#unicode
ကျွန်တော်က လောင်းကစားသမားလား?
အဲလို့ပြောရင်တောင်ပြောလို့ရနေပါပြီဗျာ။ ဘောပွဲဆိုလည်း အွန်းလိုင်းပေါ်ရော၊ အပြင်မှာပါလောင်းနေသူဖြစ်နေလို့။ ချဲ့ကတော့ စိတ်မဝင်စား၊ ဒါပေမဲ့ ထိုင်းထီစောင်း ကျပ် 16000 တန်တော့ ထိုးသေးတယ်။ ဒါတင်ပဲလားမဟုတ်ဘူး။ မြန်မာထီလည်း တစ်လ ကျပ် 50000 ဖိုးလောက်ထိုးသေးတယ်ဗျာ။ ဒီကြားထဲ ပွဲရှိလို့ လေးကောင်ဂျင်နဲ့ ကလုပ်ဂလု လည်းသွားဆော့သေးတယ်။ နေ့စဉ်နေ့တိုင်းလည်း အရှုံးအမြတ်ကြမ်းတဲ့ ဈေးရောင်းဈေးဝယ်တေွအပြင် နာမည်ကြီး crypto ဆိုလား လုပ်သေးတော့။ လောင်းကစား အကြီးစားကြီးလိုဖြစ်နေပါပြီ။
"လောင်းကစားရဲ့ အဓိပ္ပာယ်"
လောင်းကစားဆိုတာ အနိုင်နဲ့ အရှုံး နှစ်ခုပဲရှိပါတယ်။
ဒါပေမဲ့ ပြင်ပ ဖြစ်ပေါ်နေတဲ့ အားပြိုင်မှုတွေမှာ အနိုင်အရှုံးတင်မဟုတ်ပဲ ဘဝပါပျက်တဲ့ အခြေအနေတွေအထိ ရှိတာတွေ့ရတယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အာဏာ၊ လက်နက် ဆိုတဲ့အရာတွေမှာပေါ့။ ဒီအကြောင်းအရာတွေမှာ သေမှာလည်းမကြောက်ကြသလို သနာညှာတာမှုတွေလည်းမရှိတော့ဘူးဗျ။ ဆွေမျိုး/သူငယ်ချင်းဆိုတာလည်း မမြင်ကြတော့ဘူး။ လိုချင်တာ လုပ်ချင်တာ ကိုယ်သာမှန်တယ်ဆိုပြီးဖြစ်လာတာပဲလေ။