Ostrich ဆိုတဲ့ ငှက်ကုလားအုပ်တွေက သူတို့ကို ရန်မူမယ့်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူတို့ရဲ့ ခေါင်းကို သဲအထဲမြုတ်ထားလိုက်တယ်တဲ့။ သူတို့က ရန်သူကို မမြင်ရတော့တဲ့ အခါ ရန်သူက သူတို့ကိုလဲ မမြင်တော့ဘူးလို့ ယူဆကြပုံရတယ်။
ဒီအတိုင်းပဲ ပြဿနာတွေနဲ့ တွေ့ကြုံရတဲ့ အခါမှာ ပြဿနာကို ရင်မဆိုင်ချင်တာနဲ့ လူတွေက ကိုယ့်ကိုယ်ကိုယ် ညာတတ်ကြတယ်။ ပြဿနာ မရှိပါဘူး၊ အားလုံးပုံမှန်ပဲ ဆိုပြီး အတင်းမှတ်ယူကြတယ်။ အဲ့လိုလုပ်တာတွေကို Bury Head In The Sand လို့ ပြောလို့ရတာပေါ့။
ကျနော်တို့ တစ်တွေလည်း အလုပ်မှာ လက်ရှိအခြေအနေကို အမှန်အတိုင်း မြင်တတ်ဖို့ လိုပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေ၊ ကိုယ်ရင်မဆိုင်ချင်တဲ့ အနေအထားတွေကို ကြုံတွေ့လာတဲ့အခါမျိုးတွေမှာ bury head in the sand မလုပ်ဖို့ အရေးကြီးပါတယ်။
ပြဿနာကို ရင်ဆိုင်ရတဲ့အခါမှာ ပထမဆုံး စဉ်းစားရမှာက ဒါဟာ တကယ့် ပြဿနာရော ဟုတ်ရဲ့လား ဆိုတာပါပဲ။ တခါတလေ ကိုယ်က ပြဿနာလို့ ထင်မိတဲ့အရာတွေက ပြဿနာ မဟုတ်ပဲ ပြဿနာရဲ့ သွင်ပြင်လက္ခဏာ symptom တွေ ဖြစ်နေတတ်သေးတယ်။ ဒါကြောင့် ပြဿာနာကို အသေအချာ define လုပ်နိုင်ဖို့လိုပါတယ်။
ပြဿနာကို define လုပ်ပြီးလို့ သေသေချာချာ နားလည်ပြီဆိုရင်တော့ ပြဿနာကို ဖြေရှင်းရမယ့် solutions တွေကို အလျင်စလို မလုပ်မိဖို့ သတိထားရပါဦးမယ်။ ပြဿနာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း root cause ကို အတိအကျသိရအောင် လုပ်ဖို့လိုပါတယ်။ မဟုတ်လို့ရှိရင် ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားတတ်ပါတယ်။ ဘာကြောင့် ဒီပြဿနာ ဖြစ်ရတာလဲဆိုတာကို Why ဆိုတဲ့မေးခွန်းနဲ့ ထပ်ခါတလဲလဲ တိကျတဲ့ root cause ရတဲ့အထိ မေးဖို့လိုပါတယ်။ ပြီးမှ သင့်တော်တဲ့ action တစ်ခုခုကို ယူဖို့ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်ခြင်းအားဖြင့် အချိန် ငွေကြေး အင်အား အများကြီးကို အလေအလွင့် နည်းစေမှာ ဖြစ်ပါတယ်။
ဥပမာ တစ်ခုပြောပြ ရရင် အမေရိကား က ဝါရှင်တန်မြို့တော်မှာရှိတဲ့ Thomas Jefferson Memorial အဆောက်အဦးက အဖြစ်အပျက်ကတော့ အကောင်းဆုံးထဲက တစ်ခု ဖြစ်မယ်ထင်ပါတယ်။ အဲဒီ အဆောက်အဦးက ဖြစ်သင့်တာထက်ကို ပိုပြီးမြန်ဆန်စွာ ပျက်စီးချင်နေတာကို သတိထားမိကြတယ်။ အဖြေရှာကြည့်ကြတဲ့အခါမှာ အဆောက်အဦးကို maintain လုပ်တဲ့အခါမှာ သုံးတဲ့ chemical တွေကြောင့်ဆိုတာကို သိလာကြတယ်။ သာမန်အနေအထားမှာဆိုရင် ဒါက ပြဿနာရဲ့ အဖြေပဲလေ။ အဲ့ဒီအပေါ်မှာ solution တွေရှာပြီး ဖြေရှင်းရမှာပေါ့။ ဒါပေမယ့် တာဝန်ရှိတဲ့သူတွေက ကျနော်ပြောပြခဲ့တဲ့ root cause ပို အသေအချာ သိအောင် Why တွေ မေးပြီး လုပ်ရမယ်ဆိုတဲ့ သီအိုရီကို ကျင့်သုံးခဲ့ကြတယ်။
