ခေါင်းစဉ်မြင်လိုက်လို့ ဘယ်လိုကြီးတုန်းဖြစ်မသွားပါနဲ့။
ကျွန်တော် တို့ မြန်မာတွေဟာ စကားလုံးခြုံပြီးပြောတတ်တာ လင်္ကာပုံစံ တန်ဆာဆင်တာ အရိုးစွဲနေပါပြီ။
လူတစ်ယောက်ကိုပြောတဲ့အခါ
အဲ့ကောင် လူပျင်းလူဖျင်းလူညံ့
ငတ်မှာ သိလားပေါ့။
ပြောကြတယ် ပျင်းတာနဲ့ ပိုက်ဆံမရှာနိုင်တာနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါဘူး။
ဖျင်းမှ ညံမှသာလျှင် မကောင်းတာပါ။
ပျင်းပါ ညီလေး။ တကယ်ပျင်းပါ။
ဒီနေ့ ကမ္ဘာကြီးမှာ တိုးတတ်လာတဲ့ခေတ် ပျင်းစေအောင်ပြုလုပ်နေတဲ့အရာတွေ အများအပြားပါ။
Google ဆိုရင် စာအုပ်တွေအများကြီးရှာဖတ်စရာမလိုအောင် အချက်အလက်တွေပေးထားတယ်။
နောက် အနီးစပ်ဆုံးပြောရရင် ကား ဆိုင်ကယ် ခရီးတွင်ကျယ်အောင် တီထွင်ထားပေမယ့်
ရတယ် အချိနိရတယ် ဖြေးဖြေးလာ ဆိုရင်ကော ကျွန်တော်တို့ လမ်းလျှောက်ဦးမှာလား။
မလျှောက်ပါဘူး ကျနော်တို့တွေ ပျင်း သွားပြီလေ။
ဟုတ်ပြီ ဒါတွေက လူတွေအကျိုးရှိအောင် တီထွင်ထားကြတာ ပြောမယ်။
Ok တစ်ခုချပြမယ် သင်တန်းတစ်ခု ဆိုပါတော့ အဲ့ဒီ သင်တန်းတစ်ခု မှာ ဆရာတွေသည် ဒီ ပညာရဖို့ ဘယ်နှစ်နှစ်သင်ခဲ့ရလဲ အချိန်ပေးခဲ့ရလဲ ပြီးရင် သူမှားခဲ့တာတွေ လမ်းလွဲခဲ့တာတွေ ကိုယ်တိုင် စမ်းသပ်ခဲ့ရတာတွေ အတွက် အချိန်တွေအများကြီးပေးရတယ်။ ထို့အတူ ငွေတွေ ကုန်ခဲ့ရတယ်။ နောက်ဆုံး သူတတ်မြောက်ပြီဆိုပြီး သင်တန်းဖွင့်တယ်
သူလေ့လာခဲ့ရတာတွေ သူ မှားခဲ့တာတွေ အားလုံးကို အချိန်ခဏပေးပြီး သူပြန်သင်ပေးတယ်။ ဒါတော့မလုပ်နဲ့
ဘာကြောင့်လဲဆိုတော့ စသည်ဖြင့်ပေါ့ ပညာရပ်တစ်ခုကို ကျွန်တော်တို့ သူစတင်ခဲ့ရသလို ကြိုးစားမသင်ရတော့ဘူး ပျင်းခိုင်းပြီလေ။ အဲ့အတွက်သူက စာအုပ်ဖိုး သင်တန်းကြေး အနည်းငယ်တော့ တောင်းမှာပေါ့။ တနည်းအားဖြင့်ဆိုသော် ပျင်းရင် ဦးနှောက်ဖောက်စားပေါ့။
သင့်ကို ပျင်းဖို့ အိုင်းစတိုင်းက သီအိုရီတွေ ဆွဲပေးခဲ့တယ်လေ။ သင်ဆွဲစရာမလိုတော့အောင်။
