မော်ချီးသတ္တုတွင်း၊ ဖားဆောင်းမြို့နယ်
ခဲမဖြူနှင့် အဖြိုက်ကို များသောအားဖြင့်တွဲ၍ တွေ့ရတတ်ပါသည်။ သဘာဝတွင် ခဲမဖြူပါသော တွင်းထွက် ၁၅ မျိုးခန့်ရှိပါသည်။ ခဲမဖြူ ထုတ်ယူသောအဓိကတွင်းထွက်မှာ ခဲမဖြူရိုင်းခေါ် ကက်စီတာရိုက် (cassiterite) ဖြစ်ပြီး ၀ူဖရမ်မိုက် (wolframite) နှင့် ရှီးလိုက် (sheelite) တွင်းထွက်မှလည်း ထုတ်ယူရရှိနိုင်ပါသည်။ ခဲမဖြူရိုင်းတွင် ခဲမဖြူ ၇၈.၈%၊ အဖြိုက်၊ သံ၊ တန်တလမ် (tantalum)၊ တိုင်တေနီယမ် (titanium) တို့လည်းရောနှောပါဝင်နေပါသည်။ အများဆုံးမှာ အဖြိုက်နက် (wolframite) ပေါင်းစပ်ပါဝင်နေသော်လည်း လချေး (mica)၊ ဗဟန်း (arsenopyrite)၊ ခဲ (galena)၊ စပယ်လာရိုက် (saphalerite)၊ ဘစ်မတ် (bismuth) တိုပေါင်းစပ်ပါဝင်တတ်ပါသည်။
မော်ချီးသတ္တုတွင်း၊ ဖားဆောင်းမြို့နယ်
ခဲမဖြူနှင့် အဖြိုက်ကို များသောအားဖြင့်တွဲ၍ တွေ့ရတတ်ပါသည်။ သဘာဝတွင် ခဲမဖြူပါသော တွင်းထွက် ၁၅ မျိုးခန့်ရှိပါသည်။ ခဲမဖြူ ထုတ်ယူသောအဓိကတွင်းထွက်မှာ ခဲမဖြူရိုင်းခေါ် ကက်စီတာရိုက် (cassiterite) ဖြစ်ပြီး ၀ူဖရမ်မိုက် (wolframite) နှင့် ရှီးလိုက် (sheelite) တွင်းထွက်မှလည်း ထုတ်ယူရရှိနိုင်ပါသည်။ ခဲမဖြူရိုင်းတွင် ခဲမဖြူ ၇၈.၈%၊ အဖြိုက်၊ သံ၊ တန်တလမ် (tantalum)၊ တိုင်တေနီယမ် (titanium) တို့လည်းရောနှောပါဝင်နေပါသည်။ အများဆုံးမှာ အဖြိုက်နက် (wolframite) ပေါင်းစပ်ပါဝင်နေသော်လည်း လချေး (mica)၊ ဗဟန်း (arsenopyrite)၊ ခဲ (galena)၊ စပယ်လာရိုက် (saphalerite)၊ ဘစ်မတ် (bismuth) တိုပေါင်းစပ်ပါဝင်တတ်ပါသည်။မြန်မာနိုင်ငံတွင် ခဲမဖြူနှင့် အဖြိုက်နက်သတ္တုကို တနင်္သာရီကျွန်းစု၊ မြိတ်ဝန်းကျင်ဒေသ၊ ထားဝယ်ဝန်းကျင် ဒေသ၊ ကျိုက္ခမီ၊ သထုံ၊ မော်ချီး၊ ရမည်းသင်း၊ ကျောက်ဆည် ဒေသတို့နှင့် ရှမ်းပြည်နယ်အရှေပိုင်းဒေသတို့ အထိတွေ့ရပါသည်။
မော်ချီးသတ္တုတွင်း၊(18º 49’ 24.8”N, 97º 9’ 22.1”E)ဖားဆောင်းမြို့နယ်၊ဘော်လခဲခရိုင်၊ ကယားပြည်နယ်
ရတနာပုံသတ္တုတွင်း (၉၆ အမ်/၇ အီး-၃၆၁၁၉၄) ဘုတ်ပြင်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး
ဟိန္ဒားသတ္တုတွင်း (၉၅ ဂျေ ၈/ အို-၄၀၀၆၀၈) ထားဝယ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး
ဟာမြင်းကြီးသတ္တုတွင်း (၉၅ ဂျေ ၈/ အို-၃၇၇၈၃) ထားဝယ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး
ဖောင်းတောသတ္တုတွင်း (၉၅ ဂျေ ၈/ အို-၄၆၅၄၉၅) ထားဝယ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး
ပကာရီ မိုင်း (၉၅ ဂျေ ၈/ အို-၃၀၀၆၀၂) ထားဝယ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး
