လူသားဆန် စေချင်
ဒီနေ့ ဈေးဝယ်နေ့ကျ ဆိုင်က အကိုကြီးတို့ လင်မယားနဲ့ စ
ကားနဲနဲပြောဖြစ်တယ်။ အကိုကြီး မိန်းမ ကတစ်ရက် က
ချော်လဲထားတာအခန့် မသင့်တော့ လက်သန်းလေး တစ်
ချောင်းကျိုး သွားတယ်။ မိန်းမ ဖြစ်တာရယ် လူလတ်ပိုင်း
အရွယ် ဆိုတော့ နဲနဲတော့ကြာ နေတာ ဖြစ်မယ်။မနက်က
ဈေးဝယ် ရင်း ဆုံတော့ မေးဖြစ်တာပေါ့ အမကြီး လက်က
သက်သာရဲ့ လား လို့ သက်သာပါတယ်တဲ့ ဒါပေမဲ့ လက်က
ကောက်နေမလား မသိဘူး တဲ့ သူကစိတ်ပူစွာပြော ပြ ရှာ
တယ်။ ကိုယ်ကလဲ ကိုယ့် အတွေ့ကြုံ နဲ့ ယှဉ်ပြီး အားပေးစ
ကားပြောရတော့တာပေါ့။ မပူ နဲ့ အမကြီး ကျွန်တော့် လက်ညိုးလေး ကြည့် လို့ အစကတော့ ကွေး နေခဲ့ တာလို့
နောက် လေ့ကျင့် ခန်းလေး လုပ်ပေး တော့ ပျောက် သွား
တယ် ခုမြင် တဲ့ အတိုင်းဘဲလို့ ကျွန်တော့် လက်ညိုး လေး
ကိုပြ ရင်းပြောပြလိုက်တယ်။
အဓိက ကတော့ စိတ် မပူစေချင်တာပါ ။ယောက်ျား ဖြစ်
စေ မိန်း မဖြစ်စေ သိမ် ငယ်နေချိန် ဆို စိုးရိမ် တတ်ကြပါ
တယ်။ အဲ့မှာ အကိုကြီးက ဝင်ပြောတယ်။ ငါညီလေးရေ
အကို တို့ရွာက တစ်ယောက်က တော့ လှေကျိုးရင်း ပိတာ
ဆီးပုံး ထိပီးတော့ ဆီး သွားမရတော့ ဆီးပိုက် ထုတ်ထား
ရတာ တဲ့ ဘယ်သွားသွား ဒါကြီးက ယူသွားနေရတော့ အ
ဆင်တော့ပြေ မနေဘူးပေါ့တဲ့ နောက် သူ့ဖာသာ တောထဲ
မှာ အဆိပ်သောက်သေ သွားရှာတယ်တဲ့။ စိတ်မကောင်း
မိခဲ့ပါဘူး။ အဲ့အကိုကြီး ကဆက်ပြောတယ် ငါ့ညီရေ တဲ့
လူ ဆိုတာလဲ အခက်သား ကွ တဲ့ အားပေးတယ် ဆိုတာ
တော် သေးတယ် တဲ့ အဲ့ လို လူ ထက် မင်း ဒီ တိုင်းကြီးနေ
နေရတာ သေတာမှ ကောင်းဦးမယ် ဆို တဲ့ လူက ခပ်များ
များ တဲ့။
အဲ့ဒီမှာ ကျွန်တော် တစ်ခုတွေးမိ တယ် လူဆိုတာ လူပီသ
ဖို့လိုတယ်။ သူများ တစ်ဖက်သား ဘဝကိုမြှင့်တင်မ ပေး
နိုင် ရင်တောင် အားမပေးချင်ခဲ့ ရင် တောင် စိတ်အားငယ်
နေသူ ဆို ပိုစိတ် ဓါတ်ကျ မသွားအောင် လုပ်သင့်တယ် လို့
မြင် မိတယ်။လူပီသ ဖို့ ဆိုတဲ့ နေရာ မှာ အရာရာ တော်နေ
တတ်နေမှ မဟုတ်ဘဲ အနဲငယ်သော အားပေးစကားပြော
တတ်ယုံ နဲ့ လဲ လူပီသနိုင်ပါ့လား လို့ ကျွန်တော် နားလည်
သွားခဲ့တယ် ။တကယ်တော့ လူတိုင်း ကကိုယ်ဖြစ်မှ ကိုယ်
ချင်းစာတတ်သူများပြီး တစ်ဖက်လူရဲ့ ခံစားချက်ကို ပျက် ရယ်ပြု တတ် တဲ့ သူကပို များ ပါတယ်။မိမိကိုယ် ကိုယ်
ကောင်းအောင်ကြိုးစားမည် လို့ စိတ် နှလုံးလေး သွင်းပြီး
လူသား တစ်ယောက်ချင်းဆီတိုင်း ကို လူပီသစေ ချင်မိ
တယ်ဗျာ။
27.11.21
6:15pm
Time Zone 6:30+