ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံအများစုဟာ ကိုလိုနီခေတ် ဗိသုကာ လက်ရာတွေနဲ့ ပြည့်နှက်နေတယ်နှစ်ပေါင်းရာကျော်သက်တမ်းရှိပြီး သမိုင်းဝင်တဲ့ နေရာဌာတွေဖြစ်ခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံပေါင်းများစွာ ရန်ကုန်မြို့မှာ ရှိနေတာပါ။
ဒီထဲကမှ တချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) ဗိုလ်ချုပ်နေအိမ်ပြတိုက်လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးလုပ်ကြံခံရမယ့်နေ့အထိ နေထိုင်သွားခဲ့တဲ့ ဗဟန်းမြို့နယ်အတွင်းက သူ့နေအိမ်ကို ပြတိုက်အဖြစ် ၁၉၆၂ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပါတယ်။ ကိုလိုနီခေတ် အိမ်တော်တစ်ခုဖြစ်ပြီး လက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည် ကြီးပြင်းခဲ့တဲ့ နေရာလည်းဖြစ်ပါတယ် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင် ၉ ဦး လုပ်ကြံခံခဲ့ရတဲ့ ၀န်ကြီးများရုံးကိုတော့ ၁၉၀၅ ခုနှစ်မှာ တည်ဆောက်မှုအလုံးစုံ ပြီးစီးခဲ့ကာ ထိုခေတ်ကကုန်ကျငွေစုစုပေါင်း ၂ ဒသမ ၅ သန်း ကျပ် ရှိခဲ့ပါတယ်။