တစ်ခါတုန်းက ... ညလယ်စာအတွက် ချက်ပြုတ်နေတဲ့မိခင်ဆီကို ကလေးငယ်လေးတစ်ယောက်က စာရွက်တစ်ရွက်လာပေးတယ်။
ကောင်လေး စာရွက်ထဲမှာ ရေးထားတာက _
"မြက်ရှင်းခ = ၅၀၀
ကွန်တော့်အခန်းကို ကိုယ်တိုင်ရှင်းခ = ၁၀၀၀
ဈေးဆိုင်မှာ အမေက ကျွန်တော်ကို သွားဝယ်ခိုင်းခ = ၁၀၀၀
အမေဈေးသွားတုန်း ညီလေးကို ထိန်းပေးခ = ၁၅၀၀
အမှိုက်သွန်ပေးခ = ၅၀၀
အမှတ်ကောင်းတဲ့ ရီပို့ကတ်ယူလာပေးခ = ၅၀၀၀
ခြံရှင်းပေးခ = ၁၀၀၀
စုစုပေါင်း = ၁၀၅၀၀"
အမေဖြစ်သူက ဖတ်ကြည့်ပြီး တစ်ချက်ပြုံးလိုက်တယ်။
ပြီးတော့ ကောင်လေးရဲ့စာရွက်မှာ စာတစ်ချို့ပြန်ရေးပေးလိုက်တယ်။
"၉လလောက် မင်းကို အမေ့ဗိုက်ထဲသယ်ထားပေးရတဲ့ အဖိုးအခ = အခမဲ့
မွေးလာပြီး မင်းချုချာလို့ ညတိုင်း မင်းကိုချော့သိပ်ရတဲ့၊ ဆရာဝန်ပြပြီး ပူပန်ရတဲ့ အဖိုးအခ = အခမဲ့
ဒီနှစ်တွေမှာ မင်းဆိုးခဲ့လို့ အမေကျရတဲ့ မျက်ရည်အတွက် အဖိုးအခ = အခမဲ့
ညတိုင်း မင်းတို့ရဲ့ ရှေ့ရေးအတွက်တွေးပူပြီး သောကရောက် အိပ်မရခဲ့တဲ့ အဖိုးအခ = အခမဲ့
အရုပ်တွေ၊ အစားအစာတွေ၊ အဝတ်အစားတွေ၊ မင်းနှပ်ကိုညှစ်ပေးခဲ့ရတဲ့ သေးသေးမွှားမွှားလေးတေကအစ အဖိုးအခ = အခမဲ့
မင်းဒီလိုတောင်းပေမဲ့ အမေ့ရဲ့လျော့မသွားတဲ့ အချစ်ရဲ့ အဖိုးအခ = အခမဲ့"
ကောင်လေးက သူ့အမေရေးထားသမျှ အားလုံးဖတ်လို့အပြီးမှာတော့ မျက်ဝန်းထဲက မျက်ရည်ပေါက်တွေကျလာခဲ့တယ်။
အမေဖြစ်သူကို ပြေးဖက်လိုက်ပြီး _
"သားနောက်ဆို အမေ့ကိုဒီထက်ပိုချစ်ပါ့မယ်အမေ"
လို့ ပြောလိုက်တယ်။
ပြီးတော့ သူ့စာရွက်လေးမှာလည်း သူစာတစ်ကြောင်း ထပ်ဖြည့်လိုက်တယ်။
"အပြည့်အဝ ပေးချေပြီး" ...
ဒီရက်ပိုင်း မိဘကျေးဇူးကို ပိုသိမြင်လာမိလို့ မိဘနဲ့ပက်သက်တဲ့ ပို့စ်လေးတွေပဲ ကျွန်မရဲ့ steemit အကောင့်မှာ အမှတ်တရ သိမ်းဆည်းထားချင်စိတ်လေးပေါက်နေတာကို သည်းခံပေးကြပါကုန် 😃😃
အစားထိုးမရတဲ့မိဘမေတ္တာ မိဘကျေးဇူးတွေကို ဒီထက်မကသိတတ်ပြီး
လိမ္မာထက်မြက်တဲ့ သားသမီးများ ဖြစ်နိုင်ကြပါစေ ဆုတောင်းပေးရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu