အောင်မြင်မှုအတွက် အခက်အခဲအတားအဆီးတွေဆိုတာ ဥပမာပြောရရင်ရှေ့ကိုဘာမှမမြင်နိုင်အောင်
ဖုံးလွမ်းနေတဲ့ဆီးနှင်းထုကြီးတစ်ခုလိုပါပဲ...ဒါပေမယ့်သင်ဟာအဲ့ဒီဆင်းနှင်းထုထဲကိုရင်ဆိုင်ဖြတ်သန်းတဲ့အခါ
အတားအဆီးမရှိပဲဖြတ်သန်းနိုင်တာကိုတွေ့ရမှာပါ..ဘဝမှာအခက်အခဲတွေနဲ့ကြုံတွေ့တဲ့အခါရဲရဲကြီးရင်ဆိုင်ဖြတ်သန်း
လိုက်ပါ...တကယ်တော့အခက်အခဲဆိုတာအောင်မြင်ခြင်းအတွက်လှေကားထက်လေးတွေပါပဲ..ဒီတောင်ကိုကျော်ပီးရင်ဒီထက်
ပိုမြင့်တဲ့တောင်နဲ့ထပ်တွေ့ရဦးမှာပါ...အောင်မြင်မှုဆိုတာတနည်းအားဖြင့်အခက်အခဲအတားအဆီးတွေကိုရင်ဆိုင်ကျော်ဖြတ်ခြင်းပါပဲ။
ကျရှုံးတဲ့အချိန်သုညဖြစ်သွားတာမထူးဆန်းပါဘူး...အစကတဲ့ကသုညနဲ့စခဲ့တာပဲလေ...ဒီထက်ပိုရှိလာဖို့ပဲရှိပါတယ်..လဲရင်ပြန်ထဒါဘဝ
ဆိုသလိုပါပဲ...လဲကျတဲ့နေရာကပြန်ထဖို့လိုပါတယ်...ပြန်မထပဲညည်းညူနေမယ်ဆိုရင်တော့သေချာတယ်သင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူး
လူတိုင်းလူတိုင်းဟာပြီးပြည့်စုံတဲ့အခွင့်အလမ်းတွေ အတွေ့အကြုံတွေကိုဖန်တီးနိုင်ကြပါတယ်။ အဲ့လိုဖန်တီးနိုင်မယ့်အခွင့်အရေးဟာ လူတိုင်းလူတိုင်းမွေးကတည်းက ပါလာပြီးသားပါ။ယုံကြည်ချက်တွေ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လူတိုင်းလူတိုင်းမှာ အစွမ်းအစကိုယ်စီရှိပါတယ်။ ကျွန်တော်တို့ အားလုံးဟာ မတူညီတဲ့ အသိုင်းအဝိုင်းတွေ ကွဲပြားတဲ့အခြေအနေတွေကနေ ပေါက်ဖွားကြီးပြင်းလာခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးဘဝမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချရမယ့် အချိန်တွေကြုံရစမြဲပါ။ ဘဝရဲ့လမ်းဆုံကိုတွေ့ ရပြီဆိုရင် မိမိချလိုက်တဲ့ဆုံးဖြတ်ချက်က အရေးကြီးဆုံးပါ။ ဆုံးဖြတ်ချက်ကောင်းတခုက ဘဝကိုအကောင်းဆုံးဖြစ်သွားစေသလို ဆုံးဖြတ်ချက်မှားသွားခဲ့ရင် ၁ ကပြန်စရမှာပါ
လူအများစုက မိမိဘာကိုဝါသနာပါတယ်၊ ဘာကိုစိတ်ဝင်စားတယ်ဆိုတာကိုမသိကြဘူး။အရေးကြီးတာက မိမိဘဝကိုပုံဖော်ဖို့  အောင်မြင်မှုတွေကိုဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ရှိရမယ်။ ကျွန်တော်တို့ အားလုံးကြားဖူးကြမှာပါ။ ဘဝဆိုတာ တိုတောင်းလွန်းတယ် တဲ့။ ကျွန်တော်ပြန်ပြောချင်တာက ဘဝဆိုတာရှည်လျားလွန်းပါတယ်။ ဘာကိုဆိုလိုတာလဲ? ကျွန်တော်တို့ ရည်မှန်းချက်တွေကို အကောင်အထည်မဖော်ဘူး၊ အိမ်မက်တွေနောက် လိုက်မနေဘူးဆိုရင် ဘဝကြီးက ဦးတည်ချက်မဲ့နေသလို ရှည်လျားနေမှာပါဘဲ။ ကျွန်တော်တို့ အလုပ်သွားဖို့ ပြင်ဆင်တယ်။ ပြီးအလုပ်သွားတယ်။ အလုပ်လုပ်တယ်။အလုပ်နားတဲ့အခါ အိမ်ကိုပြန်လာတယ်။ နောက်တနေ့မှာဒီသံသရာပြန်လည်လာတယ်။ ဒီလိုနည်းနဲ့ အေးအေးဆေးဆေး လစာယူတယ်။ တဖြည်းဖြည်းနဲ့ ငယ်စဉ်ကမက်ခဲ့တဲ့အိမ်မက်တွေဟာ မှေးမှိန်သွားတယ်။ နောက်ဆုံးမှာ အိမ်မက်တွေပျောက်ဆုံးသွားတယ်။ အချို့ လူတွေကဘဲ ဒီသံသရာထဲကနေရုန်းထွက်တယ်။ သူတို့ လုပ်နေတဲ့အရာတွေ သူတို့ လုပ်နည်းတွေကိုဆန်းသစ်ဖို့ ကိုယ်ပိုင်အရည်အချင်းတွေကိုအသုံးချကြပါတယ်။ သင့်ရဲ့အိမ်မက်တွေ ကိုယ်စွမ်းကိုယ်စ စိတ်ဝင်စားတဲ့အရာတွေပေါ်မှာ အခြေခံပြီး လုပ်ကိုင်ပါ။ အောင်မြင်မှာ အသေအချာပါဘဲ။