ကိုယ့်ဘာပဲဖြစ်သွားသွား ၊ ဘယ်လိုပဲယိုယွင်းနေနေ ၊ ကိုယ့်ကို ချစ်မယ့်သူ ၊ နားလည်ပေးမယ့်သူ ၊ အားပေးမယ့်သူ ၊ ဖေးမမယ့်သူ ၊ ကိုယ့်လက်တဖက်ကို သေတပန်သက်တဆုံး လက်တွဲသွားမယ့်သူပါ။ ကိုယ္က ဒီလိုချစ်မယ့် အဖော်ကောင်းလိုချင်တယ်ဆို ကိုယ်တိုင်ကလည်း ဒီလိုချစ်တတ်တဲ့ အဖော်ကောင်း သူ့အတွက် ဖြစ်ပေးသင့်တာပေါ့။ ရယူလိုမှုချည်းပဲ ရှေ့တန်းတင်လွန်းတဲ့အခါ တဖက်သတ်ဆန်သွားတာမို့ တဘက္လူက တသက္တာ ပေးဆပ်ချစ်သွားနိုင်ရင် ကိုယ်ကံကောင်းတာပေါ့။ ဘယ်အရာမဆိုတော့ အသွားအပြန်တော့ ရှိသင့်တယ်လေ။