https://pixabay.com/images/id-23766/
ကိုဘဂျမ်းအကြောင်း မရေးဖြစ်ခဲ့တာ အတော်လေးကိုကြာသွားခဲ့ပြီ။
ဘဂျမ်းကြီးတစ်ယောက်မှာတော့ ကျုပ်ရဲ့ရေးကွက်ထဲမှာ ကျရာအခန်းကိုလိုက်ပြီး ပီပြင်စွာသရုပ်ဆောင်ရာခဲ့တာ ယခုတော့သူရဲ့သရုပ်ဆောင်ချက်များကြောင့် ဤအခန်း၌ အရာရှိကြီးတစ်ဦးနေရာကနေ ရေးသားတင်ဆက်လိုက်ပါတယ်။
ကိုဘဂျမ်းတစ်ယောက် အရာရှိဆိုပေမယ့် တော်ရုံအရာရှိတော့မဟုတ် ဒေသတစ်ခုကို အပိုင်စားရထားသော အစိုးရအရာရှိကြီးတစ်ဦး သူပိုင်စိုးထားသော ထိုဒေသတဝိုက် လက်ညိုးညွှန်ရာ ဖြစ်ချင်ရာဖြစ် ချက်ချင်းဖြစ်စေဆိုရင် ချက်ခြင်း အမိန့်ပေးနိုင်သော အဏာပါဝါရှိသူတစ်ဦးပင်ဖြစ်သည်။
တစ်နေ့သောအခါတွင် သူ၏ဒေသရှိ အများပြည်သူများ သိရှိနိုင်ရန် အရေးကြီးသော အမိန့်စာဆောင်ထုတ်ပြီး နေရာတိုင်း၌ မြင်သာအောင် ကြေငြာစာကပ်ရန် သူ၏လက်အောက်တပည့်ဖြစ်သူ မိုက်ကယ်အား မြင်းတစ်ကောင်ပေး၍ စေလွှတ်လိုက်လေသည်။
တပည့်ဖြစ်သူမိုက်ကယ်သည် အရာရှိကြီးကိုဘဂျမ်းပေးလိုက်သောမြင်းကိုမစီးဘဲ ကြာပွတ်ဖြင့်ရိုက်ကာ မြင်းနှင့်အတူ မြင်းနှင့်အတူ ပြေးလွှားလာရင်း လမ်းခုလပ်တစ်နေရာအရောက် ပြောင်ကြီးဆိုတဲ့လူတစ်ယောက်က ဟေ့လူ အရေးကြီးတဲ့ကိစ္စရှိရင်လဲ မြင်းပေါ်တစ်ပြီးသွားပါလားဗျာ ယခုတော့ မြင်းနဲ့အတူပြေးလိုက်နေတာ ဘာကြောင့်လဲဟု ဂရုဏာဒေါသဖြစ် အော်ပြောလိုက်လေသည်။
ထိုအခါမိုက်ကယ်ဖြစ်သူက ကျုပ်မှာ အရေးကြီးလွန်းသောကိစ္စရှိတာမှန်ပါတယ်လေ။
ဒါကြောင့် ခြေလေးချောင်းသွားတာထက် ခြေခြောက်ချောင်းနဲ့သွားတာ ပိုပြီးမြန်တယ် ဒါကိုခင်ဗျာမသိဘူးလားဆိုပြီး မောမောနဲ့ ဒေါသထွက်ကာ မိုက်ကယ်တစ်ယောက်သဘ် ပြောက်ကြှးဖြစ်သူအား ပြောလိုက်လေတော့သတည်း…………
@thura