မိတ်ဆွေတွေ တကူးတကရှာစရာမလိုအောင်
ဇူကာဘတ်က facebook တီထွင်ပေးတယ်လေ။
ခေတ်ပေါ်နည်းပညာတွေပြောမကုန်အောင် သင့်ကို ပျင်းဖို့ တီထွင်ခဲ့ပေးတယ်လေ။
နောက်တခုပြောချင်တာက
လူတစ်ယောက် သူက စားသောက်ဆိုင်ပေါင်းများစွာ ပိုင်ဆိုင်ထားတယ်။
စီးပွားရေးမှာ အတော်အသင့်အောင်မြင်နေသူပေါ့။
သူနဲ့စကားပြောဖြစ်တိုင်း သူအမြဲပြောတာက
ကျွန်တော်က ငပျင်းဗျ။
ကျွန်တော် ပျင်းမှန်းလဲ ကျနော်သိတယ်။ အဲ့တော့ဘယ်လိုပျင်း ရမလဲရှာတယ်။ နောက်တော့ကျွန်တာ် တွေးမိတယ်လေ။
ကိုယ်ပျင်းရင် သူများကိုခိုင်းပေါ့။
အဲ့တော့ ကျွန်တော် သူများကိုခိုင်းစားတယ်။ ဒီအတိုင်းသွားခိုင်းရင်တော့ ဘယ်ရမလဲ ပိုက်ဆံပေးခိုင်းတာပေါ့။ သူတို့က ပညာကိုယ်ဆီရှိကြတယ်။ ဒါပေမယ့် သူတို့သိတာက ပိုက်ဆံရှာရမယ် အလုပ်လုပ်ရင်ပိုက်ဆံ ရမယ်။ ကျွန်တော်က ဘယ်လိုပျင်းရမလဲပဲစဉ်းစားတယ်။ ဒါပဲကွာတာ။ အဲ့တော့ ကျနော်က သူတို့လိုချင်တဲ့ ပိုက်ဆံပေးတယ်။ ကျနော် ပျင်းဖို့အတွက် သူတို့က အလုပ်လုပ်ပေးတယ်။အခုဆို ကျွန်တော် ရုံးခန်းထဲ ထိုင်ပြီး ဘယ်သူကို ဘယ်လိုခိုင်းရမလဲပဲ ပျင်းပျင်းနဲ့ စဉ်းစားတယ်။ စဉ်းစားရင်း ငွေကို ငွေနဲ့ခိုင်းစားတယ်။
ငွေရှိလို့ လုပ်နိုင်တာတော့မဟုတ်ပါဘူး။ စာသောက်ဆိုင်တစ်ခုက အကြော်ဆရာဘဝကတည်းက ရတဲ့လခလေးစုပြီး ပျင်းဖို့လုပ်ခဲ့တာပါ။
ဒါပဲလေ လူဆိုတာ ပျင်းသင့်တယ်။ ကျွန်တော်လဲ ဈေးရောင်းရမှာပျင်း တယ်။ အဲ့တော့ %စား ကိုယ့်ထက်ရောင်းနိုင်တဲ့သူရှာတယ်။
ဒါကြောင့်ညီလေးလဲ ပျင်းလား။ ပျင်းရင် ပျင်းရမယ့်နည်းလမ်းရှာပေါ့။
ဝါရန်ဘာဖတ်လဲ ပျင်းတာပဲ။
ဇူကာဘတ်လဲ ပျင်းတာပဲ။
ညီလေးလဲ ပျင်းတော့လေ။ ဘာလုပ်နေတာလဲ။
တကယ်ပျင်းရင် ပျင်းဖို့ကြိုးစားတော့လေ။
ကျွန်တော်၏ အတွေးမျှသာဖြစ်ပါသည်။ အငြင်းပွားဖွယ်ရာဖြစ်ကောင်းဖြစ်နိုင်သော်လည်း အပြုသဘောဆောင်ခြင်းဖြစ်ပါသည်။