အိပ်မရဘူးဖြစ်နေတာ အချိန်က နောက်ကျနေပြီ မနက်ဖန်နဲ့ဒီနေ့ ပေါင်းပြီး အိပ်ရတော့မယ် ကော်ဖီတွေသောက်လို့ အိပ်မရတာမဟုတ် ဆေးချလို့ အိပ်မရတာမဟုတ် အကြွေးပေးစရာရှိလို့လည်းမဟုတ် စိုးရိမ်သောကကြောင့်လည်း မဟုတ်ပါဘူးကွာ
အလိုလိုနေရင်း မျက်စိတွေ ကြောင်နေတာလေ
အိပ်မပျော်ဖြစ်နေတာ ဘယ်လိုလုပ်ရမလဲမိသဘူး
အိပ်ဆေးတွေ သောက်အိပ်လို့တော့ သူငယ်ချင်းတွေပြောတယ်
နောက်ပိုင်းဆိုရင် ဆေးသောက်မှ အိပ်ပျော်တာတွေဖြစ်မှာစိုးလို့
ဆေးသောက်အိပ်တဲ့ အကျင့်တော့မလုပ်ချင်ပါဘူးကွာ
ဆေးမသောက်ဘဲ ဒီအတိုင်းအိပ်လို့ ပျော်မယ့်နည်းရှာနေတာပါ
တရားရှုမှတ်တာတွေလည်း မလုပ်ချင်ဘူး မလုပ်တက်ဘူး
အိပ်မပျော်တာ သုံးလလောက်ရှိနေပြီလေ
အခုတော့ နည်းလမ်းတစ်ခုတွေ့ထားတယ်
အဲဒါဘယ်လိုလဲသိချင်လား
ညမှာ မအိပ်ပျော်တာကို နေ့ဘက်မှာ အစားထိုးပြီး အိပ်လိုက်တဲ့နည်းဘဲ
အဲ့သလိုလုပ်နေရတယ်