ဂုတ်ထိပ်သို့အလည်တစ်ခေါက်
ကျွန်မကတော့ ဝန်ထမ်းတယောက်ပါ မအားလပ်ပေမဲ့လည်း ခရီးထွက်ရတာကိုဝါသနာပါသူပါ။ပိတ်ရက်ရှည်လေးရလိုက်တာနဲ့ ဘယ်ကို သွားရမလဲ စဉ်းစားမိသူပါ။ ခုလည်း မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက် ၁၀ရက်ရမယ်ဆိုတော့ ပူပြင်းလှတဲ့ရန်ကုန်နွေရာသီကို အကြောင်းပြချက်ရှာပြီး အေးချမ်းလှတဲ့ ရှမ်းပြည် ဒေသ ဘက်ကို ခရီးထွက်ချင်ခဲ့မိတယ်။သူငယ်ချင်းကလည်း ပြင်ဦးလွင်မှာ နေတာဆိုတော့ ပိုအဆင်ပြေသွားတာပေါ့ အတူတူသွားဖို့လည်း သူငယ်ချင်းက နှစ်ခါခေါ်စရာမလို အဲလိုနဲ့ ပိတ်ရက်လေးမှာ ပြင်ဦးလွင်သို့သွားဖြစ်ခဲ့တယ်။
credit source
ပြင်ဦးလွင်ကတော့ ခနခနရောက်နေတော့ အဲကနေ မရောက်ဖူးသေးတဲ့ ဂုတ်ထိပ်တံတားတို့ လားရှိုး မူဆယ်ထိပါ ခရီးဆက်ချင်ခဲ့မိတယ် ဒီခရီးစဉ်လေးမှာ မူဆယ်ထိတော့်မရောက်ခဲ့ဘူး နယ်မြေအခြေအနေကြောင့်လည်းဆက်မသွားဖြစ်ခဲ့ဘူး
ပြင်ဦးလွင်ကနေ မနက်ရထားနဲ့ လားရှိုးသို့ ခရီးဆက်ခဲ့တယ်
ဘူတာရောက်တာနဲ့ ကလေးတွေက ရေပြွတ်သေနတ်လေးတွေရေဆော့နေကြတယ် foreinger တွေကလည်း အများကြီး သူတို့ကတော့ သီပေါ ကိုသွားမယ်လို့ထင်မိခဲ့တယ် အဲလိုနဲ့ရထားကြီးလည်းစထွက်လယ်ကွက်လေးတွေ စိုက်ခင်းလေးတွေကြည့်ရင်း လားရှိုးသို့ စတင် ထွက်ခွာလာခဲ့တယ်
တစ်ဘူတာပြီးတစ်ဘူးတာ ဖြတ်လာပြီး နောငိပိန်တို့ နောင်ချိုတို့လို့ ဘူတာတွေမှာပေါ့ ကလေးတွေက ရေကစားဖို့ ရထားကြီးကိုစောင့်မျှော်နေကြတယ် ကျွန်မတို့လိုခရီးသွားတွေကလည်း လားရှိုးကို ညဘက်မှာရောက်မှာဆိုတော့ ရေကအစိုမခံချင်
သူတို့ကလည်းရေပတ်ချင် ဘူတာရောက်တာနဲ့တံခါးတွေပိတ်ကြ သူတို့လေးတွေကလည်း တံခါးပိတ်လည်းလှမ်းပတ် အဲဒါနဲ့ ကျွန်မတို့ သူငယ်ချင်းတစု ကလေးတွေကိုသနားမိသွားတယ် အဲဒါနဲ့ ဘူတာဆိုက်တိုင်း ကလေးတွေဆို အပတ်ခံလိုက်တယ် သူတို့ရေကလည်းမများတော့ ရေများရင်တော့ ရထားတစ်တွဲလုံးရဲ့တာဝန်က အသီးသီးတံခါးတွေ ပိတ်ကြ ပိတ်ရင်းနဲ့လည်း တံခါးကကြပ်နေရင် ရေပတ်ခံရ ပျော်စရာကောင်းတဲ့ အတွေ့အကြုံသစ်လေးတွေပေါ့ ဂုတ်ထိပ်ရောက်တော့ လည်းတခါမှမမြင်ဖူးဘူးတဲ့ ရှုခင်းနဲ့တံတားကြီးရဲအလှ တံတားပေါ်က ဖြတ်တော့လည်း ရင်တထိပ်ထိပ်နဲ့ ပျော်ဖို့လည်းကောင်း ကြောက်လည်းကြောက်တဲ့ အတွေ့အကြုံ သစ်လေးကို ခံစားခဲ့ရတယ် ခန်းနားထည်ဝါလှတဲ့ဒီတံတားကြီးကို ဗြိတိသျှ လက်ထက်က မြန်မာ ဗြိတိသျှ အင်ဂျင်နီယာများဆောက်လုပ်ခဲ့ကြတယ်
တံတားကြီးကို ဖြတ်ပြီး တောင် နံရံကို ဖောက်လုပ်ပြီး ဆောက်ထားတဲ့ရထားလမ်းကလည်း ည အမှောင်အတိကိုရောက်သွားသလို ပါပဲ အဲအချိန်မှာ ရထားကမီးတွေဖွင့်ပေးထားလို့ပေါ့ မဖွင့်ထားရင်ဖြင့် 😁😁😁အဲလိုနဲ့ ဂုတ်ထိပ်ခရီးစဉ်လေးပြီးဆုံးပြီး ဂုတ်ထိပ်မှသည် လားရှိုးသို့ ခရီးဆက်သွားခဲ့ပါတယ်