ကံပေါက် (၉၅ ဂျေ ၂/ အိပ်ခ်ျ-၉၅၀၂၃၅) ရေဖြူမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး
ခဲမဖြူ (သံဖြူ) ကို ပထမဦးစွာ အသုံးပြုခဲ့သောသတ္တု ဟုယူဆနိုင်ပါသည်။ ကြေးသည် ခရစ်မပေါ်မီကပင် အရှေ့တိုင်းတွင်စတင်အသုံးပြုနေပါပြီ။ ကြေးလုပ်ငန်းကို ဘီစီ ၁၈၀၀ မှစ၍ တရုပ်နိုင်ငံ၌ လုပ်ကိုင်လျှက် ရှိကြပါသည်။ အီဂျစ်နိုင်ငံ ဘီစီ ၃၇၀၀ ခန့်ကကြေးချောင်းတစ်ခု၌ ခဲမဖြူ ၉.၁% ပါဝင်ကြောင်း တွေ့ရပါသည်။ ရှေးအခါက ခဲ၊ ငွေမပါသော ခဲမဖြူကို ဆေးစိမ်ရုပ်အလောင်းများရစ်ပတ်ရာတွင် အသုံပြုကြပါသည်။ ယခင်ကခဲမဖြူကို ကြေးနီနှင့်ရောပြီး လူ့အသုံအဆောင်များ၊ ချပ်ဝပ်တန်ဆာများ၊ ဒန်အိုး ဒန်ခွက်များ ပြုလုပ်ရာတွင်အသုံးပြုကြပါသည်။ အဖြိုက် (တန်စတင်) ၁၈၉၈-ခုနှစ်တွင် စတင်အသုံးပြုလာကြပါသည်။ အဖြိုက်နှင့် သံကိုရောစပ်ထားသော သတ္တုသည် သံမဏိများကိုဖြတ်နိုင်စွမ်းရှိသောကြောင့် အဖြိုက်သည် အရေးပါသောသတ္တုဖြစ်လာပါသည်။ သံမဏိပိုမိုခိုင်မာသန်စွမ်းအောင် အဖြိုက်ကို ၂% မှ ၁၂% အထိ ရောစပ်အသုံးပြုလာကြပါသည်။
ခဲမဖြူနှင့် အဖြိုက်နက်ဖြစ်ပေါ်လာပုံ
ခဲမဖြူနှင့် အဖြိုက်နက်သတ္တုရိုင်းများကို ဂရက်နစ် (granite) ကျောက်များတိုးဝင်ရာနေရာများနှင့် ဒိုက် (dyke) များ၊ ပက်ဂမာတိုက် (pegmatite) များရှိရာနေရာများတွင် အတွေ့ရများပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် Mergui Group, Taungnyo Fm, Mawchi Serices, Lebyin Group တို့တွင် granite တိုးဝင်ရာ၊ ထိစပ်ရာနေရာများ၌ ဖြစ်ပေါ်လေ့ရှိကြပါသည်။ တစ်ချို့နေရာများတွင် ခဲမဖြူ၊ အဖြိုက်နက်ကို microcline quartz muscovite pegmatite ထဲတွင်း၎င်း၊ greisen zone များထဲတွင်၎င်း၊ quartz vein များထဲတွင်၎င်း (ဗကာရေမိုင်း) တွေ့ရတတ်ပါသည်။ ခဲမဖြူ၊ အဖြိုက်နက် သတ္တုကြောများကို granite ကျောက်ထုများနှင့်အပြိုင် NNW-SSE trend အတိုင်းအပြိုင်ဖြစ်ပေါ်လေ့ရှိကြပါသည်။ သတ္တုကြောများသည် အပြိုင်ဖြစ်ပေါ်ခြင်း၊ ပြတ်တောင်းပြတ်တောင်းရှိခြင်း၊ တခုကိုတစ်ခုဖြတ်လျှက်ဖြစ်ပေါ်ခြင်းနှင့် မှန်ဘီလူးခုံးပုံသဏ္ဌန်ဖြစ်ပေါ်ခြင်း စသည်ဖြင့်အမျိုးမျိုးတွေ့ရတ်ပါသည်။ မြန်မာနိုင်ငံတွင် ခဲမဖြူ၊ အဖြိုက်နက်ကို မူရင်းဖြစ်သိုက် (primary Deposit) နှင့် နှောင်းဖြစ်သိုက် (Secondary Deposit) တို့အဖြစ်နှစ်မျိုးစလုံးတွေ့ရပါသည်။ နှောင်းဖြစ်သိုက် (Secondary Deposit) တွင် မူလ (Primary Deposit) နှင့်နီးစပ်ရာတောင်ခြေများတွင်အများဆုံးပို့ချ ဖြစ်ပေါ်ကြပါသည်။ မြစ်၊ ချောင်းများတစ်လျောက်တွင် ပို့ချဖြစ်ပေါ်သည် နှောင်းဖြစ်သိုက်များအဖြစ် လည်း တွေ့နိုင်ပါသည်။ (ခဲမဖြူချောင်း၊ ဖားဆောင်း)