ရုက္ခဗေဒအလိုအားဖြင့် ထန်းပင်များသည် 'ပါလမေစီအီး' သို့မဟုတ် 'ပါမီ' မျိုးရင်းတွင်ပါဝင်သည်။ ထိုမျိုးရင်း၌ အုန်းပင်၊ ထန်းပင်၊ ကွမ်းသီးပင်၊ ဓနိပင်၊ ပေပင်၊ စလူပင်၊ စွန်ပလွံပင်၊ ဆတ်သွားဖူးပင်မှစ၍ အပင်မျိုးပေါင်း ၁၅ဝဝ ကျော်မျှရှိသည်။ ယင်းတို့သည် ထန်းပင်နှင့် မျိုးချင်းနီးစပ်သော ထန်းမျိုးများဖြစ်၍၊ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ ဇာတိပင်မျိုးဖြစ်သည်။ ယင်းတို့ကို အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများ၌ တွေ့ကြရ၏။ သမပိုင်းဇုန်များ၌ ပေါက်ရောက်သော ထန်းမျိုးလည်း ရှိသေးသည်။ ထန်းမျိုးတို့သည် မိုးများသော အပူပိုင်းဒေသများ၌ အဖြစ်ထွန်းဆုံး ဖြစ်၏။ သို့သော် စွန်ပလွံပင်ကဲ့သို့သော ထန်းမျိုးသည် အလွန်ခြောက်သွေ့သော သဲကန္တာရများ၌သာ ပေါက်ရောက်ကြသည်။ အများအားဖြင့် ထန်းနှင်း ထန်းမျိုးဝင်အပင်များသည် ပင်စည် ရှည်မျောမျောရှိ၏။ အပင်၏အမြင့်မှာ ပေ ၁ဝဝ သော်၎င်း၊ ထိုမျှမကလည်း ရှိနိုင်သည်။ အကိုင်းအခက်အလက်များ ဖြာထွက်ခြင်းမရှိဘဲ၊ အပင်ထိပ်၌သာ အကိုင်းအရွက်များ စု၍ ထွက်တတ်၏။ ကြွေကျသွားသော အရွက်များ၏အရင်း၌ စက် ဝိုင်းကဲ့သို့ အရာထင်ကျန်ခဲ့၏။ ထန်းမျိုးသည် အပွင့်ပွင့်၏။ အပွင့်တို့သည် အဖိုပွင့်၊ အမပွင့်ဟူ၍ရှိ၏။ ထန်းမျိုးဝင် အပင်တို့၏အရွက်သည် အဓိကအားဖြင့် ၂ မျိုး ရှိသည်။ တစ်မျိုးမှာ ယပ်တောင်ပုံဖြစ်၍ ကျန်တစ်မျိုးမှာ ငှက် မွေးပုံဖြစ်၏။ အုန်းပင်၊ ကွမ်းသီးပင်၊ စွန်ပလွန်ပင်များ၏ အရွက်များသည် ငှက်မွေးပုံဖြစ်၏။ ထန်းပင်၊ ပေပင်တို့၏ အရွက်မှာ ယပ်တောင်ပုံဖြစ်သည်။ ထန်းမျိုး၏ အသီး၊ ပင်စည်နှင့် အရွက်တို့သည် လူတို့အဖို့ အလွန်အသုံးဝင်သော ပစ္စည်းများဖြစ်ကြသည်။ ထန်းမျိုးပေါက် ရောက်ရာဒေသရှိ လူတို့သည် စားစရာ၊ နေစရာ၊ ဝတ်စရာတို့ အတွက် ထန်းပင်ကို လုံးဝမှီခိုကြရသည်။ ထန်းမျိုးများအနက် ထန်းလျက်၊ ထန်းရည်များရရှိသော ထန်းပင်များမှာ ထင်ရှားပေသည်။ ယင်းတို့ကို မြန်မာနိုင်ငံ အရပ်ရပ်၌ တွေ့ကြရ၏။ အချို့အရပ်ဒေသများ၌ အလေ့ကျပင်ပေါက်သည်။ တနင်္သာရီကမ်းရိုး တန်းသစ်တောများ၌ အရိုင်းပေါက်နေသော ထန်းပင်များကို တွေ့နိုင်သည်။ ထိုထန်း၏ ရုက္ခဗေဒအမည်မှာ 'ဗိုရက်စပ် ဖလက်ဗဲလီဖား' ဖြစ်၏။ ပင်စည်သည် ဖြောင့်တန်း၍ မြင့်မားသည်။ အရွက်သည် ယပ်တောင်ပုံရှိ၏။ သာမန်အားဖြင့် အမြင့် ပေ ၄ဝ မှ ပေ ၆ဝ အထိရှိ၏။
