ချွေးတွေစိုရွှဲ နေပူထဲမှာ
မမောနိုင်ဘဲ ခေါင်းပေါ်ဗန်းတင်
အကြော်အကြော် တကြော်ကြော်နဲ့
အော်နေရှာတဲ့ ဈေးသည်အမေ..။
ဖိနပ်မပါ မိုးရွာထဲမှာ
လမ်းတကာလျှောက်ကာ ရေစိုမမှု
နာရီကျောခိုင်း လောကဓံကို
အံတုစွာဖြင့် ဗန်းကိုရွက်ခါ
တရွေ့ရွေ့နဲ့ လျှောက်လှမ်းနေတဲ့
ဈေးသည်အမေ...။
နှင်းတွေကျတဲ့ ဆောင်းရာသီမှာ
လူတွေအိပ်ချိန် အမေကတော့
မအေးနိုင်ဘဲ နှင်းတွေကြားထဲ
ဝယ်ကြအုံးမလား အသံလေးဟစ်ကာ
အော်နေရှာတဲ့ ဈေးသည်အမေ...။
<၃၀>မှအစ <၆၀>ဝန်းကျင်
သံသရာတလျောက် ရိုးသားစွာသော
ဈေးသည်ဘဝနဲ့ လမ်းအသွယ်သွယ်
ဘဝခရီး ကြမ်းတမ်းစွာဖြင့်
သားသမီးများအပေါ် စေတနာမေတ္တာ
ကြီးမားစွာဖြင့် ရှာဖွေကျွေးခဲ့ရှာသော
ဈေးသည်အမေ...။
တဖန်ပြန်လည် သားသမီးများသည်
အသက်ရှင်စွာ အမေရှိတုန်း
စားကောင်းဖွယ်ရာ အဖြာဖြာနှင့်
အမေ၏ဆန္ဒ အလှူမှန်သမျှကို
ဖြည့်ဆည်းပေးကာ အမေ၏ဘဝ
အေးမျှစေရန် ဝိပဿနာ
ဘာဝနာကို ကျင့်ကြံပွားများ
အားထုတ်နိုင်ပါစေရန် ဒို့မောင်နှမတွေ
ဝိုင်းဝန်း၍ တိုက်တွန်းကြိုးစားကြပါစို့....။