Hello all my friends...
I already wrote about buying WOO Token, but I will continue. Because I think it's a solid project in good condition. Hive Platform's marketplace is well established, including NFTs, which have been popular on the tip of most people's lips.
Not sure because the price of WOO token has gone up, but I saw that WOO SATURN price went up to 13$ and WOORAVEN went to 10$. Why do I see it? I tried to buy WOOSATURN after selling all the tokens I could. But Hive is not full, so I can't even buy WOOALPHA.
But I haven't given up yet. If I get the amount of Hive I need, I'll buy a WOOSATURN or WOOORAVEN.
If you say you are in business, you want to make a profit, right... What do you do if you lose... But sometimes there is a loss... After facing a loss, you can make a profit. ... often rises and falls... I don't encourage you because you can't buy a lot of WOO Tokens. But I don't think it's wrong to buy as much as I have. I believe it will be profitable.
With all due respect -
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
ကျွန်တော့်အနေနဲ့ WOO Token နဲ့ပတ်သက်တာတွေကို ဝယ်ယူထားခဲ့ကြောင်း ရေးတင်ခဲ့ပြီးဖြစ်သော်လည်း ဆက်လက်ရေးတင်ရပါအုံးမည်... ဘာ့ကြောင့်လဲဆိုတော့ အခြေအနေကောင်းတယ်လို့ ယူဆမိသလို ခိုင်မာတဲ့ Project တစ်ခုဖြစ်တယ်လို့မြင်မိလို့ပါပဲ... လူအများစုပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့ပြီးဖြစ်တဲ့ NFT တွေလည်း ပါဝင်နေတဲ့အပြင် Hive Platform ရဲ့ ဈေးကွက်မှာလည်း ထိုက်သင့်သလောက် နေရာရပြီးဖြစ်နေလို့ပါပဲ....
WOO Token ဈေးတက်မတက်တော့ သေချာမသိလိုက်ပေမယ့် WOO SATURN ဈေး 13$ ထိတက်သွားပြီးတော့ WOORAVEN က 10$ ရောက်သွားတာကို တွေ့လိုက်ရပါတယ်... ဘာလို့တွေ့လိုက်ရသလဲဆိုတော့ကာ ရောင်းလို့ရသမျှ Token တွေကို ရောင်းပြီးတော့ WOOSATURN ဝယ်မလို့ကြိုးစားလို့ပါပဲ... ဒါပေမယ့် Hive က မပြည့်လာတော့ WOOALPHA ကိုတောင် ဝယ်လို့မရလိုက်ပါဘူး...
ဒါပေမယ့်လည်း ကျွန်တော်ကတော့ လက်မလျော့သေးပါဘူး... လိုအပ်တဲ့ Hive ပြည့်မီတာနဲ့ WOOSATURN ပဲဖြစ်ဖြစ် WOORAVEN ပဲဖြစ်ဖြစ် ရအောင် ဝယ်အုံးမှာပါ... မိတ်ဆွေတို့ကိုလည်း အကြံပြုရတာ အကြိမ်ကြိမ်ဆိုတော့ မပြောလိုတော့ပါဘူး... ကိုယ်က ရှေ့ဖြစ်ဟောနိုင်တဲ့ ဆရာတစ်ယောက်လည်းမဟုတ်တော့ ထင်ကြေးနဲ့ပဲ ပြောနေရတာလေ... ရှိသမျှအောင်မြင်နိုင်တယ်လို့တော့ အတတ်မပြောနိုင်ပေမယ့် WOO Project ကတော့ မဆိုးဘူး... အရင်းမရှုံးနိုင်ဘူးရယ်လို့ တွက်ဆမိလို့ တိုက်တွန်းနေခြင်းသာဖြစ်ပါတယ်...
စီးပွားရေးလုပ်ကြတယ်လို့ဆိုရာမှာ မြတ်ချင်လို့လုပ်ကြတာပဲမဟုတ်လား... ရှုံးမယ်ဆိုရင် ဘယ်လုပ်ကြပါ့မလဲ... သို့ပေမယ့်လည်း တခါတရံမှာ အရှုံးရှိတာပါပဲ... အရှုံးကို ရင်ဆိုင်ပြီးရင် အမြတ်ရှိလာနိုင်ပါတယ်... အတက်ဆိုတာ ပြီးရင် အဆင်းဆိုတာရှိရစမြဲပေါ့လေ... WOO Token အများကြီးမဝယ်နိုင်လို့ အားမရပေမယ့် ရှိတာလေးနဲ့ ရသလောက်ဝယ်ထားမိတာ မှားတယ်လို့မယူဆသလို အကျိုးအမြတ်ရှိမယ်လို့လည်း ယုံကြည်ပါတယ်...
အားလုံးကို လေးစားလျှက် -