိုင္လည္း ေဖာက္နိုင္သည့္အ႐ြယ္သို႔
ပင္တိုင္ေခ်ၿပီ သို႔ေသာ္ပ်င္းရိသည့္ ရန္သူက
အနိူင္ရေလေတာ့ မိမိမွာ စိတ္သြားတိုင္ကိုယ္မပါ
လိုရာဆႏၵကလည္း ဗလာနတၳိနဲ႕ လက္ခ်ည္း
ျဖစ္ေနသည္မွာ မဆန္းလွေပ.....။
ဆက္ရန္ရွိေသးသည္။
Image By Google.com