ကြက်သွန်နီသည် အော်လီယံ (Allium) မျိုးရင်းတွင် ပါဝင်သော အော်လီယံဆက်ဖါ(Allium cepa) မျိုးစိတ် ဖြစ်သည်။ မြေပေါ်တွင် ထောင်မတ်နေသော အညှောက်(vertical shoot) ပါရှိသည်။ [၁] ၎င်းသည် ကြက်သွန်ဖြူနှင့် မျိုးစိတ်ချင်းနီးစပ်သည်။ အလယ်ပိုင်း အာရှဒေသတွင် ကြက်သွန်နီအရိုင်းများ ပေါက်ရောက်သည်။ [၂] ကြက်သွန်နီကလေး ကို သီးသန့်မျိုးစိတ် အဖြစ် သတ်မှတ်လေ့ ရှိသည်။
ပုံသဏ္ဌာန် ပြင်ဆင်
အပင် ပင်ပျော့ ပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁ ပေခန့်ထိရှိသည်။ ပင်စည်မှာ ဥ၏ အောက်ခြေတွင် ရှိပြီး အနည်းငယ် မာကျော၍ အဝိုင်းငယ်ပုံသဏ္ဌာန်ရှိသည်။ ၎င်းမှ အမြစ်များ ဖြာထွက်သည်။ အရွက် အရွက်စုပြုံထွက်သည်။ ပြွန်ပုံရှိပြီး ပြောင်ချော၍ ပျော့ပျောင်းသည်။ အခေါင်းပါသည်။ အပေါ်ဘက်သို့ သေးသွယ်၍ ကျဉ်းမြောင်းသွားသည်။ ရွက်ထိပ်ချွန်သည်။ အစိမ်းရင့်ရောင် ရှိသည်။ ရွက်ရင်းဖြူသည်။ အပွင့် လုံးဝိုင်းသော ထီးပုံသဏ္ဌာန် ပန်းခိုင်တွင် ကြယ်ပုံပန်းပွင့်အဖြူလေးများ ပွင့်၏ ။ ပွင့်ဖတ်အုံ ရှည်မျောမျော ပုံရှိပြီး ထိပ်ချွန်သည်။ ဝတ်ဆံဖိုတိုင်မှာ ပွင့်ချပ်ထက် ရှည်သည်။ ပြာသို ၊ တပို့တွဲတွင် ပွင့်သည်။ ဥ နီညိုရောင်ရှိပြီး လုံးဝိုင်းသည်။ ဥအပေါ်ယံကို ပါးလွှာသော အဖတ်များဖြင့် အထပ်ထပ် ဖုံးအုပ်နေသည်။အတွင်း၌ အရည်ရွှမ်းသော အသားဖတ်များ ရှိ၏။အကျယ် ၃ ပေ ၊ အမြင့် ၈ လက်မ အရှည် သင့်တော်သလို ဘောင်များပြုလုပ်ပြီးနောက် မျိုးစေ့ကို လက်ဖြင့် ညီညာစွာချ၍ ထွန်ခြစ်ဖြင့် မြေဆွဲ ကာဖုံးအုပ်ရမည်။ ထို့နောက် ရေပန်းကရားဖြင့် ရေလောင်းပြီးနောက် ကောက်ရိုးအုပ်ထားရမည်။ ၅ ရက်ကျော်မှ ကောက်ရိုးဖယ်ပေးရသည်။ ရေကို လိုသလို လောင်းပေးခြင်းနှင့် လက်ပေါင်းလိုက်ခြင်း ပြုလုပ်သွားပြီး ပျိုးသက် ၄၅ ရက်ရှိက ပြောင်းရွှေ့စိုက်နိုင်သည်။ကြက်သွန်စိမ်းနှင့် ကြက်သွန်မိတ်တို့အား ရေခဲသေတ္တာတွင် သိမ်းဆည်းထားနိုင်သည်။[၁၆] ဟင်းစား ကြက်သွန်နီနှင့် ကြက်သွန်နီအချိုများအား အခန်းအပူချိန်၊ ရိုးရိုးအလွာတွင် သင်တင့်စွာ ထားရှိခြင်း၊ ခြောက်သွေ၊ အေးမြပြီး