အစာလည်းဆေး ဆေးလည်းအစာ ဆိုသလိုလူသားတွေ ပုံမှန်နေ့စဉ်စားသုံးနေကြ အစားအစာတွေမှာ အကျိုးပြုစေတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်နေပါတယ်။မုန်လာဥမုန်လာဥမှာ ဆိုရင် ဗီတာမင်အေ အများဆုံးပါဝင်ပါတယ်။
အရွယ်ရောက်ပြီးသား လူတွေအတွက် လိုအပ်တဲ့ ဗီတာမင်အေ ပမာဏကို ၂၁၀ ရာခိုင်နှုန်းခန့် ဖြည့်ဆည်းပေးနိုင်ပါတယ်။ အဆုတ်ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ပန်းသီးပန်းသီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်တွေအပြင်၊ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ် ဓာတ်တွေပါဝင်ပါတယ်။ ပန်းသီးပုံမှန်စား သုံးပေးမယ်ဆိုရင် မှတ်ဥာဏ်အားနည်းတာ ဆီးချိုသွေးချိုရောဂါတွေပါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ငှက်ပျောသီးပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအားကို ထိန်းပေးနိုင်ပြီး သွေးကင်ကာရောဂါနဲ့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ချောကလက်ချောကလက်မှာတော့ Antioxidants အဓိကပါဝင်ပါတယ်။ ကိုလက်စထရော ပမာဏကို ထိန်းပေးနိုင်ပြီးတွေးခေါ်မှုစွမ်းရည်တွေကို မြင့်တက်စေပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါ ကိုပါကာကွယ်နိုင်ပါတယ်။ပန်းဂေါ်ဖီပန်းဂေါ်ဖီ မှာဆိုရင် Antioxidants တွေပါဝင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင်ပြီး သူ့မှာပါဝင်တဲ့ အမျှင်ဓာတ်က အစာချေလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပါတယ်။ မှတ်ဥာဏ်အားကောင်းစေပြီး စိတ်ဖိစီးမှု တွေကိုပါ လျော့ချနိုင်ပါတယ်။