source ; 
"သင် အသက်တစ်ရက်သာရှင်ရမယ်ဆို ဘာတွေလုပ်မလဲ?"ဆိုတဲ့ မေးခွန်းကို ကျွန်မစဉ်းစားလာတာကြာပါပြီ။ဘယ်အချိန်တည်းကလည်းဆိုတော့ ကျွန်မပတ်ဝန်းကျင်က ချစ်ရသူတွေ နေ့မြင်ညပျောက်ဖြစ်တည်းကပါပဲ။မနက်ကပဲမြင်လိုက်ရ နှုတ်ဆက်လိုက်ရတဲ့ မိတ်ဆွေတွေဟာ နောက်နေ့မနက်ကျတော့ ကွယ်ပျောက်သွားပါတော့တယ်။ထိုသို့ ခဏခဏမြင်နေရချိန်မှာတော့ ကျွန်မကိုယ်ကျွန်မသည်မေးခွန်းလေးကို မေးလာရပါတယ်။ကျွန်မသာ တစ်ရက်တည်းအသက်ရှင်ခွင့်ရမယ်ဆိုရင် ဘာလုပ်မလဲ?
မနက်ဖြန်မှာ ကျွန်မဟာ လောကကြီးကိုနှုတ်ဆက်ရတော့မယ့် လူတစ်ယောက်ဆိုပါစို့။ဒါဆိုရင် ပထမဆုံးအနေဖြင့်ဒီနေ့မှာကျွန်မအိပ်ရာကနေ ၅နာရီလောက်တည်းက ထပါမယ်။ဘာလို့ဆို ပုံမှန်နေ့တွေမှာ ကျွန်မဟာဆိုရင်ဖြင့် ၈နာရီလောက်မှ ထတတ်တဲ့အတွက် နေထွက်ချိန်ကိုလွဲရပါတယ်။ဒါကြောင့်မို့ကျွန်မစောစောထမယ်။ပြီးရင် မျက်နှာသစ်မယ်။ပြီးရင်တော့ ကျွန်မတို့အိမ်ဝရံတာကနေ နောက်နေ့မှာမမြင်ရတော့မယ့် နေလုံးကြီးရယ် ငှက်ကလေးတွေရယ် ကျွန်မအိမ်ပတ်ဝန်းကျင်က အလှအပတွေကို ကြည့်ရှုပါမယ်။
နေထွက်ချိန်ပြီးရင်တော့ ဒုတိယတစ်ခုအနေဖြင့် ကျွန်မဘုရားရှိခိုးပါ့မယ်။ကျွန်မထက်အသက်ကြီးတဲ့သူမိသားစုဝင်တွေကိုပါ ကန်တော့ပြီးပြုလုပ်သမျှ မှားမိခဲ့သမျှ စော်ကားမိခဲ့သမျှကို ရှိခိုးတောင်းပန်ပါ့မယ်။ဘာလို့ဆို ကျွန်မဟာ မဟုတ်မခံစိတ်ရှိတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လူကြီးတွေကိုပြောဆိုမိခဲ့လို့ပါ။အပြစ်အားလုံးမဟုတ်ခဲ့ရင်တောင် အနည်းငယ်လောက်ကျေပါစေဆိုတဲ့ သဘောနဲ့ပါ။
ရှိခိုးကန်တော့မှုတွေ ပြီးဆုံးသွားရင်တော့ တတိယတစ်ခုအနေဖြင့် ကျွန်မရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေဆီ ဖုန်းဆက်ပါမယ်။သူငယ်ချင်းအချင်းချင်း ပွင့်ပွင့်လင်းလင်းပြောဆိုကြပေမယ့် မပြောဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို မခြွင်းမချန်ပြောခဲ့ပါမယ်။ကျွန်မရဲ့စိတ်ဆိုးစိတ်ကောက်မှုဒဏ်ကို မိသားစုဝင်တွေပြီးရင် သည်းခံပေးကြတဲ့သူတွေကတော့ သူငယ်ချင်းတွေပါ။သူတို့ကိုလည်း စကားတွေအားပါးတရပြောခဲ့ပါမယ်။
အပေါ်ကအချက်သုံးချက်လုံးပြီးရင်တော့ ကျွန်မအကြိုက်ဆုံး စာအုပ်တွေယူပြီး ကျွန်မအခန်းထဲဝင်ပါတော့မယ်။ကျွန်မအနှစ်သက်ဆုံးသော စာအုပ်တွေတစ်အုပ်ပြီးတစ်အုပ်ဖတ်ပြီး ကျွန်မဘဝနေဝင်ချိန်ကို ငြိမ်းချမ်းစွာစောင့်မျှော်နေပါ့မယ်။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :
MSU NO-003
#myanmar
#msu