မှောင်သော လေဝင်ပေါက်နေရာတွင်ထားရှိခြင်းနှင့် အပေါက်ကျဲကျဲ ရပ်ထားသော ဂုန်နီအိပ်အတွင်းဖြင့် ထုတ်ပိုးထားခြင်းဖြင့် သိမ်းဆည်းနိုင်သည်။ [၁၆]ဤပတ်ဝန်းကျင်အခြေအနေတွင် ချက်ပြုတ်ရာတွင်သုံးသည့် ကြက်သွန်နီ၏ ကြာရှည်စွာသိမ်းဆည်းထားနိုင်မှု သက်တမ်းသည် ၂ ပတ်မှ သုံးပတ်၊ ကြက်သွန်နီအချိုတွင် ၁ ပတ်မှ ၂ ပတ်အထိ ဖြစ်သည်။[၁၆] ချက်ပြုတ်ရာတွင်သုံးသော ကြက်သွန်နီများသည် သစ်တော်သီးနှင့် ပန်းသီးတို့မှ အနံအသက်များအား စုပ်ယူသည်။[၁၆] ထို့ပြင် သီးနှံများ၏သိမ်းဆည်းထားသည့် ခြောက်သွေ့မှုကို ဆွဲယူသဖြင့် ဆွေးမြေ့ပျက်စီးစေသည်။[၁၆]ကြက်သွန်နီအချို၏ သကြားနှင့် ရေပါဝင်မှုနှုန်းသည် ချက်ပြုတ်ရာတွင်သုံးသော ကြက်သွန်နီထက် ပိုသည်။ ထို့ကြောင့် ပိုမိုချို၍ သိမ်မွေ့သော အရသာရှိသော်လည်း ကြာရှည်စွာ သိမ်းထားနိုင်သည့် သက်တမ်းအား လျော့ချပစ်သည်။[၁၆] ကြက်သွန်နီအချိုအား ရေခဲသေတ္တာတွင် သိမ်းဆည်းထားနိုင်ပြီး ကောင်းမွန်စွာ မကာကွယ်ထားပါက ကြာရှည်စွာသိမ်းထားနိုင်သည့် သက်တမ်းမှာ ၁ လနီးပါဖြစ်သည်။ [၁၆]လှီးဖြတ်ထားသည့် ကြက်သွန်နီများအား လုံခြုံတင်းကြပ်စွာ ထုတ်ပိုးပြီး အခြားပစ္စည်းများ၏ အဝေးတွင် ထားသည့် မည်သည့်ကြက်သွန်နီမဆို ၂ ရက်မှ ၃ ရက်အတွင်းအသုံးပြုနိုင်သည်။[၁၆]
ကြက်သွန်နီကို ခွဲစိပ်လိုက်သောအခါ ၎င်းတွင်ပါရှိသည့် အော်လီနေ့စ် (alliinase) ဟုခေါ်သော အင်ဇိုင်း ဇီဝဆဲလ်များသည် ဓာတ်ပြိုကွဲကြကာ အမိုင်နိုအက်ဆစ်(mino acid) ဆာလ်ဖောက်ဆိုက် (sulphoxide) နှင့် ဆာလဖြူရစ်အက်ဆစ်(sulphenic acid) တို့အဖြစ် ပြိုကွဲထွက်လာသည်။ ၎င်း ဆာလ်ဖြူရစ်အက်ဆစ်မှ တဖန် ထပ်ဆင့်ဓာတ်ပြိုကွဲရာ lachrymatory factor synthase or LFS ဟုခေါ်သော ဒုတိယအင်ဇိုင်းတစ်မျိုး ဖြစ်ပေါ်လာသည်။ ၎င်းသည် အငွေ့ပျံလွယ်သော ဓာတ်ငွေ့ဖြစ်ပြီး မျက်ရည်များကို ထွက်စေသည်။ [၁၃] [၁၄] lachrymatory agents ဟူသည် မျက်စိကိုစပ်မွှန်စေသော ဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။
