About this contest
ပြိုင်ပွဲ အကြောင်း
ဒီပြိုင်ပွဲလေးကတော့ စိတ်ကူးဉာဏ် ကွန့်မြူး နိုင်သလောက် လွတ်လပ်စွာ ရေးသား ဖော်ထုတ် နိုင်သော ပြိုင်ပွဲ လေး ဖြစ်ပါတယ်။ ကျွန်တော် ရွေးချယ် ပေးထားတဲ့ ခေါင်းစဉ် အောက်မှာ ခေါင်းစဉ်နှင့် လိုက်လျော ညီထွေမှုရှိအောင် ရေးသားရုံ ပါပဲ ခင်ဗျာ။ လွတ်လပ်စွာ တွေးပါ။ လွတ်လပ်စွာ ရေးပါ။ သို့သော် မိမိရေးသားသော စာအတွက် မိမိ တွင် တာဝန် အပြည့်ရှိပါသည်။ အပတ်စဉ် ကြာသပတေးနေ့ တိုင်း ကျင်းပမှာ ဖြစ်ပါတယ်။
How to participant
ပြိုင်ပွဲ ဝင်ဖို့
ဒီပြိုင်ပွဲ မှာ ပါဝင် လက်စွမ်း ပြလိုတယ်ဆိုရင်ဖြင့် ပေးထားသော အကြောင်းအရာကို သေသေချာချာ ဖတ်ရှုပေးပါ။ ပြီးလျှင် ပေးထားသော ခေါင်းစဉ် အလိုက် မိမိတွေးမိ သမျှကို မိမိခံစားမိသမျှကို ပိုစ့် တစ်ခု အဖြစ် လွတ်လပ်စွာ ဖော်ထုတ် ရေးသားဖို့ ပါပဲ။ ရေးသားပြီးသား post link ကို comment မှာ လာရောက် ချပေးရ ပါမယ်။ ကျွန်တော်က စစ်ဆေးပြီး ပြီးပြည့်စုံသော ပြိုင်ပွဲဝင် စာမူများကို အမှတ်စဉ် သတ်မှတ်ပေး၍ ယခု post တွင် ဖော်ပြပေးသွားမှာ ဖြစ် ပါတယ်။ ဆုရရှိ သော စာမူများကို နောက် တစ်ပတ်တွင် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Rules
စည်းကမ်းချက်များ
- ပေးထားသော အကြောင်းအရာနှင့် လိုက်လျောညီထွေ ရှိ၍ စာလုံးရေ အနည်းဆုံး ၁၂၀ နှင့် အထက် ( စာကြောင်း ရေ ၁၂ ကြောင်းခန့် ) ရှိရပါမည်။
- ပြိုင်ပွဲဝင် စာမူ post တွင် #thinkitopposite ဟူသော tag ကို သုံးပေးရပါမည်။
- သင့်တော်ရာ ပုံ ( အနည်းဆုံး ၁ ပုံ) သုံးပေးပါ။ ကိုယ်ပိုင် မဟုတ်လျှင် မူရင်း link ကို ဖော်ပြထားရမည်။
- ဖန်တီးထားသော ပြိုင်ပွဲဝင် post link ကို အခု post ၏ comment မှာ လာရောက် ဖော်ပြပေးရမည်။
- copy များ လက်မခံပါဘူးနော်။

Time range
အချိန် အကန့်အသတ်
အချိန်အားဖြင့် ကတော့ ပြိုင်ပွဲ ပို့စ်တင် ပြီးသည့် အချိန်မှ စ၍ ၇ ရက်အတွင်း ပေးပို့လာသော ပြီးပြည့်စုံသည့် စာမူများသာ လက်ခံစဉ်းစား ပေးပါမည်။

Prizes
ဆုများ
ဆုကတော့ ၃ မျိုး ပေးမှာပါ။ Sponser များ ရလာပါက ဆုကြေးကို တိုးမြှင့် ပေးသွားမည် ဖြစ်ပါသည်။ ဆုကြေးခွဲ ဝေပုံကို ပွင့်လင်းမြင်သာစွာ ဖော်ပြပါ့မယ်။ sponser ရထားတဲ့ ဆုကြေး စုစုပေါင်းရဲ့ 40% သည် အကောင်းဆုံး စာမူဆု အဖြစ် ချီးမြှင့် သွားမှာ့ ဖစ်ပါတယ်။ ကျန်တဲ့ 60% ကိုတော့ ဆုလေးခုကို အညီအမျှ ခွဲပေးပါတယ်။
| ဆုအမျိုးအစား | အရေအတွက် | ဆုကြေး |
|---|---|---|
| အကောင်းဆုံး စာမူဆု | ၁ | 1.2 STEEM |
| နှစ်သိမ့်ဆု | ၂ | တစ်ဦးလျှင် 0.45 STEEM |
| ကျဘမ်းဆု | ၂ | တစ်ဦးလျှင် 0.45 STEEM |

