ဘ၀မှာ ပျော်ရွှင်ဖို့ စွန့် လွှတ်သင့်သည် အရာများ
မေပျော်ချင်ပါသည်။ ဒီအသက်အရွယ်မှာ မေ သိလိုက်ရတာကတော့ မေ အရာအားလုံးထက် လွတ်လပ်စွာစိတ်ပျော်ရွှင်ခြင်းနဲ့  စိတ်ချမ်းသာမှုကို လိုချင်မိတယ်။ လောကနိယာမ give and take အရ ပျော်ရွှင်ခြင်းကို ရနိုင်ဖို့ စွန့် လွှတ်သင့်တဲ့ အရာတွေကို မေနားလည်လာတယ်။ လက်ခံလာခဲ့တယ်။ အခက်အခဲတွေ အလယ်မှာ မေ ပျော်ရွှင်အောင်နေတတ်လာတယ်။ မေရဲ့ ခံယူချက်တစ်ချို့ နဲ့ ပျော်ရွှင်ဖို့ အတွက် စွန့် လွှတ်သင့်တာလေးတွေကို မေ မျှဝေချင်ပါတယ်။
၁။ အရာအားလုံးကို ထိန်းချုပ်ချင်တဲ့ စိတ်ကို စွန့် လွှတ်ပါ။
အခက်ဆုံးလုပ်ရပ်တစ်ခုပါ။ မေတို့ က ဘ၀ကို ကိုယ်ဖြစ်စေချင်သလို ဖြစ်အောင် အရာအားလုံးကိုလိုက်ပြီး ထိန်းချုပ်တတ်ကြပါတယ်။ ဒါပေမယ့် အားလုံးသိပြီးသား တစ်ခုကတော့ ကိစ္စအားလုံးက မေတို့ စိတ်ကြိုက် မဖြစ်လာနိုင်ဘူးဆိုတာပါပဲ။ မဖြစ်လာမယ့် အတူတူ ထိန်းချုပ်ဖို့ မကြိုးစားသင့်ပဲ လက်ခံဖို့ ကြိုးစားသင့်ပါတယ်။ စိတ်ပိုပြီး ပေါ့ပါးသွားမယ်ဆိုတာသေချာပါတယ်။
၂။ လူတိုင်းကို အလိုလိုက်အကြိုက်ဆောင် ချင်းကို စွန့် လွှတ်ပါ။
တစ်ခါတစ်ခါလူတိုင်းသဘောကျအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး နေရင်းနဲ့ ကိုယ့်ဘ၀ကိုယ့်အလိုသဘောကျမနေရတော့တာမျိုးကို ကြုံရပါတယ်။ တခြားသူတစ်ယောက်အနေနဲ့ ကိုယ်မဟုတ်တဲ့ကိုယ် ကိုပြန်မြင်တွေ့ ရခြင်းဟာ ပျောက်ဆုံးသောလမ်းကို လျောက်နေရသလိုပါပဲ။ မေတို့ အားလုံးက အရင်းနှီးဆုံးလူတစ်ချို့ သဘောကျအောင်ပဲ နေသင့်ပါတယ်။ လူအားလုံးသဘောကျအောင် စိတ်တိုင်းကျအောင် နေထိုင်နေခြင်းကို စွန့် လွှတ်ပါ။
၃။ အတိတ်ဆိုးတွေကို စွန့် လွှတ်လိုက်ပါ။
လူတိုင်းရဲ့ ဘ၀မှာ အတိတ်ဆိုးတွေ ကြုံတွေ့ ဖူးကြမှာပါ။ ဒါတွေကို အမြဲတမ်း ရင်ထဲစိတ်ထဲမှာ ထမ်းထားတာက အရမ်းကိုလေးလွန်းတဲ့ လုပ်ရပ်တစ်ခုပါ။ ပြန်တွေးတိုင်း နာကျင်ခံစားရစမြဲပါ။ ဘ၀မှာ ပြီးခဲ့တဲ့ အတိတ်ဆိုးတွေ ပြန်ပြင်မရနိုင်တဲ့ အရာတွေအတွက် စိတ်ဆင်းရဲနေမှုကို စွန့် လွှတ်ပြီး ရှေ့ လျောက်ကို အကောင်းဆုံးဖြစ်အောင်နေထိုင်သွားသင့်ပါတယ်။
၎။ မျော်လင့်ချက်မရှိ ချစ်ခြင်းမရှိတော့တဲ့ relationship ကိုစွန့် လွှတ်လိုက်ပါ။
ပျော်ရွှင်ရတဲ့ rs တစ်ခုဟာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှနေရပါမယ်။ ချစ်ခြင်းတရားပါ။ အမြဲ စိတ်ဆင်းနေရတဲ့ rs တစ်ခုနဲ့ ကြုံနေရပြီဆိုရင် စဉ်စားလိုက်ပါ။ ဘ၀တစ်ခုလုံးနစ်ပြီး စိတ်ဆင်းရဲဖို့ တန်သလားဆိုတာပါ။ ဘ၀တစ်ကွေ့ မှာ တွေ့ ကြုံနေရတဲ့ လူပေါင်းများစွာကို အမြဲလိုက်တွယ်ကပ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ပျော်ရွှင်ဖွယ်အချိနိတွေ အတွက်ကျေးဇူးတင်ပါ။ ကိုယ့်အနားမှာ မနေချင်တဲ့ သူတွေကို စွန့် ခွာလိုက်ပါ။ စွန့် လွှတ်လိုက်ပါ။
၅။ ကိုယ့်ကိုကိုယ် သနားနေခြင်းမှ စွန့် လွှတ်လိုက်ပါ။
