ဝမ်းဗိုက်အဆီကျစေကျစေသည့် ပျားသံပုရာဖော်မြူလာ
ယခုအခါ ကမ္ဘာအနှံ့ မျာ လူကြိုက်များလာနေပြီဖြစ်တဲ့ ၀မ်းဗိုက်အဆီချပေးနိုင်မည့် ပျားသံပုရာဖော်မြူလာကို မျှဝေပေးလိုက်ပါတယ်။
ပျားသံပုရာ ပြုလုပ်နည်း
(၁) သံပုရာသီး ၁၀ လုံးခန့်ကို ပိုးမွှားအန္တရာယ်ကင်းအောင် အခွံနှင့်အတူ ဆားပွတ်တိုက်ပေးပါ။
(၂) ခဏထားပြီးလျှင် ရေနှင့် ဆေးကြောပေးပြီး ရေခြောက်အောင် ခဏထားပါ။
(၃) သံပုရာသီးများကို အခွံနှင့်တကွ အကွင်းလေးများဖြစ်အောင် ပါးပါးလှီးပြီး အစေ့များကို ဖယ်ထုတ်ပါ။
(၄) အ၀ကျယ် ပုလင်းထဲကိုထည့်ပြီး သံပုရာတစ်ကွင်းထည့်တိုင်း ပျားရည်တစ်ဇွန်း (လက်ဖက်စားဇွန်း) ထည့်ပါ။ အကွင်းတိုင်းမှာ ပျားရည်ဆိမ့်ဝင်နေအောင် ထည့်ပါ။
(၅) ပြီးလျှင် သံပုရာကွင်းများမြုပ်အောင်ထိ ရေကျက်အေး(သို့မဟုတ်)
ရေသန့်အနည်းငယ် လောင်းထည့်ပါ။ (ပုံထဲမှာ ပြထားသည့်အတိုင်း နမူနာကြည့်နိုင်ပါသည်)
(၆) ပုလင်းကို အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲထည့်ကာ (၃) ရက်ခန့် နှပ်ထားပါ။
( သောက်သုံးရန် အညွန်း )
မနက်ပိုင်းနှင့် ညဖက်အိပ်ယာမ၀င်ခင် သံပုရာ(၃)ကွင်းနှင့် 
ဖော်စပ်ထားသော ဆေးအရည်တစ်ဇွန်းခန့်ကို စားပါ။
တစ်ပတ်ခန့် ဆက်တိုက် စားပြီးလျှင် အစာခြေစနစ်ကိုကောင်းမွန်စေပြီး ၀မ်းဗိုက်အဆီများ လျှော့ချသွားစေကာ ဗိုက်သားကို ချပ်ရပ်စေပါမည်။ သဘာဝဆေးနည်းမို့ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။
ပျားသံပုရာဖော်မြူလာကို ကမ္ဘာမှာ လူကြိုက်များလာစေသည့် အကြောင်းရင်းများကတော့ အားကစားလုပ်စရာမလိုခြင်း၊ အစားရှောင်စရာမလိုခြင်း၊ အကုန်အကျလည်း သက်သာခြင်း၊ ဆေးနည်း လွယ်ကူခြင်းနှင့် အမှန်တကယ် ထိရောက်မှုရှိခြင်းတို့ကြာင့် ဖြစ်ပါတယ်။
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား - Shrink Your Waist With Lemon and Honey
Credit to စောနွဲ့ နေဆိုင် - ပူတာအို
.