Hello,
Min Ga Lar Par,
Today I want to share my happy memory. That is a short trip. I'm going there with my beloved friends. We walked from Kalaw to Nyaung Shwe. That is One night sleep and two days trip. We celebrated New Year party. That is also one of the best moment in my life.
First we go from Taunggyi to Kalaw with car. That is 51.68 km (32.11 mi) distance and duration time is about one hour. We leave Taunggyi at 7 AM. When we reach La Mine Village (Start point of trekking) is 9 AM. We start trek from La Mine Village. We reach Kone Hla Village about 2 PM for lunch. Take a little rest and trek again. We reach Part To Paunk Village about 5 PM. We took our dinner and celebrated New Year Party for 2017. That is great.
When the next morning, have done our breakfast, we start trek to Tone Lal Village for boat riding. We reach there at 4 PM and riding boat to Nyaung Shwe across Inn Lay Late.
Actually that is wonderful trip. We can feel and enjoy in nature. Many foreigners aslo Trekking in Kalaw. There is many other Trekking places. If you have a free time you can enjoy it. The best trekking time is our winter season. Thank for reading. Have a nice time. See you again all of my friends.
မင်္ဂလာ ပါ။
ဒီနေ့ ကျတော့်ရဲ့ ပျော်ရွှင်စရာ အမှတ်တရလေးကို ပြန်လည် မျှဝေလိုပါတယ်။ ဒါဟာ ခရီးတိုလေး တခုပါ။ အဲ့ဒီနေရာကို ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ သွားခဲ့တာပါ။ ကျတော်တို့ဟာ ကလောကနေ ညောင်ရွှေကို လမ်းလျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။ တညအိပ် နှစ်ရက် ခရီးစဉ် ဖြစ်ပါတယ်။ ကျတော်တို့ဟာ နှစ်သစ်ကူးပွဲလေးကိုလည်း အဲ့နေရာ ကျင်းပဆင်နွှဲခဲ့ပါသေးတယ်။ ကျတော့်ဘဝမှာ အကောင်းဆုံး အခိုက်အတန့်လေး တခုလည်း ဖြစ်ခဲ့ပါတယ်။
ပထမဆုံး ကျတော်တို့ဟာ တောင်ကြီးကနေ ကလောကို ကားနဲ့သွားခဲ့ကြပါတယ်။ ၃၂ မိုင်လောက်ဝေးပြီး တနာရီလောက်တော့ ကားမောင်းရပါတယ်။ တောင်ကြီးကနေ မနက် ၇ နာရီ ထွက်ပါတယ်။ မနက် ၉ နာရီ မှာတော့ လမ်းစလျှောက်မည့် လမိုင်းရွာကို ရောက်ပါတယ်။ အဲ့ဒီကနေ စလျှောက်ပြီး နေ့လည်စာ စားမယ့် ကုန်းလှရွာကို နေ့လည် ၂ နာရီလောက်မှာ ရောက်ပါတယ်။ နေ့လည်စာစား ခဏနားပြီး ဆက်လျှောက်ကြပါတယ်။ ညနေ ၅ နာရီ လောက်မှာတော့ ညအိပ်မယ့် ပတ်တူပေါက်ရွာကို ရောက်ပါတယ်။ ညစာစားပြီးတော့ နှစ်သစ်ကို ကြိုပေါ့။
နောက်နေ့မနက် မနက်စာ စားပြီးတော့ လှေစီးရမယ့် တုံးလယ်ရွာကို လမ်းထပ်လျှောက် ကြပါတယ်။ ညနေ ၄ နာရီ လောက်မှာ တုံးလယ်ကို ရောက်ပါတယ်။ အင်းလေးကန်ကြီးကို လှေနဲ့ ဖြတ်ပြီး ညောင်ရွှေကို ပြန်ခဲ့ကြပါတယ်။
တကယ်ကို ပျော်ဖို့ကောင်းခဲ့ပါတယ်။ သဘာဝတရားကြီးနဲ့အတူ ပျော်ဝင်ခံစားခွင့်ရခဲ့တာကိုး။ နိုင်ငံခြားသားတွေလည်း ကလောမြို့လေးမှာ ခရီးကြမ်း လာလျှောက်ကြပါတယ်။ အခြားခရီးကြမ်းလျှောက်စရာ နေရာတွေလည်း ရှိပါသေးတယ်။ အားလပ်ချိန်လေးတွေ ရှိခဲ့မယ်ဆိုရင်ဖြင့် လာရောက် ပျော်ရွှင်နိုင်ပါတယ်။ ဆောင်းရာသီကတော့ ခရီးကြမ်းသွားလို့ အကောင်းဆုံး အချိန်ပါပဲ။ ခုလို ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ ကောင်းမွန်သော အချိန်လေးများ ပိုင်ဆိုင်နိုင်ပါစေ။ ထမ်မံဆုံတွေ့ကြတာပေါ့။