ခရီးစဉ်အကျဉ်း
ပထမနေ့ - ကော့သောင်းလေဆိပ်မှ ကြိုဆိုပြီး ဟိုတယ်တွင် အနားယူခြင်း။
ဒုတိယနေ့ - ညောင်ဦးဖီးကျွန်းသို့ သွားရောက်လည်ပတ်ခြင်း။
တတိယနေ့ - ညောင်ဦးဖီးကျွန်းမှ ကော့သောင်းသို့ပြန်လည်ရောက်ရှိခြင်း။
စတုတ္ထနေ့ - လေဆိပ်မှ ပြန်လည်ထွက်ခွာခြင်း။
ပထမနေ့ - ကော့သောင်းလေဆိပ်မှ ကြိုဆိုပြီး ဟိုတယ်တွင် အနားယူခြင်း။
ကော့သောင်းမြို့သို့ နေ့လည်လေယာဉ်ဖြင့် ဆိုက်ရောက်ပြီး ကော့သောင်းမြို့ရှိ လူသိထင်ရှားသော ဘုရင့်နောင်မင်းတရားကြီး၏ရုပ်တု၊ မြန်မာနိုင်ငံတောင်ဘက် အစွန်ဆုံးပြယုဂ်တို့ဆီ သွားရောက်လည်ပတ်ပြီး ကော့သောင်းမြို့၏ ထင်ရှားသော စေတီတစ်ဆူဖြစ်သော ပြည်တော်အေးစေတီသို့လည်း သွားရောက်ဖူးမြော်ကြပါမည်။ ထို့နောက် ရွှေနှင်းဆီစားသောက်ဆိုင်တွင် ညနေစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူကြပါမည်။
အစားအသောက် - ညစာ။
ညအိပ် - Garden Hotel
ဒုတိယနေ့ - ညောင်ဦးဖီးကျွန်းသို့ သွားရောက်လည်ပတ်ခြင်း။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးချိန်၌ ဒေသခံခရီးစဉ်ဧည့်လမ်းညွှန်မှ လူကြီးမင်းတို့အား မနက် (၈း၀၀) နာရီဝန်းကျင်တွင် ဟိုတယ်ဧည့်တွေ့ဆောင်၌ လာရောက်ကြိုဆိုပါမည်။ ကားဖြင့် ကော့သောင်းမြို့မဆိပ်ကမ်းသို့ ပို့ဆောင်ပေးပြီး Passport သို့မဟုတ် ID စစ်ဆေးပြီးနောက် မြိတ်ကျွန်းစုခရီးစဉ် စတင်ပါမည်။ သင်္ဘောစီးနှင်းနေစဉ်အချိန်အတွင်း မြန်မာ့ပင်လယ်ပြင်၏ သဘာဝအလှကို ကြည့်ရှုခံစားရင်း လတ်ဆတ်သော ပင်လယ်လေကိုလည်း ရှုရှိုက်နိုင်ပါသည်။
ပထမဆုံး သူဌေးမကမ်းခြေတွင် snorkeling လုပ်ရင်းလှပသော သန္တာကျောက်တန်းများ၊ စိမ်းမြကြည်လင်သော ရေအောက်ရှိ Coral အပင်များနှင့် ရောင်စုံငါးအလှကမ္ဘာကို ကြည့်ရှုခံစားကြပါမည်။ နူးညံ့သောသဲသောင်ပြင်ပေါ်တွင် ပင်လယ်ရေဆော့ကစားခြင်းနှင့် အလှဓာတ်ပုံများကိုလည်း ဖန်တီးနိုင်ပါသည်။
ထို့နောက် လူသိကျော်ကြားသော ညောင်ဦးဖီးကျွန်းသို့ ထွက်ခွာပါမည်။ ကမ်းခြေတစ်လျှောက်တွင် ထူထပ်သော သဲသောင်ပြင်နှင့်အတူ အလှအပများကို ခံစားနိုင်ပါသည်။ ကျွန်းပေါ်ရှိ Victoria Cliff Resort မှ စုံလင်စွာ တည်ခင်းထားသော ဘူဖေးနေ့လည်စာကို သုံးဆောင်ကြပါမည်။ ညောင်ဦးဖီးကျွန်းမှ ပြန်လည်ထွက်ခွာပြီး ရဲမက်ကျွန်း နှင့် နီမိုအော် တို့တွင် နီမိုငါးများ၏ ချစ်စရာအိမ်လေးများကို Snorkeling လုပ်ရင်း လေ့လာကြပါမည်။