မေတို့ အားလုံးစဉ်းစားမိတတ်ကြပါတယ်။ ငါ့ကျမဘာလို့ လာဖြစ်ရတာလဲ။ ဘာလို့ ငါဖြစ်နေရတာလဲ။ Why Me? ပေါ့နော်။ အဲ့လို စဉ်းစားပြီး ၀မ်းနည်းနေတတ်ကြတယ်။ Why Me?, Me တစ်ယောက် တည်းမဟုတ်ပါဘူး။ လူတွေအားလုံးကြုံနေရတဲ့ ကြုံဖူးနေတဲ့ ကိစ္စတွေပါ။ Why Not? ဘာကြောင့်မဖြစ်ရမှာလဲလို့ တွေးကြည့်လိုက်ပါ။ လူတိုင်း ဖြစ်ဖူးတဲ့ စိတ်ဆင်းရဲမှု တွေပဲမို့  ကိုယ်တစ်ယောက်တည်း ဘာလို့ အခွင့်ထူးခံပြီး အမြဲတမ်း ကောင်းတာပဲ ကြုံရမှာလဲ။ အဲ့တော့ ကြုံလာသမျှကို အကောင်းဆုံး ရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကို သနားနေခြင်းကို စွန့် လွှတ်လိုက်ပါ။
၆။ အပြစ်တွေကို စွန့် လွှတ်လိုက်ပါ။
လူမှန်လျှင် အမှားလုပ်ဖူးပါတယ်။ ကိုယ့်အပြစ်၊ သူ့ အပြစ် တွေကို စွန့် လွှတ်လိုက်ပါ။ သူ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပါ။ ကိုယ်ကိုတိုင်လုပ်ခဲ့ ဖူးတဲ့ အမှားတွေ ကိုလည်း ပြန်ပြီး ၀မ်းနည်းနေရမယ့်အစား ပြန်လည်ပြုပြင်ဖို့ပြင်ဆင်တာ စိတ်ကို ပိုပြီး ပေါ့ပါးစေပါတယ်။
၇။ အဆိုးမြင် ၀ါဒကို စွန့် လွှတ်လိုက်ပါ။
မေတို့ အားလုံးမှာ ရွေးချယ်စရာ ၂ ခုရှိပါတယ်။ အခြေအနေ တစ်ခုရဲ့ ကောင်းတဲ့ ဘက်ကကြည့်ပြီး ကောင်းတဲ့လုပ်ရပ်တွေ အတွက်ကျေးဇူးတင်မလား သို့ မဟုတ် မကောင်းတဲ့အကွက်ကိုရှာပြီး မကောင်းတာကို အတင်းအပြစ်တင်ပြီး ပြဿနာရှာမလား။ ဘယ်ရွေးချယ်မှုကို ရွေးပြီး အားလုံးပျော်ရွှင်စေမလဲဆိုတာ မေတို့ သေချာနားလည်ပါတယ်။ အကောင်းမြင်ဝါဒကို ထားလိုက်ခြင်းက ဘ၀ကို အများကြီး ပြောင်းလဲစေပါတယ်။
၈။ သူများဆီက မျှော်လင့်နေခြင်းကို စွန့် လွှတ်ပါ။
မေ့ဘ၀မှာ ဖြစ်ခဲ့ဖူးတဲ့ စိတ်ညစ်မှုတွေ ပြဿနာတွေရဲ့ အဓိက အကြောင်းရင်းကတော့ သူများဆီက မျှော်လင့်နေခြင်းပါ။ expectation ပေါ။ မေ့ ချစ်သူကို ဒီလို နေဖို့ ဒီလိုပြောဖို့ ဒီလိုလုပ်ပေးဖို၊ အခြေအနေတွေကို ကိုယ်ဖြစ်ချင်သလိုတွေဖြစ်ဖို့ တွေ လိုက်ပြီး ကိုယ်လိုချင်တဲ့အတိုင်း မျှော်လင့်နေသေးသရွေ့ တော့ စိတ်ပျက်မှုတွေ စိတ်အလိုမကျမှုတွေနဲ့ ကြုံနေရဦးမှာပဲ။ ကိုယ်မျှော်လင့်သလို မဖြစ်လာရင် စိတ်ဆင်းရဲနေရမှာပါ။ ဒီတော့အမြဲတမ်း မှတ်ထားသင့်တာ တစ်ခုကတော့ ငါသည်သူမဟုတ်၊ သူသည် ငါမဟုတ်။
၉။ ကိုယ့်ကို မပျော်ရွှင်စေတဲ့ အရာတွေကို စွန့် လွှတ်လိုက်ပါ။
ပျော်ပျော်နေသေခဲပါ။ ဘ၀ခရီးတစ်လျောက် ပျော်ရွှင်အောင် နေနိုင်ဖို့ က ပျော်ရွှင်မှုကို ရွေးချယ်တတ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေကိုလည်း သေသေချာချာ ခွဲခြားပါ စဉ်းစားပါ။ အဲ့အနောက်ကိုလည်း လိုက်ပါ။ negative တွေကို စွန့် လွှတ်လိုက်ပါ။
၁၀။ မနက်ဖြန်နဲ့ မနေ့ ကို စွန့် လွှတ်ပါ။
မနေ့ က စိတ်ဆင်းရဲမှုတွေ မနက်ဖြန်မှာ ကြုံလာရမှာတွေကို တွေးတောနေခြင်းကို စွန့် လွှတ်လိုက်ပါ။ လက်ရှိအခြေအနေ လက်ရှိဘ၀မှာ ကြုံလာသမျှကို လက်ခံပြီး အကောင်းဆုံးနည်းလမ်းနဲ့ ပြန်တုံ့ ပြန်ပါ။ ပျော်ပျော်နေတတ်ခြင်းဟာလည်း ပညာတစ်ခုပါ။
Follow