အဲ့လူကြီးကလူရွယ်ကို မေးတယ်လေမင်း ညက အသံနက်ကြီး မကြားရဘူးလားတဲ့လေ ကြားတာပေါ့လို့ ပြန်ပြောပါသည် ဟိုတယ် အပြင်ဘက်မှာရော တောက်ပတဲ့ အလင်းရောင် မတွေ့ဘူးလား ဆိုတော့ တွေ့ပါတယ်ပေါ့လေ အဲဒါဘာလဲဆိုတာ မင်းသွားမကြည့် ဘူးလားဆိုတော့ကမကြည့်ပါဘူးပေါ့ငါနဲ့မှ မဆိုင်တာ ဆိုပြီး ပြန်ဖြေပါလေသည်အဲဒီကျမှ ဟိုတယ် မန်နေဂျာက သူ့ကို ရှင်းပြတယ်လေ အေးမင်းသွား မကြည့်လို့ မင်း အသက်ရှင်တာပါ အဲဒါ စုန်းမကြီး တစ်ယောက်က အရမ်းလှတဲ့ ကောင်မလေး ပုံစံ ဖန်တီးပြီး လာရပ်နေတာလေထွက်ကြည့်မိတဲ့ လူတိုင်း ကောင်မလေး ယောင်ဆောင်ထားတဲ့ စုန်းမကြီး နောက်လိုက်သွားရပြီးတော့ တစ်ယောက်မှ ဟိုတယ်ကို ပြန်မလာခဲ့ကြဘူးလေမင်း တစ်ယောက်ပဲ ရှိသေးတယ်လေ အခုလို ထွက်မကြည့်လို့ အသက်ရှင်ရတာကငါတို့လည်း သူ့ကို ကြောက်လို့ ကြိုမပြောထားရဲဘူးလို့ ပြန်ပြောလေသည်လူရွယ်လည်း ဒုတိယ အကြံပေးချက်ဟာလည်း အရမ်းအသုံးဝင်ပြီး သူအသက်ရှင်ခွင့် ရပါလားဆိုပြီး ဝမ်းမြောက်နေတာပေါ့လေ အဲလိုနဲ့ သူ့အိမ်ရှိရာဘက် ခရီးဆက်ခဲ့ပါလေသည်ရက်အနည်းငယ်ကြာပြီး သူ့ရွာကို ရောက်လာတယ်လေရောက်တဲ့ အချိန်က နေဝင်ရီတရောအချိန် သူ့အိမ်ကို ခမ်လှမ်းလှမ်းက မြင်နေရတယ်ပေါ့ အဲဒီချိန် မီးရောင်အောင်မှာ သူ့မိန်းမကို ယောက်ကျားတစ်ယောက်က ဖက်ထားတာတွေ့လိုက်ပါလေသည်