ညနေစောင်းအချိန်တွင် ညောင်ဦးဖီးကျွန်းသို့ ပြန်လည်ထွက်ခွာ၍ ညအချိန်တွင် အိပ်စက်အနားယူရန် အခန်းအတွင်းသို့ ၀င်ရောက်ကြပါမည်။ ပင်လယ်ကမ်းခြေတစ်လျှောက်တွင် ရေကူးခြင်း၊ ရေငုပ်ခြင်း နှင့် လှုပ်ရှားမှုတစ်ချို့ပြုလုပ်ပြီးချိန်၌ ကျွန်းပေါ်တွင် ညစာ(ဘူဖေးလ်) သုံးဆောင်ကြပါမည်။ ထို့နောက် အိပ်စက်အနားယူကြပါမည်။
အစားအသောက် - မနက်စာ၊ နေ့လည်စာ၊ ညစာ။
ညအိပ် - ညောင်ဦးဖီးကျွန်း
တတိယနေ့ - ညောင်ဦးဖီးကျွန်းမှ ကော့သောင်းသို့ပြန်လည်ရောက်ရှိခြင်း။
မနက်ပိုင်းတွင် ညောင်ဦးဖီးကျွန်းပေါ်၌ မနက်စာ သုံးဆောင်ပြီးနောက် ခရီးစဉ်ဧည့်လမ်းညွှန်နှင့်အတူ မီးတိုင်ကျွန်း နှင့် စာလုံးကျွန်းသို့ ပင်လယ်ရေဆော့ကစားခြင်း၊ ရေအောက်အလှအပများကို ခံစားခြင်း စသည့်ပင်လယ်ပြင်လှုပ်ရှားမှုများကို ပြုလုပ်နိုင်ရန် လူကြီးမင်းတို့အား ပို့ဆောင်ပေးပါမည်။
ထို့နောက် ညောင်ဦးဖီးကျွန်းပေါ်တွင် နေ့လည်စာသုံးဆောင်ပြီးနောက် လူကြီးမင်းတို့၏ လက်ဆွဲသေတ္တာများကို စစ်ဆေး၍ ညအိပ်အခန်းများကို ပြန်အပ်ပါမည်။ ထို့နောက် ကမ်းခြေတစ်လျှောက်တွင် အနားယူခြင်း၊ နေဖူဆာလှုံခြင်း၊ ပင်လယ်ရေဆော့ကစားခြင်း၊ ရေအောက်အလှအပများကို ကြည့်ရှုခံစားခြင်း နှင့် လူကြီမင်းတို့၏ ခရီးသွားအမှတ်တရတို့ကို ထင်ဟပ်စေသော ဓာတ်ပုံတစ်ချို့ကိုလည်း ဖန်တီးနိုင်ပါသေးသည်။
ညနေအချိန်တွင် ညောင်ဦးဖီးကျွန်းမှ ကော့သောင်းမြို့သို့ သင်္ဘောပြန်လည်ထွက်ခွာပါမည်။ လူကြီးမင်းတို့အနေဖြင့် ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် ကားဖြင့်ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပါမည်။ ညနေစာကို မြို့တွင်းစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူကြပါမည်။
အစားအသောက် - မနက်စာ၊ နေ့လည်စာ၊ ညစာ။
ညအိပ် - Garden Hotel
စတုတ္ထနေ့ - လေဆိပ်မှ ပြန်လည်ထွက်ခွာခြင်း။
လူကြီးမင်းတို့၏ မနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check Out ပြုလုပ်ပါမည်။ ထို့နောက် လေဆိပ်သို့ ကားဖြင့် ပို့ဆောင်ပေးပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာကြပါမည်။
