အချစ်နဲ့အသည်း အမြစ်နဲ့သရွက်ရက်လောက်
ဆားပေါက်အောင်ချစ်ရသူလို့ပြောရင်တစ်ကမ္ဘာ
ကုန်မယ်မထင်ပါဘူးလေ စိတ်ထဲမတော့ အဆင်ပြေ
လောက်အောင် ကြိတ်မှိတ်နေရပေမဲ့လည်း လက်တွေ့
အပြင်မယ်စိတ်ဒဏ်ရာတွေကိုဆက်တိုက်ပေးနေလေ
တော့ ဘယ်တတ်နိုင်မှာလဲ ကိုယ်လဲလေလောကီသား
ပေမို့ဒေါသတရားတွေကမကင်းနိုင်သေးပါဘူးလေ
အဆိုးဆုံးကိုခံနိုင်ရည်ရှိလောက်အောင်ထိန်းသိမ်း
စောင့်ရှောက်ထားပေမဲ့လည်းသူ့ကဲ့သို့ကိုယ့်အပေါ်မှာ
ထားတဲ့အချစ်တွေကမတည်ကြည်လေတော့ဒေါသ
အိုးကြီးပေါက်ကွဲရတော့တာပေါ့ အချစ်ဆိုတာကိုဘယ်
လိုသတ်ပုံဖော်ပြီးပြသနိုင်မှာလဲဆိုတာ သူသိအောင်
မေးလိုက်ချင်ပေရဲ့ မေးလို့မှမတတ်နိုင်ဖြစ်ခဲ့ရပီတကား
အဆိုးဆုံးပါလို့ခံယူထားတဲ့မိမိရဲ့ဘဝမှာ သူ့ကြောင့်ကြေ
ကွဲစွာ ဘဝပျက်ခဲ့ရသည်ကိုတော့ သူသိမယ်မထင်ပေ
သူကိုယ်တိုင်လည်း မိမိကြောင့်ပင်ဘဝနစ်မွန်းရသည်
မှန်ပေ၏ထို့ကြောင့်လည်းနှစ်ဦးနှစ်ဖက်သားအဆင်
ပြေစေဖို့ရန်မိမိအနေဖြင့်မည်ကဲ့သို့ပြုလုပ်ရမည်ကိုပင်
မစဉ်းစားတတ်အောင်ပင်ရှိလှပေတော့သည်။သူမှသာ
လျှင်မိမိကိုယ်ပျက်ဆီးစေသည်မဟုတ်သေးပါ မိမိသည်
လည်းသူ့ကိုဖျက်ဆီးလိုက ဖျက်ဆီးနိုင်သည်ကိုသူမသိ
လေရော့သလား မိမိသာလျှင် မိမိအသိနဲ့သတိကိုထိန်း
ကာသူ့ကိုမပစ်ပယ်မခွာရက်ခဲ့ပါပေ ထိုသည်ကိုထောက်
ထားကာ သူသာလျှင်သိဖို့ကောင်းလှပေတော့၏ဟု
တစ်ကိုယ်ထီးတွေးမိလေတော့သည်တကား....။
ေမွ်ာ္လင့္ခ်က္မ်ား ေသးသိမ္သြားျခင္း
အခ်စ္နဲ႕အသည္း အျမစ္နဲ႕သ႐ြက္ရက္ေလာက္
ဆားေပါက္ေအာင္ခ်စ္ရသူလို႔ေျပာရင္တစ္ကမာၻ
ကုန္မယ္မထင္ပါဘူးေလ စိတ္ထဲမေတာ့ အဆင္ေျပ
ေလာက္ေအာင္ ႀကိတ္မွိတ္ေနရေပမဲ့လည္း လက္ေတြ႕
အျပင္မယ္စိတ္ဒဏ္ရာေတြကိုဆက္တိုက္ေပးေနေလ
ေတာ့ ဘယ္တတ္နိုင္မွာလဲ ကိုယ္လဲေလေလာကီသား
ေပမို႔ေဒါသတရားေတြကမကင္းနိုင္ေသးပါဘူးေလ
အဆိုးဆုံးကိုခံနိုင္ရည္ရွိေလာက္ေအာင္ထိန္းသိမ္း
ေစာင့္ေရွာက္ထားေပမဲ့လည္းသူ႕ကဲ့သို႔ကိုယ့္အေပၚမွာ
ထားတဲ့အခ်စ္ေတြကမတည္ၾကည္ေလေတာ့ေဒါသ
အိုးႀကီးေပါက္ကြဲရေတာ့တာေပါ့ အခ်စ္ဆိုတာကိုဘယ္
လိုသတ္ပုံေဖာ္ၿပီးျပသနိုင္မွာလဲဆိုတာ သူသိေအာင္
ေမးလိုက္ခ်င္ေပရဲ႕ ေမးလို႔မွမတတ္နိုင္ျဖစ္ခဲ့ရပီတကား
အဆိုးဆုံးပါလို႔ခံယူထားတဲ့မိမိရဲ႕ဘဝမွာ သူ႕ေၾကာင့္ေၾက
ကြဲစြာ ဘဝပ်က္ခဲ့ရသည္ကိုေတာ့ သူသိမယ္မထင္ေပ
သူကိုယ္တိုင္လည္း မိမိေၾကာင့္ပင္ဘဝနစ္မြန္းရသည္
မွန္ေပ၏ထို႔ေၾကာင့္လည္းႏွစ္ဦးႏွစ္ဖက္သားအဆင္
ေျပေစဖို႔ရန္မိမိအေနျဖင့္မည္ကဲ့သို႔ျပဳလုပ္ရမည္ကိုပင္
မစဥ္းစားတတ္ေအာင္ပင္ရွိလွေပေတာ့သည္။သူမွသာ
လွ်င္မိမိကိုယ္ပ်က္ဆီးေစသည္မဟုတ္ေသးပါ မိမိသည္
လည္းသူ႕ကိုဖ်က္ဆီးလိုက ဖ်က္ဆီးနိုင္သည္ကိုသူမသိ
ေလေရာ့သလား မိမိသာလွ်င္ မိမိအသိနဲ႕သတိကိုထိန္း
ကာသူ႕ကိုမပစ္ပယ္မခြာရက္ခဲ့ပါေပ ထိုသည္ကိုေထာက္
ထားကာ သူသာလွ်င္သိဖို႔ေကာင္းလွေပေတာ့၏ဟု
တစ္ကိုယ္ထီးေတြးမိေလေတာ့သည္တကား....။
Image by google.com