ဒီနေ့ အရာရာအဆင်မပြေတာနဲ့ trading ပြန်လုပ်ကြည့်မယ်ဆိုပြီး fbs အကောင့်လေးဖွင့် ဘာမှမကြည့်ပဲ deposit တင်လိုက်တယ်။ ငွေလည်းဝင် အရောင်းအဝယ်လုပ်မယ်ဆိုတော့ crypto အုပ်စုတွေရှာမတွေ့တော့ဘူး။ အရင်ဆို btc/usd, eth/usd, ltc/usd အတွဲတွေပါဝင်ပြီး အခု ရေနံတွေ၊ ရွှေတွေ၊ crypto တွေမတွေ့ရတော့ဘူးဗျာ။ ထည့်လို့ရတယ်ဆိုရင်လည်း ဘယ်လိုပြန်ထည့်ရလဲပြောပေးကြပါအုံး။ ခုတော့ အပေါ်ကပြထားတာ usd/jpy အတွဲပါ။ မရှိတော့ ရှိတာစမ်းသပ်ကစားနေပါတယ်။ လုပ်ဖူးသူများ၊ အတွေ့အကြုံရှိသူများပြောပေးကြပါအုံး မကစားတာ နှစ်နှစ်လောက်ရှိပြီခုမှပြန်စမ်းကြည့်နေတာပါ အရှုံးတွေလည်းများခဲ့တာကိုဗျာ။ ခုရက်ပိုင်း btc ဈေးက အတက်အကျကြမ်းတော့ စိတ်ဝင်စားသွားတယ်လေ။ ဒါနဲ့ trading မယ်ဆိုပြီးဝင်လိုက်တာ ရှာမတွေ့။ အဖြစ်ကအဲလိုပါဆို။ splinterlands ကိုတော့ ဒီနေ့မှပဲ ကစားလို့ရပါတော့တယ်။ အရင် လေးရက်လောက်ကစားလို့မရဖြစ်ခဲ့ပါတယ်ဗျာ။