သူတို့တွေက chemical ကြောင့်ဆိုတာကို သိရတဲ့အခါမှာ ထပ်ပြီး why ဆိုပြီး စဉ်းစား အဖြေရှာကြတယ်။ အဲ့ဒီမှာ chemical တွေကိုသုံးပြီး သန့်ရှင်းရေးတွေလုပ်ကြတဲ့ အကြိမ်အရေအတွက်က သတ်မှတ်ထားတာထက် ပိုများနေတာကို သတိထားမိလာကြတယ်။ ဒါပေမယ့် သန့်ရှင်းရေး အကြိမ်ရေတွေလျော့ ဆိုပြီးတော့ အလွယ်တကူ မဖြေရှင်းခဲ့ပါဘူး။ ထပ်ပြီးတော့ ဘာလို့ ဒီလိုါကြိမ်ရေတွေများရတာလဲဆိုပြီး why မေးခွန်းထုတ်ကြပါတယ်။
ဒီတော့ သန့်ရှင်းရေး အကြိမ်ရေတွေ တိုးလာရတာက အဲ့ဒီ အဆောက်အဦးနားမှာ ငှက်တွေ အလာများပြီး ငှက်တွေရဲ့ အညစ်အကြေးစွန့်တာတွေကြောင့်ဆိုတာကို သိလာရတယ်။ ဒါနဲ့ ငှက်တွေနည်းအောင် လုပ်ကြဆိုပြီး အလွယ်တကူနဲ့ မလုပ်ကြပါဘူး။ဘာကြောင့် ငှက်တွေ လာနေရတာလဲ ဆိုတာကို why ဆိုပြီး ထပ်အဖြေရှာကြပါတယ်။
ငှက်တွေဟာ သူတို့ကြိုက်တဲ့ အစာဖြစ်တဲ့ ပင့်ကူတွေပေါများနေတာကြောင့် လာကြတာကို သတိထားမိကြပြီး၊ ပင့်ကူတွေကလည်း သူတို့ရဲ့ အစာဖြစ်တဲ့ အင်းဆက်ပိုးမွှားလေးတွေ အများအပြားရှိလို့ နေနေကြတာဆိုတာကိုသိလာကြတယ်။ ထပ်ပြီးလေ့လာကြတဲ့အခါမှာ အဲ့ဒီအင်းဆက်လေးတွေက အဆောက်အဦး ပတ်ဝန်ကျင်မှာ ညနေပိုင်းထွန်းတဲ့မီးရောင်တွေဟာ နေ့အလင်းရောင်နဲ့ ကြားမှာဖြစ်နေတဲ့ အလင်းရောင် အနေအထားကို ကြိုက်ကြပြီး ညနေဆိုများနေကြတာကို နောက်ဆုံးမှာ သိလာကြရပါတယ်။
ဒီတော့မှာ တာဝန်ရှိသူတွေဟာ ညနေပိုင်း မီးထွန်းချိန်ကို နေဝင်ချိန်အထိ အနည်းငယ်ါချိန်ပြောင်းပြီး ထွန်းလိုက်ပါတယ်။ အဲ့အခါမှာ အင်းဆက်တွေ နည်းပါးသွားပြီး ပင့်ကူတွေလည်း နည်းလာပါတယ်။ ငှက်တွေလည်း အရမ်းမများတော့ပဲ သူတို့အညစ်အကြေးတွေလည်း နည်းသွားလို့ သန့်ရှင်းရတဲ့ အကြိမ်ရေလဲ ကျသွားပါတယ်။ ဒီအခါမှာ chemical တွေလဲ သုံးရတာ နည်းသွားပြီး အပျက်အစီးကို ပိုပြီး ထိန်းလာနိုင်ပါတယ်။ ကုန်ကျစရိတ် ၊ အင်အားတွေ အသုံးချရတာ အနည်းဆုံးနဲ့ ပြဿနာကို အောင်မြင်စွာရှင်းလိုက်နိုင်ပါတယ်။
ပြောပြချင်တာတွေကို အကျဉ်းချုပ်ပြောရရင် အခက်အခဲ ပြဿနာတွေကို bury head in the sand လုပ်ပြီး မရှောင်လွဲပဲ၊ ပြဿနာကို နားလည်အောင် define လုပပြီး၊ ပြဿနာကို ဖြစ်စေတဲ့ အကြောင်းရင်း Root cause တွေ အသေအချာ သိလာအောင် why များစွာနဲ့ လုပ်ဆောင်ပြီး ထိရောက်စွာ ဖြေရှင်းနိုင်ကြဖို့ပဲ့ ဖြစ်ပါတယ်။
Photo Credit: Google Image
Author: KC Myanmar