What is love?
Why people love?
Love is simple or complex?
အချစ်နဲ့ပတ်သက်လာရင်
... ဒီ့ထက်ပိုကောင်းတဲ့အချစ် ရှိသေးတယ်လို့ မထင်လိုက်ပါနဲ့ ။ အခုလက်ရှိ ပိုင်ဆိုင်ထားတဲ့အချစ်က အကောင်းဆုံးပါ။
..... အသက်ငယ်သေးတယ်။ နောက်ကျမှ အိမ်ထောင်ပြုလည်းရတယ်လို့ မထင်လိုက်ပါနဲ့။ အချစ်က အသက်အရွယ်ကို စောင့်နေမှာမဟုတ်ပါဘူး။
.... အကွာအဝေးကြောင့် အချစ်ကို လက်လွှတ်ဖို့ မကြိုးစားပါနဲ့။ အချစ်က ကိုယ်နဲ့အတူ ရထား၊ လေယာဉ်၊ ခြေချင်သွားလို့ ရပါတယ်။
.... အသုံးမကျတဲ့သူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင် သင့်ကို ချမ်းသာအောင်ထားနိုင်ပါတယ်။
... အချစ်ကရိုးရှင်းလေ ပျော်ရွှင်ရလေပါ။ ပထမဆုံးချစ်မိလို့ အသည်းကွဲသွားပေမဲ့ နောက်ထပ် ချစ်သူထားဖို့မကြောက်ပါနဲ့။ လူတိုင်းက ကိုယ့်ကိုနာကျင်စေမှာ မဟုတ်ပါဘူး။
.... အချစ်က ပျော်ရွှင်စရာ ၊ ဝမ်းနည်းစရာကောင်းတဲ့ ဒဏ်ဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်ကောင်းဖြစ်မယ်။ ချစ်ပြီးမှ စွန့်လွှတ်လိုက်ရတာလောက် နာကျင်ရတာမရှိပါဘူး။ ဝေးသွားမှ ချစ်တယ်ပြောလဲ သူမကြားနိုင်တော့ဘူးလေ။ ရှိနေတုန်းမှာ ဂရုစိုက်တန်ဖိုးထားခြင်းက ကျေနပ်စရာပါ။
ဘဝဖော်ဆိုတာ
.... ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မယူဘူးဆိုတဲ့သူမဟုတ်ပါဘူး။ ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကိုသိတာတောင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။💓💓💓
ဘဝဖော်ဆိုတာ ကိုယ်က ကိတ်မုန့်ကြိုက်လို့ သူ ကိတ်မုန့်လိုက်ကြိုက်တဲ့သူမဟုတ်ပါဘူး။ ဘဝဖော်ဆိုတာ ကြက်ဥအကာကိုသူစားပီး အနှစ်ကိုကျွေးသူပါ။
တစ်ကယ်တော့အချစ်ဆိုတာရိုးရှင်းလေ ပျော်ရွှင်ရလေပါဘဲ။
ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ့်အတွက် အတိအလင်း သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အတိုင်အဖောက်ညီမှု ကြင်နာမှု သာမန်ရိုးရှင်းမှု နားလည်မှု ခွင့်လွှတ်မှုတွေ ဝေမျှပေးသူဖြစ်ပါတယ်။
ချစ်နေချိန် အတူနေရချိန်လေးမှာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ကြမယ်။ တစ်နေ့တာကို နောက်ဆုံးချစ်ရမယ့်ရက်လို့ သတ်မှတ်ပြီးချစ်ကြတယ်။ ချစ်သူလက်ကို တင်းတင်းဆုပ်ထားမယ်။ ရုပ်ရည်အိုမင်းသွားလည်း ပါးရည်တေ တွန့်သွားလည်း ကိုယ့်မှတ်ဥာဏ်ထဲမှာ ချစ်သူကို အလှဆုံးသိမ်းထားနိုင်ခဲ့ရင် ကကတိတည်ရာရောက်ပါတယ်။
လူ့ဘဝနဲ့ပတ်သက်ပီး စကားတစ်ခွန်းကဒီလိုဆိုပါတယ်။
ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့။ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။ ကိုယ့်အတွက်သတ်မှတ်ထားတဲ့အရာကို လက်မလွှတ်နဲ့ ဆုံးရှုံးခဲ့ဖူးတာကို အမှတ်တရထားပါ။ လိုချင်တာကို ရအောင်ကြိုးစားပါ။ အပင်ပန်းခံမှ ပြည့်ဝတာကို နားလည်မယ်။
လူတေက ကိုယ်ပိုင်ဆိုင်ချိန် တန်ဖိုးထားကောင်းမှန်းမသိဘဲ ဆုံးရှုံးသွားမှ နှမြောတသ ဖြစ်တတ်ကြတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း ဆုံးရှုံးသွားရတော့မယ်လို့ သိချိန်ရောက်မှ လက်ကိုမလွတ်စတမ်း ဆုပ်ကိုင်ထားချင်ကြတယ်။
ကို့အပော်တစ်ကယ်ချစ်တဲ့သူဆိုတာ နားလည်ပီး ဘယ်တော့မှ လက်တွဲမဖြုတ်တတ်တဲ့သူမျိုးပါ။ မဖြစ်နိုင်ဘူးဆိုတဲ့စကားထက် ဘယ်လိုလုပ်ရင်အဆင်ပြေမလဲဆိုတဲ့စကားကို ပြောသူပါ။
ပတ်ဝန်းကျင်ဆိုတာ
ကိုယ့်ကိုမနာသူရှိမယ် ။ ဒုက္ခပေးမဲ့သူရှိမယ်။ အားပေးကူညီသူရှိမယ်။ အမျိုးမျိုးပါဘဲ ။ တစ်ချို့က အောက်ကိုဆွဲချတယ် တစ်ချို့ကအပေါ်ကို ပို့ပေးတယ်။ တစ်ခါတစ်လေ ယုံမိတဲ့စကားတေက အမှားတေဖြစ်နေတတ်ပီး မယုံမိတဲ့စကားလေးတေကလဲ အမှန်တေဖြစ်နေတတ်ပါတယ်။ ပတ်ဝန်းကျင်ဆိုတာ ရှိလဲကောင်း မရှိလဲကောင်းတယ်ဆိုတာမျိုးပါ။ ပတ်ဝန်းကျင်ကြောင့် ကိုယ်ပိုင်ဆိုင်တဲ့အရာတေကို မစွန့်ပစ်မိပါစေနဲ့။ မျက်လုံးတေ မမှိတ်ထားမိပါနဲ့။ နားတေကို မပိတ်ထားပါနဲ့။ တစ်ချို့က ကိုယ့်ကို မနာလိုပီး အချော့တိုက်စကားလုံးနဲ့ ဓားနဲ့ထိုးတတ်လို့ပါဘဲ။