ခုတင်က ဘုရားကိ ကန့်လန့်လုပ်တဲ့
မာဂဏ္ဍိယ ဗြာဟ္မဏပဏ္ဍိတ် ကြီးက
ဟုတ်လိုက်တာလို့ သဘောကျသွားတယ်
အဲဒီတော့ ငါဘုရားကလေ ဒီဟာတွေမြင်လို့မို့ တစ်ယောက်တည်း အာရုံတွေမခံ
စားဘဲ အေးအေးကလေး ငြိမ်နေတာ၊
ရောဂါပျောက်နေတာ မကောင်းဘူးလား၊
အဲဒီတော့ "တပည့်တော်ကို ရဟန်းပြုခွင့်ပေးပါ ဘုန်းကြီး လုပ်ပါရစေတော့ "
ခုနက ဘုရားကန့်လန့်လုပ်တဲ့ ဗြာဟ္မဏ
ကြီးက ဘုရားတရား သဘောကျတော့
တရားရအောင်နေမှပဲ ဒီရောဂါတွေ
ကင်းမှာပဲလို့ သဘောပေါက်ပြီး
ရဟန်းပြုတယ်၊ တရားအားထုတ်လို့
ရဟန္တာ ဖြစ်သွားတယ်၊
ဒါကြောင့် ကိုယ့်နည်း ကိုယ့်ဟန်နဲ့
နားလည်အောင်လေ၊အဲဒီ လောဘဟိတ်
ဒေါသဟိတ်၊ မောဟဟိတ် လို့ဆိုတဲ့
ဟေတုပစ္စည်း တွေကို သတိထားလိုက်ပါ၊
အာရမ္မဏ ပစ္စည်းနဲ့ အာရုံတွေ ဦးစားပေး
လေလေ အကုသိုလ်တွေက များလာလေလေ၊ အကုသိုလ်ဟိတ်တွေက များလာလေလေဖြစ်ပါတယ်၊
ဒါကြောင့် ဒီနှစ်ပစ္စည်းကို ကြည့်ပြီးတော့
လောကကြီးမှာ ဒီနှစ်ပစ္စည်းနဲ့ သွားနေတာဟာ တစ်ဘ၀တည်း သွားနေပါလားလို့ အဲဒီလို နားလည်ပြီးတော့
ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ကို အာရုံပြုပြီး
မိမိတို့ ကိုယ်တိုင် သတ္တ၀ါ လည်း မရှိပါလား ၊ငါ သူတစ်ပါးလည်း မရှိပါလား၊
အကြောင်းတရားတွေ သာ ရှိပါလားလို့
နားလည်ပြီး ဗုဒ္ဓ မြတ်စွာကို အာရုံပြုယင်း
မိမိစိတ်ကိုပါ ပြင်ဆင် နိုင်ကြစေကုန်သတည်း။
သာဓု...သာဓု....သာဓု။
photo credit:google
ကျေးဇူးတင်ပါတယ်