ရန်ကုန်တိုင်းအတွင်းရှိ ထန်းတော
သို့သော် အချို့အပင်များသည် ပင်စည်အချင်း ၂ ပေ၊ အမြင့်ပေ ၁ဝဝ အထိပင် ရှိကြသည်။ ပင်စည်၌ အရွက်ဟောင်းများ ကြွေကျသွားရာမှ ထင်ကျန်ခဲ့သော အရစ်များရှိ၏။ အပင်ရင်း၌ အမြစ်များ ပေါ်နေတတ်သည်။ အရွက်အချင်းမှာ ၁ဝ ပေအထိပင် ရှိသည်။ ထန်းပင်များ၌ အဖိုပင်၊ အမပင်ဟူ၍ရှိ၏။ အပွင့်များ ပွင့်သည့်အခါ အပွင့်တို့သည် အရွက်များဖြင့် ဖုံးအုပ်နေတတ်၏။ အဖိုပွင့်သည် အမပွင့်ထက် အပွင့်ငယ်ပြီးလျှင် ပွင့်ခံရွက်များဖြင့် ဖုံးလျက်ရှိ၏။ ပွင့်ခံရွက်များသည် အကိုင်းများကြား၌ ဝင်နေတတ်၏။ အမပွင့်များမှ ပန်းများပွင့်သည်။ မတ်လ၊ ဧပြီ လများ၌ ထန်းပွင့်များ ပွင့်လေ့ရှိသည်။ ဒီဇင်ဘာလတွင်လည်း တစ်ဖန်ပွင့်ကြသေးသည်။ ထန်းသီးသည် အရွက်၏ အရင်း၌ကပ်၍ အခိုင်လိုက် တွဲလျက်သီးသည်။ ထန်းသီးတစ်လုံး၌ အထဲတွင် အသီးမြွာ (၃) မြွာပါရှိ၏။ ထန်းသားသည် အတွင်းသား ပျော့သော်လည်း၊ အပြင်သားမှာ မာကျော၏။ ထန်းသားကို တိုင်၊ ရေတံလျှောက်၊ လှေစသည်များ ပြုလုပ်ရာ၌ သုံးကြသည်။ ရေထိလျှင် ပို၍ခိုင်ခံ့သော သစ်သားမျိုးဖြစ်သည်။ ထန်းရွက်များကို ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ်များပြုလုပ်ကြ၏။ အိမ်မိုးရာ၌လည်းသုံးသည်။ ရွက်လယ်ကြောများနှင့် ထန်းပင်မှရရှိသော အမျှင်များကို ဝက်မှင်ဘီးနှင့် ကြိုး ပြုလုပ်ကြသည်။
သည်။ ထိုမျိုးရင်း၌ အုန်းပင်၊ ထန်းပင်၊ ကွမ်းသီးပင်၊ ဓနိပင်၊ ပေပင်၊ စလူပင်၊ စွန်ပလွံပင်၊ ဆတ်သွားဖူးပင်မှစ၍ အပင်မျိုးပေါင်း ၁၅ဝဝ ကျော်မျှရှိသည်။ ယင်းတို့သည် ထန်းပင်နှင့် မျိုးချင်းနီးစပ်သော ထန်းမျိုးများဖြစ်၍၊ အပူပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသ ဇာတိပင်မျိုးဖြစ်သည်။ ယင်းတို့ကို အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများ၌ တွေ့ကြရ၏။ သမပိုင်းဇုန်များ၌ ပေါက်ရောက်သော ထန်းမျိုးလည်း ရှိသေးသည်။ ထန်းမျိုးတို့သည် မိုးများသော အပူပိုင်းဒေသများ၌ အဖြစ်ထွန်းဆုံး ဖြစ်၏။ သို့သော် စွန်ပလွံပင်ကဲ့သို့သော ထန်းမျိုးသည် အလွန်ခြောက်သွေ့သော သဲကန္တာရများ၌သာ ပေါက်ရောက်ကြသည်။ အများအားဖြင့် ထန်းနှင်း