Judges and Awarded
ဒိုင်လူကြီးများနှင့် ဆု ရွေးချယ်ပုံ
ကျွန်တော် အပါအဝင် ဒိုင်လူကြီးများက အကောင်းဆုံး စာမူဆု နှင့် နှစ်သိမ့်ဆု ကို ရွေးချယ်ပေးသွားမှာပါ။ ဒိုင်လူကြီးများကတော့ ,
,
,
,
နှင့်
တို့ ဖြစ်ကြပါသည်။ ( ဒိုင်လူကြီးများ အပြောင်းအလဲ ရှိနိုင်ပါသည်။ )
ကျဘမ်းဆုကိုတော့ random website မှာ အပတ်စဉ် တစ်ခု အတွက် အကောင်းဆုံး စာမူဆု နှင့် နှစ်သိမ့်ဆု လွဲချော်သွားသော ပြိုင်ပွဲ ဝင်များ အတွက် RANDOM ရွေးချယ်သွားမှာပါ။

Sponsers
ကူညီထောက်ပံ့ ပေးသူများ
ဒါကတော့ ကျွန်တော့ ပြိုင်ပွဲ ၏ Main Sponser များဖြစ်ပါတယ်။ သူတို့ကိုလည်း follow လုပ်ခြင်း၊ blog များသို့ သွားရောက်လည် ပတ်၍ vote ပေးခြင်း၊ များ ပြုလုပ်ပေးကြပါဦး ဗျာ။
| Sponsered by | Amount |
|---|---|
| 0.5 STEEM | |
| 1.5 STEEM | |
| 1 STEEM |
မှတ်ချက်။ ။ ကျွန်တော်တို့ရဲ့ Sponsers များ Judges များဟာ မိတ်ဆွေ တို့၏ ပြိုင်ပွဲဝင် စာမူများကို မေတ္တာဖြင့် စစ်ဆေး ကြည့်ရှု vote ပေး အကဲဖြတ် ခြင်းများ ပြုလုပ်ပေးနေပါသည်။ အပြန်အလှန် ကူညီပေးခြင်းအားဖြင့် သူတို့၏ vote တန်ဖိုများ တက်လာအောင် ကူညီပေးကြပါလို့ ရိုးသားစွာ တောင်းဆိုပါသည်။ ဆိုလိုတာကတော့ သူတို့ကို follow လုပ်ကြပါ။ upvote ကြီးကြီး ပေးကြပါပေါ့။ 😜
Let's grow together!!

Question
ဒီတပတ် အတွက်မေးခွန်း
နိုင်ငံတကာ နှစ်သစ်တော့ ကူးသွားပါပြီ။ ကျွန်တော်တို့ နှစ်သစ်ကူး ကတော့ မကြာခင်ပေါ့။ နိုင်ငံတကာ နှစ်ကူးနဲ့ ပတ်သတ်ပြီး သင် သဘောကျ နှစ်သက်တဲ့ အချက်တွေကို ဖော်ပြပေးပါ။ သင် မကြိုက်တဲ့ အချက် တွေ ရှိရင်လည်း အကြောင်းပြချက် ကောင်းကောင်း ဖြင့် ဖော်ပြပေးပါ။ ဒီနှစ်ချက်နဲ့ ပြည့်စုံရင် ရပါပြီ။ ကဲ လက်စွမ်းပြ ပေတော့။

The entries
ပြိုင်ပွဲဝင် စာမူများ
အောက်ပါ စာရင်းကတော့ ပြိုင်ပွဲဝင် များရဲ့ လက်စွမ်း လက်စ များပါပဲ ခင်ဗျာ။ မိတ်ဆွေ တို့ အနေဖြင့် သူတို့၏ ကြိုးစား အာထုတ်မှုများ ကို အသိအမှတ်ပြု အားပေးခြင်း အားဖြင့် ပြိုင်ပွဲဝင် post link မှတစ်ဆင့် သွားရောက် လည်ပတ် vote များပေးနိုင်ပါသည်။ ပြိုင်ပွဲဝင်များမှာ တစ်ဦး post အား တစ်ဦး က သွားရောက် vote ပေးကူညီပေးကြဖို့ တောင်းဆိုပါသည်။ အပြန်အလှန် ပေါ့ ခင်ဗျာ။
| ပြိုင်ပွဲဝင် | ပြိုင်ပွဲဝင် စာမူ |
|---|---|
| Entry #1 |
မင်္ဂလာ ရှိသော နေ့လေး ဖြစ်ကြပါစေ ခင်ဗျာ။
Give my love to you all ,Steemians. 😍 😍 😍
written by : 
MSU NO - 022

#myanmar
#msu