ခရီးသွားရတာကို ဝါသနာပါပေမဲ့ အစိုးရဝန်ထမ်း ဖြစ်နေတဲ့အခါ အကြောင်းပြချက် နှစ်မျိုးကြောင့် ခရီးသိပ်မထွက်နိုင်ဖူး။ ပထမတစ်ခုက ရုံးအားလပ်ချိန် နောက်တစ်ခုကတော့ ပိုက်ဆံပါ။ တစ်နှစ်လုံး သင်္ကြန်ရုံးပိတ်ရက်လေးမှာမှ တစ်နှစ်ပတ်လုံး စုဆောင်းထားတာလေးနဲ့ ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသတွေကို သွားနိုင် အောင်စီစဉ်ရပါတယ်။
ပြီးခဲ့တဲ့သင်္ကြန်မှာ သွားခဲ့ရတဲ့ ခရီးလေးကိုတော့ အရင်နှစ်တွေမှာသွားဖြစ်ခဲ့တဲ့ ခရီးတွေထက် ပိုပြီး ရင်ထဲကိုထိရှစေတယ်။ မွန်ပြည်နယ် နဲ့ ကရင် ပြည်နယ် ခရီးစဉ်က ကိုယ့်ကို ခုချိန်ထိ တသသ ဖြစ်စေတယ်။ တိမ်လွှာတွေနဲ့ နီးကပ်နေတဲ့ ကျိုက်ထီးရိုးစေတီတော်ရဲ့ ပတ်ဝန်းကျင် တောတောင်သဘာဝ | ကျိုက်က္ခမီရေလယ် ဘုရားရဲ့ ပင်လယ်လှိုင်းပုတ်သံ | စက်စဲကမ်းခြေ မှာ စိတ်လက်ပျော်ရွှင်ပေါ့ပေါ့ပါးပါး ရေကစားချိန်လေးတွေ| ကျောက်ကလပ်စေတီတော် | ကြည့်လိုက်တိုင်း ကျောက်တောင်ကျောက်သား တွေအတိနဲ့ ပတ်ဝန်းကျင် | မှိုင်းညှို့ညှို့ဇွဲကပင် တောင် | သာယာဖွယ်အတိနဲ့ သစ်ခွမျိုးစုံ ချစ်သူမြိုင်ဥယျာဉ် ဒါတွေကကိုယ့်အတွက်တော့ ခုချိန်ထိ လွမ်းဖွယ်အတိပဲ။ မုဒုံကိုဖြတ်တဲ့ လမ်းတစ်လျှောက် ရာဘာတောကြီးတွေ ရောက်ခဲ့တဲ့ဘုရားတွေနဲ့ တည်းခဲ့ရတဲ့နေရာတွေ သူတို့တွေရဲ့ သင်္ကြန်ရိုးရာလေးတွေ သဘောကျ လိုက်ပါဘိ။
နောက်ပြန်ဆုံချင်သေးတယ်သွားခဲ့တဲ့ခရီးစဉ် လေးရယ်