အချိန်၅မိနစ်အတွင်းမှာ အမှိုက်သွန်လို့ရပါတယ်။ မီးဖိုစင် စားပွဲတွေ သန့်ရှင်းနိုင်ပါတယ်။ မီးဖိုချောင်အတွင်း လှည်းကျင်းနိုင်ပါတယ်။ ရေခဲသေတ္တာအတွင်းက မကောင်းတော့တဲ့ အစားအသောက်တွေ လွှင့်ပစ်လို့ ရနိုင်ပါတယ်။ သပ်သပ်ရပ်ရပ်ဖြစ်နေတဲ့ မီးဖိုချောင်နေရာလေး အလုပ်တွေလုပ်ပြီး ညစာစားချိန်မှာ ရွှင်မြူးပေါ့ပါးမှုကို ခံစားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ် ၅မိနစ်ခန့် သန့်ရှင်းရေး လုပ်ပေးခြင်းဖြင့် ပိတ်ရက်တစ်ရက်လုံး သန့်ရှင်းရေးလုပ်ပြီး အချိန်ကုန်သွားတာတွေ လျော့နည်းသွားစေမှာပါ