ဒီတစ်ခါ ထွန်းတောက် ရောက်ရှိသွားသော အရှေ့အလယ်ပိုင်းနိုင်ငံမှာ ကူဝိတ်ဖြစ်သည်။ရေနံဖြင့် ချမ်းသာသောနိုင်ငံ ဖြစ်ကာ ၎င်းနိုင်ငံ၏ ငွေကြေးလဲလှယ်နှုန်းမှာ မြင့်မားသည်။
နိုင်ငံ၏ ရာသီဥတုမှာ နွေနှင့်ဆောင်း ၂မျိုးသာရှိသည်၊ မိုးတွင်းမရှိ မိုးရွာလျှင် တစ်နှစ်လုံးမှ ၂ ရက် ၃ ရက်ခန့်သာဖြစ်သည်။
ထွန်းတောက် ကူဝိတ်ရောက်ရှိသောအခါ အစမှ ပြန်စရသည်။အိပ်ခန်းဆောင်သန့်ရှင်းရေးမှုး၊ သို့သော် ထွန်းတောက်အားခေါ်ယူခဲ့သော မန်နေဂျာမှ ထွန်းတောက်၏ လုပ်ရည်ကိုင်ရည်ကို သဘောကျသဖြင့် တစ်နှစ်အကြာတွင် ORDERTAKER, SUPERVISOR, COORDINATIOR TRAINING များပေးလေတော့သည်။