သင့်ရဲ့ငွေကြေးကို ဘယ်အချိန်မှာ ဘယ်လိုသုံးစွဲမယ်ဆိုတာကို ဆင်ခြင်သုံးသပ်ပါ။ စရိတ်များလွန်းတဲ့ စျေး၀ယ်ထွက်တာတွေ၊ အကုန်အကျများလွန်းတဲ့ ခရီးစဉ်တွေအတွက် မသုံးပါနဲ့။ လိုအပ်တာတွေအတွက်ကိုပဲ အာရုံစိုက်ပြီး စနစ်တကျသုံးစွဲပါ။ လိုချင်တာတွေ မ၀ယ်ရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ လိုချင်တာထက် လိုအပ်တာကိုပဲ ဦးစားပေးဖို့ ဆိုလိုပါတယ်။