ခြင်ကိုက်ခံရတဲ့အခါ လုံးဝမလုပ်သင့်တဲ့အချက်
အထူးသဖြင့် နွေရာသီနဲ့မိုးရာသီတွေမှာ ခြင်ကိုက်ခံရတာက ရှောင်လွှဲလို့မရတဲ့အချက် ဖြစ်ပါတယ်။ ဒီတော့ ခြင်ကိုက်မှုကို အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ ဘယ်လိုလုပ်နိုင်သလဲ။
ခြင်ကိုက်ခံရာတွေ မကုတ်ခြစ်ဘဲ အောင့်ထားနိုင်ရင် အချိန်ကြာရှည်ယားယံကျိန်းစပ်မှု ပိုမိုလျှော့နည်းပြီး ပိုမိုလျင်မြန်စွာ ပျောက်ကင်းစေပါလိမ့်မယ်။ ဘာကြောင့်လဲ။ အဓိကအရေးကြီးဆုံးအချက်က ခြင်ကိုက်ခံရပြီဆိုရင် ခြင်က ခန္ဓာကိုယ်မှ မျိုးခြားပစ္စည်းလို့ အသိအမှတ်ပြုလက်ခံထားတဲ့ တံတွေးကို ထားရစ်ခဲ့ပါတယ်။
ဒါ့ကြောင့် တုံ့ပြန်မှုအနေနဲ့ ပြင်ပကနေ ကျူးကျော်ဝင်ရောက်သူကို ခုခံတိုက်ခိုက်ဖို့ ကိုယ်ခံအားစနစ်က ရောဂါကာကွယ်ပေးတဲ့အရာတွေကို ထုတ်ပေးပါတယ်။ ယင်းကျူးကျော်ဝင်ရောက်လာသူမှာ ယားယံမှုနဲ့ ရောင်ရမ်းမှုဖြစ်ပွားစေတဲ့ histamine ဒြပ်ပေါင်း ထုတ်လုပ်မှုကြောင့် ဖြစ်လာတဲ့ရလဒ်ဖြစ်ပါတယ်။ ခြင်ကိုက်ရာကုတ်ခြစ်တဲ့အခါ နောက်ထပ် ကိုယ်ခံအားစနစ်တစ်ခု နိုးကြားစေပြီး ရောဂါကာကွယ်ပေးတဲ့အရာတွေနဲ့ histamine တွေ ပိုမိုထုတ်လုပ်ပေးပါတယ်။ သူတို့ကို ပိုမိုရောင်ရမ်းမှု၊ ယားယံခြင်းနဲ့ နီမြန်းခြင်းတွေ ဖြစ်စေတဲ့အရာတွေလို့လည်း ဆိုနိုင်ပါတယ်။
Credit : Trend Myanmar