ဂန္တ၀င်ဆန်တဲ့ လှပမှုနဲ့ အကျော်ကြားဆုံး ပန်းတစ်မျိုးအဖြစ် လူအများရဲ့အသိအမှတ်ပြုခြင်းကို ခံထားရတဲ့ နှင်းဆီပန်းဟာ ကမ္ဘာ့နေရာအနှံ့ အပြားမှာ တွေ့ရှိနိုင်ပါတယ်။ ပန်းတို့ရဲ့ဘုရင် ၊ ပျိုမေတို့ရဲ့ အသည်းစွဲ နှင်းဆီပန်းတို့ရဲ့ စုံလင်လှတဲ့ အရောင်အသွေးတွေနဲ့ ၄င်းတို့ရဲ့ လျှို့ ဝှက်နက်နဲတဲ့ အဓိပ္ပာယ်တွေနဲ့ သမိုင်းကြောင်းတွေကို Shwemom ဖတ်ရှုတဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
နှင်းဆီရဲ့အရေးပါပုံ
နှင်းဆီပန်းဟာ ခေတ်အဆက်ဆက်ထဲက လူသားတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ ဟိုးယခင် နှစ်ပေါင်းများစွာကတည်းက ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့အနေနဲ့ နှင်းဆီပန်းကို အသုံးပြုခဲ့ကြပြီး ချစ်ခြင်းရဲ့သင်္ကေတ အဖြစ် ချစ်ရေးချစ်ရာတွေမှာ ပါဝင်လာခဲ့ပါတယ်။ ယခုခေတ်လို ဆန်းဆန်းပြားပြားပစ္စည်းတွေ မရှိခင်တုန်းက ချစ်သူမိန်းကလေးကို အံ့အားသင့်ပျော်ရွှင်စေမယ့် ချစ်သက်လက်ဆောင်အဖြစ် နှင်းဆီပန်းလှလှလေးတွေကိုသာ ပေး အပ်ခဲ့ကြပြီး ယနေ့အထိလည်း နှင်းဆီပန်းစည်းလှလှလေးများဟာ နေရာယူနေဆဲ ဖြစ်ပါတယ်။ ထို့အတူ ရှေးယခင် အလှကုန်များ မရှိသေးခင် အချိန်တုန်းက နှင်းဆီပန်းကို အမျိုးသမီးများရဲ့ အလှအပရေးရာများမှာ အသုံးပြုခဲ့ကြပြီး သဘာဝအစွမ်းများ ပါဝင်တဲ့အတွက် ယနေ့ခေတ်အထိလည်း ရေချိုးဆပ်ပြာရည်အစရှိသည်တို့မှာလည်း အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ ဒီနေ့တောင်မှ ပြင်သစ်နှင်းဆီရဲ့ မွှေးပျံ့ တဲ့ မွှေးရနံ့ ကို ခံစားချင်တယ်ဆိုရင် LUX Soft Touch လိုမျိုး ရေချိုးဆပ်ပြာကို အသုံးပြုနိုင်နေပြီနော်။ ကမ္ဘာ့အမွှေးနံ့သာပညာရှင်တွေရဲ့ အကူအညီနဲ့ ဖော်စပ်ထားတဲ့ ပန်းပေါင်းစုံအဆီအနှစ်တွေပါဝင်တဲ့ LUX ရေချိုးဆပ်ပြာရည်က ရေချိုးပြီးတိုင်း သင့်ကို ၂ဆပိုမိုမွှေးပျံ့ တဲ့ မွှေးရနံ့နဲ့ နူးညံ့တဲ့ အသားအရေကို ရရှိအောင် ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။
နှင်းဆီပန်း၏အရောင်အသွေးများနဲ့ အဓိပ္ပာယ်
နှင်းဆီအနီ – နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြု အဓိပ္ပာယ်ဖော်ဆောင်ပါတယ်။ တစ်စုံတစ်ယောက်အတွက် ချစ်ခြင်းမေတ္တာကို ဖော်ပြရာမှာ အသုံးပြုပါတယ်။ ချစ်သူယောက်ျားလေးမှ ကောင်မလေးအား နက်နဲတဲ့ချစ်ခြင်းကို ဖော်ပြတဲ့ နေရာမျိုး၊ ရိုမန်တစ်ဆန် လွန်းတဲ့ ချစ်ရေးချစ်ရာတွေမှာလည်းနှင်းဆီနီဟာ မပါမဖြစ် ပါတတ်ကြပါတယ်။