ထန်းမျိုးဝင်အပင်များသည် ပင်စည် ရှည်မျောမျောရှိ၏။ အပင်၏အမြင့်မှာ ပေ ၁ဝဝ သော်၎င်း၊ ထိုမျှမကလည်း ရှိနိုင်သည်။ အကိုင်းအခက်အလက်များ ဖြာထွက်ခြင်းမရှိဘဲ၊ အပင်ထိပ်၌သာ အကိုင်းအရွက်များ စု၍ ထွက်တတ်၏။ ကြွေကျသွားသော အရွက်များ၏အရင်း၌ စက် ဝိုင်းကဲ့သို့ အရာထင်ကျန်ခဲ့၏။ ထန်းမျိုးသည် အပွင့်ပွင့်၏။ အပွင့်တို့သည် အဖိုပွင့်၊ အမပွင့်ဟူ၍ရှိ၏။ ထန်းမျိုးဝင် အပင်တို့၏အရွက်သည် အဓိကအားဖြင့် ၂ မျိုး ရှိသည်။ တစ်မျိုးမှာ ယပ်တောင်ပုံဖြစ်၍ ကျန်တစ်မျိုးမှာ ငှက် မွေးပုံဖြစ်၏။ အုန်းပင်၊ ကွမ်းသီးပင်၊ စွန်ပလွန်ပင်များ၏ အရွက်များသည် ငှက်မွေးပုံဖြစ်၏။ ထန်းပင်၊ ပေပင်တို့၏ အရွက်မှာ ယပ်တောင်ပုံဖြစ်သည်။ ထန်းမျိုး၏ အသီး၊ ပင်စည်နှင့် အရွက်တို့သည် လူတို့အဖို့ အလွန်အသုံးဝင်သော ပစ္စည်းများဖြစ်ကြသည်။ ထန်းမျိုးပေါက် ရောက်ရာဒေသရှိ လူတို့သည် စားစရာ၊ နေစရာ၊ ဝတ်စရာတို့ အတွက် ထန်းပင်ကို လုံးဝမှီခိုကြရသည်။ ထန်းမျိုးများအနက် ထန်းလျက်၊ ထန်းရည်များရရှိသော ထန်းပင်များမှာ ထင်ရှားပေသည်။ ယင်းတို့ကို မြန်မာနိုင်ငံ အရပ်ရပ်၌ တွေ့ကြရ၏။ အချို့အရပ်ဒေသများ၌ အလေ့ကျပင်ပေါက်သည်။ တနင်္သာရီကမ်းရိုး တန်းသစ်တောများ၌ အရိုင်းပေါက်နေသော ထန်းပင်များကို တွေ့နိုင်သည်။ ထိုထန်း၏ ရုက္ခဗေဒအမည်မှာ 'ဗိုရက်စပ် ဖလက်ဗဲလီဖား' ဖြစ်၏။ ပင်စည်သည် ဖြောင့်တန်း၍ မြင့်မားသည်။ အရွက်သည် ယပ်တောင်ပုံရှိ၏။ သာမန်အားဖြင့် အမြင့် ပေ ၄ဝ မှ ပေ ၆ဝ အထိရှိ၏။
ရန်ကုန်တိုင်းအတွင်းရှိ ထန်းတော
သို့သော် အချို့အပင်များသည် ပင်စည်အချင်း ၂ ပေ၊ အမြင့်ပေ ၁ဝဝ အထိပင် ရှိကြသည်။ ပင်စည်၌ အရွက်ဟောင်းများ ကြွေကျသွားရာမှ ထင်ကျန်ခဲ့သော အရစ်များရှိ၏။ အပင်ရင်း၌ အမြစ်များ ပေါ်နေတတ်သည်။ အရွက်အချင်းမှာ ၁ဝ ပေအထိပင် ရှိသည်။ ထန်းပင်များ၌ အဖိုပင်၊ အမပင်ဟူ၍ရှိ၏။ အပွင့်များ ပွင့်သည့်အခါ အပွင့်တို့သည် အရွက်များဖြင့် ဖုံးအုပ်နေတတ်၏။ အဖိုပွင့်သည် အမပွင့်ထက် အပွင့်ငယ်ပြီးလျှင် ပွင့်ခံရွက်များဖြင့် ဖုံးလျက်ရှိ၏။ ပွင့်ခံရွက်များသည် အကိုင်းများကြား၌ ဝင်နေတတ်၏။ အမပွင့်များမှ ပန်းများပွင့်သည်။ မတ်လ၊ ဧပြီ လများ၌ ထန်းပွင့်များ ပွင့်လေ့ရှိသည်။ ဒီဇင်ဘာလတွင်လည်း တစ်ဖန်ပွင့်ကြသေးသည်။ ထန်းသီးသည် အရွက်၏ အရင်း၌ကပ်၍ အခိုင်လိုက် တွဲလျက်သီးသည်။ ထန်းသီးတစ်လုံး၌ အထဲတွင် အသီးမြွာ (၃) မြွာပါရှိ၏။ ထန်းသားသည် အတွင်းသား ပျော့သော်လည်း၊ အပြင်သားမှာ မာကျော၏။ ထန်းသားကို တိုင်၊ ရေတံလျှောက်၊ လှေစသည်များ ပြုလုပ်ရာ၌ သုံးကြသည်။ ရေထိလျှင် ပို၍ခိုင်ခံ့သော သစ်သားမျိုးဖြစ်သည်။ ထန်းရွက်များကို ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ်များပြုလုပ်ကြ၏။ အိမ်မိုးရာ၌လည်းသုံးသည်။ ရွက်လယ်ကြောများနှင့် ထန်းပင်မှရရှိသော အမျှင်များကို ဝက်မှင်ဘီးနှင့် ကြိုး ပြုလုပ်ကြသည်။
ထန်းရည် ပြင်ဆင်
ထန်းပင်မှ ထန်းရည်ကို ရရှိ၏။ ထန်းရည်၌ အချို အခါး ဟူ၍ ၂ မျိုးရှိသည်။ အချိုထန်းရည်ကို သောက်လျှင် သကြားရည်ကဲ့သို့ချို၏။ သို့သော် ရင်ခံတတ်သည်။ အခါးရည်ကိုသောက်လျှင် အရသာခါး၍ အရက်ကဲ့သို့ မူးယစ်စေသည်။ အချိုရည်သည် ကဇော် မပေါက်မီ ဆက်ကရင်း သကြားပါသော အရည်တစ်မျိုးပင်ဖြစ်၏။ ယင်းကို နေမွန်း တည့်ကျော်သည်အထိ ထားလျှင် အခါးရည်ဖြစ်သွားသည်။ လတ်ဆတ်သော အချိုရည်ကိုသောက်လျှင် ဝမ်းပျော့စေသည်။ ထန်းရည် ခံယူပုံမှာ ဤသို့ဖြစ်၏။ ဦးစွာ၌ အဖိုပွင့် သို့မ ဟုတ် အမပွင့် ပွင့်သော ထန်းနို့ကို ထုချေပစ်ရ၏။ ထိုနောက် ထိပ်ဖျားကို ဓားဖြင့်လှီးဖြတ်ရ၏။ ဤကဲ့သို့ နေ့စဉ်လှီးပေး ခြင်းဖြင့် ထန်းနို့မှ ထန်းရည်များလိုက်လာသည်။ ထန်းရည်ကို မြေအိုး သို့မဟုတ် ဝါးကျည်တောက်ဖြင့် ခံယူကြသည်။ ထန်းရည်မှ ထန်းလျက်ကို ချက်ယူကြသည်။ ထန်းဖိုပင်နှင့် အမပင် ၂ မျိုးစလုံးမှ ထန်းရည်ရနိုင်၏။ ထန်းရည်လှိုင်သော ရာသီမှာ ဆောင်းတွင်းနှင့် နွေဦးပေါက်ရာသီဖြစ်၏။ အမပင် များမှ မိုးတွင်း၌ပင်လျှင် ထန်းရည်ကို ရရှိနိုင်သည်။ အမပင် သည် အဖိုပင်ထက် ထန်းရည် ၁ ၁/၂ ဆမျှ ပိုထွက်၏။ ထန်း သီးအမှည့်များမှ အရည်ကိုညှစ်ယူ၍ ထန်းသီးမုံ့ ပြုလုပ်ကြ သေးသည်။ ထန်းပင်ကို အသီးအရင့်များမှ စိုက်ယူကြ၏။
ထန်းသီးမှ ထွက်လာသော အစို့ကို ထန်းမြစ် (ထန်းပင်မြစ်)ဟုခေါ်၍ မီး၌ဖုတ်၍၎င်း၊ ပြုတ်၍၎င်း စားသုံးလေ့ရှိသည်။ အထူးအားဖြင့် မြန်မာနိုင်ငံအထက်ပိုင်း၌ ထန်းတောများကို အများအပြား တွေ့ရသည်။ ထန်းပင်များမှာ မြန်မာ့စီးပွားရေး၌ အရေးပါသော အပင် တစ်မျိုးဖြစ်ပေသည်။[၂]
ထန်းမျိုးစိတ် ပြင်ဆင်