အနီးအနားတွင် ရေရှိလျှင် ၎င်းဓာတ်ငွေ့နှင့်ရေတို့ဓာတ်ပြုမှုကြောင့် ဓာတ်ပြယ်စေသည်။ သို့ဖြစ်၍ ကြက်သွန်နီလှီးသောအခါ အနီးတွင် ရေဇလုံထား၍ဖြစ်စေ၊ ကြက်သွန်နီကို ရေနှစ်၍ဖြစ်စေ မျက်စိစပ်ခြင်းကို ရှောင်ရှားနိုင်သည်။ [၁၄] အခြားတစ်နည်းမှာ ၎င်းဓာတ်ငွေ့များပိုမိုများပြားသော အခွံကို နောက်ဆုံးမှ ခွာရန်ဖြစ်သည်။ [၁၅] ထက်မြိနေသောဓားကို အသုံးပြုခြင်းသည်လည်း ကြက်သွန်နီအင်ဇိုင်းဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်သဖြင့် မျက်စိစပ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ နောက်တစ်နည်းမှာ မျက်မှန်တပ်ကာကွယ်ခြင်းဖြစ်သည်။ အော်လီယံမျိုးကွဲများပေါ်မူတည်၍ အင်ဇိုင်းထွက်သော ပမာဏ ကွာခြားသည်။
သာမန်အအေးမိရောဂါ၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အရိုးကြွပ်ဆတ်သောရောဂါ (osteoporosis)နှင့် အခြားရောဂါများကို ကုသရာတွင် ထိရောက်သည်။ [၆] ထိခိုက်ဒဏ်ရာကြောင့် ညိုမည်းရောင်ရမ်းနာကျင်သောရောဂါကို သက်သာစေနိုင်ကြောင်း အချို့က ယူဆကြသည်။ ကြက်သွန်နီများများစားလျှင် ဦးခေါင်းပိုင်းနှင့် လည်ပင်းကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည်။ [၇] အိန္ဒိယအချို့လူမျိုးစုများကမူ ကြက်သွန်နီသည် လိင်စိတ်ကိုတိုးပွားစေသည်ဟုယူဆကာ မစားသုံးကြပေ။ [၈] ကမ္ဘာ့ဒေသအတော်များများတွင် ကြက်သွန်နီကို အပူလောင်ခြင်းအတွက် ကုသရာတွင်အသုံးပြုသည်။ မော်လ်တာလူမျိုးတို့သည် မီးဖုတ်ထားသော ကြက်သွန်နီခြမ်းကို အပူလောင်ဒဏ်ရာပေါ်တွင် တစ်ညတာ အုံပေးခြင်းဖြင့် ကုသကြသည်။ ကြက်သွန်နီသည် အမျိုးသမီးများသွေးဆုံးချိန်တွင် ဖြစ်ပွားတတ်သော အရိုးကြွပ်ခြင်းအတွက် အထူးသင့်လျော်သည်။ [၉] အမေရိကန်ဓာတုပညာရှင်တစ်ဦးက ကြက်သွန်နီသည် လည်ချောင်းနာခြင်းကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိထားသည်။ [၁၀] အိန္ဒိယတွင် ကြက်သွန်နီကို ထန်းလျက် နှင့် ရောစားခြင်းဖြင့် လည်ချောင်းနာရောဂါကို ကုသကြသည်။ ကြက်သွန်နီတွင်ပါဝင်သော 3-mercapto-2-methylpentan-1-ol ဟုခေါ်သည့်ဓာတ်တစ်မျိုးက ဆဲလ်များပျက်စီးခြင်းဖြင့် ရောဂါများဖြစ်ပွားစေခြင်းကို ကာကွယ်ပေးသည်။ [၁၁]