ထွန်းတောက် အကိုဝမ်းကွဲရဲ့ အကူအညီနဲ့ ရန်ကုန်မှာရှိတဲ့ ၃ စတားဟိုတယ်တစ်ခုမှာ ထွန်းတောက်အလုပ်စလုပ်ပါတယ်၊ အိပ်ခန်းဆောင် သန့်ရှင်းရေးဝန်ထမ်း၊ ဒါပေမယ့် ထွန်းတောက်လုပ်ရသည်က PUBLIC AREA CLEANER ဟိုတယ်ရဲ့ စားသောက်ဆိုင်သန့်ရှင်းရေးတို့၊ ဟိုတယ်အပြင် သန့ရှင်းရေးတို့လုပ်ရသည်၊
စလုပ်ကာစတွင် ထွန်းတောက် ရှက်နေမိ၏၊ လူ အများရှေ့ မှာ ကိုယ်ကတံမျက်စည်းလှည်းသန့်ရှင်းရေးလုပ်နေရသည်ကိုး။ကိုယ်သင်ထားသည်က ဧည့်သည်အခန်း သန့်ရှင်းရေး လုပ်ရသည် တစ်ခြား၊ထားတော့။ထွန်းတောက်အလုပ်ကိုကြိုးစားလုပ်သည်။ဒီလိုနဲ့ သူနှင့်စတွေ့ ဖြစ်သည်။ သူက တစ်ခြားမဟုတ်၊ ထွန်းတောက်၏ ချစ်သူ၊ ထွန်းတောက်ကို နိုင်ငံခြားသွားဖို့ တွန်းအားဖြစ်စေခဲ့သူ။သူ့နာမည်က စံပယ်။စံပယ်က ထန်းတောက်နောက်မှ အလုပ်ဝင်သူဖြစ်သည်။ဒါပေမယ့် အရင်ကတစ်ခြားဟိုတယ် တစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးသည်။
" စံပယ် အိမ်ရောက်ရင် ဖုန်းခေါ်နော်"
ဒါက ထွန်းတောက်မှာနေကျ စကား၊ ချစ်သူမဖြစ်ခင်ကပင် ထိုကဲ့သို့မှာသည်။စံပယ်ကလည်း နားထောင်သည်၊ နေ့စဉ် မပျက်မကွက် ဖုန်းခေါ်ကာ ထွန်းတောက်နှင့် စံပယ်ဖုန်းပြောဖြစ်သည်။ထိုမှတစ်ဆင့် ချစ်သူတွေဖြစ်ခဲ့ကြခြင်းဖြစ်သည်။
စံပယ်မှာ အချောအလှကြီးမဟုတ်ပေ၊ သူ၏ တည်စွာငြိမ်စွာ စကားပြောပုံ၊ ယဉ်ကျေးသော ဝတ်စားမှု တို့ကြောင့် ထွန်းတောက် စံပယ့်ကို ချစ်သည်၊ လက်ထက်ဖို့အထိရည်ရွယ်ထားသည်။ဒါပေမယ့် စံပယ် အမြဲပြောသော စကားတစ်ခွန်းရှိသည်။
ထွန်းတောက်နှင့် စံပယ်တို့ ချစ်သူဘဝမှ လက်ထက်ဖို့အထိ ရည်ရွယ်မှုများဟာ တစ်နေ့မှာ အိမ်မက်လိုပျောက်ကွယ်သွားမှာ ဟုအမြဲပြောသည်။စံပယ်ဘာကိုဆိုလိုမှန်း ထွန်းတောက်မသိခဲ့။