အားလုံးဖတ်ကြည့်ကြပါ
ကံတဲ့ ...
ကာယကံ ...
ဝစီကံ ...
မနောကံ ...
ကံ ၃ ပါးကို ထိန်းရတာမဟုတ်ဘူး ...
ကံ ၃ ပါးကို စောင့်ရှောက်ရတာတဲ့ ...
ကာယကံမှု မကျူးလွန်တောင် ...
ဝစီကံ နဲ့ မနောကံဟာ စောင့်ရှောက်ဖို့မလွယ်မလား ...
တရားတော် တစ်ပုဒ်မှာပေါ့ ...
မြို့တစ်မြို့မှာ ဆရာတော်တရားပွဲရှိတယ် ...
ဆရာတော့်တရားပွဲအတွက် ဘုန်းကြီးကျောင်း မြေကွက်လပ်မှာ တရားနာ ပရိသတ်အပြည့် ...
ဆရာတော်ကြွလာတော့ ... ဆရာတော်ထိုင်မယ့်ခုံမှာ ကိုရင်တစ်ပါးက ထိုင်နေတယ် ...
ဒါနဲ့ ... တရားနာဖို့လာတဲ့ ပရိသတ်ထဲက အမျိုးသမီးတစ်ယောက် ...
' ဟဲ့ ကိုရင် ... ဆရာတော်လာတာကို နေရာဖယ်ပေးလိုက်လေ. ဆရာတော်ထိုင်မယ့်ခုံ ဘာလို့ထိုင်နေတာလဲ '
လို့လှမ်းပြောတော့ ဆရာတော်က အဲဒီ့အမျိုးသမီးကို ဆုံးမလိုက်တယ် ...
' ကိုယ်နဲ့မဆိုင်ရင် အရာရာဝင်မပါနဲ့ ' တဲ့.
ဘာလို့လည်းဆို ... ကိုရင်လေးဟာ ပြောသူအမျိုးသမီးထက် သီလသာမာဓိပြည့်စုံနေရင် အမျိုးသမီးဟာ သီလသာမာဓိပြည့်စုံသူကိုစော်ကားမှုနဲ့ အပြစ်ဖြစ်မှာစိုးလို့ပါ.
ငယ်ငယ်က နားလည်ခဲ့တာက ...
ကြီးသူကို အမြဲရိုသေလေးစားရမယ်.
ကြီးသူက အမှားလုပ်နေတောင် ငယ်သူကပြောခွင့်မရှိတာတို့ ဘာတို့ ...
ခု အသက်ကလေးရလာတော့ ခံယူနားလည်မိတာက ...
ကြီးတယ် ငယ်တယ်ဆိုတာ အသက်မဟုတ်ပါဘူး ...
' သီလ ' ပါ ...
သီလကြီးသူက ပိုမြင့်မြတ်တယ်ပေါ့ ...
ဒါပေမယ့်လည်း ...
ထုံးတမ်းစဉ်လာအရ ... စွဲမှတ်ခဲ့ရတွေအရ ကြီးသူဆိုတာ အသက်ကိုဘဲ ဦးတည်ကြတာပေါ့.
အသက်ကြီးလို့ရိုသေလေးစားရတယ် ...
ဒါက လုပ်ကိုလုပ်ရမယ့် ဂါရဝတရား ...
သို့ပေသိ ... အသက်သာရသော်လည်း မဟုတ်တာတွေလုပ်နေသူကို ရိုသေလေးစားလို့ရလား ?
စဉ်းစားစရာနော် ...
အသက်ငယ်ပေမယ့် ... ကိုယ်ကျင့်သီလပြည့်စုံတဲ့ ကိုရင်လေးတွေကို အသက် ၈၀ ကျော် ၉၀ ကျော် အဖိုးအဖွားတွေအစ ရှိခိုးဦးခိုက်ကြတယ် ...
ကိုယ့်ပြုလိုက်တဲ့ကံတွေက ကိုယ့်အကြောင်းတရားကိုဖန်တီးပေးတာမလား ...
ကိုယ့်ထက်ငယ်တာဘဲ ငါ စော်ကားချင်တိုင်းစော်ကားမယ်ဆို ...
