သို့သော် ယင်း အဖွဲ့သည် တရားမ၀င်ဟု ဆိုကာ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ မေးမြန်းချက်များကို ဖြေကြားခြင်းမပြုရန် ရခိုင်ပြည်နယ်အစိုးရက ဌာနဆိုင်ရာများအား ညွှန်ကြားခဲ့သည်။
‘‘အဲဒါတွေက မဟုတ်တော့ ဘူး။ ပျက်သွားပြီ။ ဒါက ဥပဒေနဲ့ အညီ ဖွဲ့စည်းထားတာဖြစ်လို့’’ဟု ဦးထွန်းသာစိန်က ပြောသည်။ ယခုအခါ အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ‘မြောက်ဦးပဋိပက္ခစုံစမ်းလေ့လာရေးအဖွဲ့’ ဟု အမည်ပြောင်းကာ ပြန်လည်ဖွဲ့ စည်းထားသည်။ ယင်းအဖွဲ့တွင် ရခိုင်အမျိုး သားပါတီမှ လွှတ်တော်ကိုယ်စား လှယ် ငါးဦး၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီမှ တစ်ဦး၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ တစ်ဦးနှင့် လွှတ်တော် ဥပဒေရေးရာနှင့် အခြားကိစ္စရပ် များဆိုင်ရာအကြံပေးအဖွဲ့ဝင် နှစ် ဦးပါဝင်သည်။ အဆိုပါစုံစမ်းရေးအဖွဲ့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၇ အရ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ် တော်က ထုတ်ပြန်သည့်စာတွင် ဖော်ပြထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၇ ပုဒ်မခွဲ (က)တွင် တိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်သည် ဖွဲ့စည်းပုံအခြေ ခံဥပဒေအရ အပ်နှင်းထားသည့် ဥပဒေပြုရေး၊ တိုင်းရင်းသားလူ မျိုးများအရေးကို လေ့လာတင်ပြ နိုင်စေရေးလိုအပ်လျှင်ကော်မတီနှင့် အဖွဲ့များကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ မြောက်ဦးဖြစ်စဉ်နှင့်ပတ် သက်၍ လွတ်လပ်သော ပြင်ပ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စည်းစစ်ဆေးပေးရန် စစ်တွေမြို့ နယ်လူမှုအဖွဲ့အစည်းများကိုယ် စားပြုကော်မတီနှင့် ပါတီအချို့က ကြေညာချက်ထုတ်ပြန်တောင်း ဆိုထားသည်။