ဒသမတန်းအကြောင်း ပြောဖြစ်လို့ မနေ့ညက အိပ်မက်ကို ပြန်သတိရမိတယ်။
ကျွန်တော်က ဒသမတန်းကို အတော်ကံကောင်းလို့ အောင်လာတာပါ။ နောက်ထပ် ပြန်ဖြေရရင် ဘယ်နည်း မအောင်။
ဒါကြောင့်လား မသိ။ ကလေးတွေ စာမေးပွဲ ဖြေတော့မယ်ဆို အိပ်မက်ဆိုး မက်တတ်တယ်။
ယခင်နှစ်က အိပ်ပျော်နေတာနဲ့ စာမေးပွဲ မဖြေလိုက်ရဘူး လို့ အိပ်မက် မက်ခဲ့တယ်။ အိပ်မက်ထဲ လေးဆယ်ကျော် အဖိုးကြီး ငိုလိုက်ရသေး။
ယခုနှစ်က တစ်မျိုး။
စာမေးပွဲသာ လာဖြေရ။ ဖြေစရာ စာမရလို့ မေးခွန်းကို မဖတ်ရဲဘူး တဲ့။
တကယ်လည်း ကျွန်တော်တို့က မျိုးနဲ့ ရိုးနဲ့ Bio ညံ့သူတွေ။
Bio ဆရာမက သိပ်ညံ့တယ်လို့ ကျွန်တော့်ကို မြင်တယ်။ သင်္ချာ ဆရာက သူ့တပည့်ကို ညံ့တယ်ပြောရင် နည်းနည်းမှ မကြိုက်ဘူး။ အင်္ဂလိပ်စာ ဆရာက ကျွန်တော် ရေးတဲ့ Essay ကို အတန်းထဲမှာ ဖတ်ပြတတ်တယ်။
ကျွန်တော်က အဲဒီလို။
သားတော်မောင်တော့ ကံကောင်းပါစေ ဆုတောင်းနေရ။သည်
photo :: google