ငယ်သူက အကျင့်သီလကိုယ့်ထက်ပိုပြည့်စုံနေရင် ...
ကိုယ်စော်ကားလိုက်မှုအတွက် ပြန်ခံရမယ်လေ ...
ကံ ၃ ပါးဆိုတာ ထိန်းနေရင် လွတ်ထွက်တတ်တယ်မလား ...
မိဘက သားသမီးကို စောင့်ရှောက်မှုမျိုး ...
ကိုယ်ချစ်ခင်ရသူကို စောင့်ရှောက်တဲ့ စောင့်ရှောက်မှုမျိုးနဲ့ ကံ ၃ ပါးကိုလည်း စောင့်ရှောက်ရမယ်မလား ...
မြတ်စွာဘုရားတောင် ခေါင်းကိုက်ဝေဒနာခံစားရတာ ...
ရှေးအတိတ်ဘဝတစ်ခု သူများ ငါး ခေါင်းထုတာကိုကြည့်ပြီး စိတ်ကဝမ်းသာအားရဖြစ်မိလို့တဲ့.
ကာယကံ ဝစီကံ ကြီးလှပြီထင် မနောကံသည်လည်း ကြီးလိုက်တာမှ
မနောကဖြစ်ပြီးမှ ဝစီကံ နဲ့ ကာယကံက ဆက်ဖြစ်ကြတာမလား ...
မြတ်စွာဘုရားတောင် စိတ်ထဲက ဖြစ်မိလိုက်ခဲ့တဲ့ အတိတ်ဘဝက အကုသိုလ်အတွက် ဝဋ်ကြွေးဆပ်ရတယ်.
အဟောင်းစားနေတဲ့ (အတိတ်ဘဝတွေက ကုသိုလ်အကုသိုလ် ဒီဘဝစံစား ခံစား) ဘဝမှာ ... ကြွေးသစ်တွေမချ ...
သူတစ်ပါးကို ... ဘာကိုမဆို ... ကံ ၃ ပါးနဲ့မပြစ်မှား ...
သူတစ်ပါး လှပအောင်မြင်ကြီးပွားချမ်းသာ မုဒိတာပွား ...
သူတစ်ပါးကောင်းကျိုး ရှေးရှု ...
ကိုယ့်သံသရာအတွက် ကုသိုလ်ရိက္ခာစုရင်း ...
အငှားခန္ဓာဘဝမှာလေ ...
ကံ ၃ ပါးကို စောင့်ရှောက်ပြီး ရှင်သန်နေထိုင်ကြရအောင်လေ ...
ချစ်ခြင်းမေတ္တာဆိုတာ ' အချိန် ' မလိုဘူး ...
စက္ကန့်ပိုင်းလေးမြင်မြင်ခြင်း ချစ်ခြင်းမေတ္တာဖြစ်နိုင်တာမျိုး ...
ယုံကြည်မှုဆိုတာ နှစ်အပိုင်းအခြား အကန့်အသတ်မရှိတည်ဆောက်ရတာမျိုး ...
ယုံကြည်မှုတည်ဆောက်မရတဲ့ ချစ်ခြင်းမေတ္တာဆိုတာ နှလုံးသားထဲ လက်ပစ်ဗုံး ထည့်ထားပြီး ဘယ်ချိန်ဗုံးပေါက်မလဲစောင့်နေရတာမျိုး ...
နှလုံးသားထဲ လက်ပစ်ဗုံး ထည့်ထားရသူ ဘယ်နှစ်ယောက်ရှိသလဲဟင် ?
' သူ ' ဆိုတာ စဉ်းစားလိုက်တာနဲ့တင် ...
ခါလှုပ်သွားတယ် နှလုံးသားက ...
ဆူလမနီ ထိုင်ငိုသွားမယ် ...
ကိုယ်ရဲ့မေတ္တာစစ်မှန်ပါရင် ...
ကိုယ့်နှလုံးခုန်သံ ...
သူ့အတွက်လေ ...
အိပ်ရာဝင်တေးလေး တစ်ပုဒ်ဖြစ်ပါစေ ...
ကြင်နာသူလေး ...
အေးချမ်းနှစ်ခြိုက်စွာလေ ...
အိပ်လို့ပျော်စေ ...