အစားသောက် - မနက်စာ၊
ညအိပ် - ပြင်ပ၀န်ဆောင်မှု
ခရီးစဉ်စရိတ်မှာ လူကြီးတစ်ဦးလျှင် ၄၇၀,၀၀၀ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး အသက် ၁၀ နှစ်အောက် ကလေးတစ်ယောက်အတွက် ခရီးစဉ်စရိတ်၏ ၇၀% ပေးဆောင်ရမည်ဖြစ်ပါသည်။
ပါဝင်သော ၀န်ဆောင်မှုများ ပြင်ပ၀န်ဆောင်မှုများ
ခရီးစဉ်တစ်လျှောက်လုံးအတွက် ကားအကြိုအပို့
ကျွန်းပေါ်တွင် ညအိပ်ခွင့် (၁) ရက်
ဟိုတယ်တွင် ညအိပ်ခွင့် (၂) ရက်
ဒေသခံရေကြောင်းဧည့်လမ်းညွှန်
မနက်စာ၊ နေ့လည်စာ နှင့် ညစာ
ဖြတ်သန်းခ နှင့် ကျွန်းဝင်ကြေး
သောက်ရေသန့်၊ အချိုရည်၊ ရာသီပေါ်အသီးအနှံ
ကော်ဖီ နှင့် မုန့်ပဲသရေစာ၊ အရေးပေါ်ဆေးသေတ္တာ
အသက်ကယ်ဝတ်စုံ နှင့် ရေငုပ်ကိရိယာ လေယာဉ်လက်မှတ်အသွားအပြန်
သို့မဟုတ်
ကားအသွားအပြန်လက်မှတ်
ဖော်ပြမထားသောနေရာများနှင့် သွားလာလှုပ်ရှားမှုများ
တစ်ကိုယ်ရေအသုံးစရိတ်
အရက်၊ ဘီယာ နှင့် လက်ဆောင်ဝယ်ယူမှုစရိတ်
သယ်ဆောင်ရန်။ ။ နေကာမျက်မှန်၊ ဦးထုပ်၊ နေရောင်ခြည်ကာ ခရင်မ်၊ အ၀တ်အစားအပို၊ သင့်လျော်သော ရေကူးဝတ်စုံနှင့် လူကြီးမင်းတို့အတွက် လိုအပ်သည်များ။
မှတ်ချက်။ ။ခရီးစဉ်သည် လူအများနှင့် စုပေါင်း၍ သွားရသော ခရီးစဉ်ဖြစ်ပြီး ပင်လယ်ရေအတက်အကျနှင့် ရာသီဥတုအပေါ် မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။
……………………………………………………………………………………………………………………………………………………….……
ရုံးပိတ်ရက်များတွင်ဖြစ်စေ၊ ကျောင်းပိတ်ရက်များတွင်ဖြစ်စေ၊ အားလပ်ရက်များတွင်ဖြစ်စေ ခရီးသွားလိုသူများအတွက်လည်း စီစဉ်ပေးပါသည်။ သီးသန့်ခရီးစဉ်သွားလိုသူများအတွက်လည်း ဆိုင်ကယ်၊ ကား၊ လှေများဖြင့် ကမ်းခြေသို့၊ ကျေးရွာများသို့၊ ပင်လယ်ကျွန်းများသို့ သီးသန့်စီစဉ်ပေးပါသည်။
Agent Name: Duftend Myanmar Travels and Tours
Address: No.16, 5F, Nat Sin Str, Tamwe Township, Yangon, Myanmar
Phone: (+95) 9 540 8877, (+95) 9 515 0214, (+95) 9 7984 30625
Email: sales@duftendmyanmar.com , office@duftendmyanmar.com
Website: www.duftendmyanmar.com