SIM Card ထည့်သွင်းချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ Xiaomi Redmi Note 4
 ပြီးခဲ့တဲ့နှစ်တွေတုန်းက ထွက်လာသမျှကိရိယာတွေက ကျွန်တော်တို့ကို အကြောင်းအမျိုးမျိုးနဲ့ ရေပန်းစားလွှမ်းမိုးလာခဲ့တာချည်းပါပဲ။ 2016 ခုနှစ်တုန်းက Samsaung ဟာ သူ့ရဲ့ ထုတ်ကုန်တခုဖြစ်တဲ့ Galaxy Note 7 ထုတ်ပြီး မကြာခင်မှာ ပေါက်ကွဲမှုပြဿနာတွေ ကြုံခဲ့ပါတယ်။
Note 7 တခုထဲမဟုတ်ပဲ hoverboardတို့ iPhone တို့နဲ့ တခြားကိရိယာတော်တော်များများမှာပါ Lithium-Ion ဘက္ကထရီ ချွတ်ယွင်းမှုကြောင့် ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါသေးတယ်။ ယခု ဖြစ်စဉ်ကတော့ indian country Bengaluruမှာရှိတဲ့ဖုန်းဆိုင်တစ်ဆိုင်မှာ Xiaomi Redmi Note 4 ကို SIM Card အသစ်တခု ထိုးစိုက်တဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါ။ အဲဒီဖြစ်စဉ်ကို ဆိုင်ရဲ့ CCTV မှတ်တမ်းတင်ခဲ့ပြီး အဆိုပါမှတ်တမ်းကို Xiaomi Service Center ကလည်း ကြည့်ရှုခဲ့သလို ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။
Xiaomi Note 4 ဟာ အားသွင်းကြိုးသွယ်တန်းပြီး အသုံးပြုလို့ ပေါက်ကွဲခဲ့တာမဟုတ်ပါဘူး။SIM Card အသစ်ကို ထည့်သွင်းချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဆိုင်ရှင်အနေနဲ့လည်း ဒီပြင်းထန်တဲ့ပေါက်ကွဲမှုအတွက် မှတ်တမ်းအခိုင်အမာပြပြီး Service Center ကို လျှော်ကြေးတောင်းခံခဲ့ပါတယ်။ မှတ်တမ်းအရဆိုရင်တော့ ဆိုင်တွင်းမှာရှိတဲ့ လူတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမျိုးမရှိပါဘူး။ အဆိုပါ ဖြစ်ပွားမှုဟာ july 17 ရက်နေံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပေမယ့် အခု မှ သတင်းထုတ်ပြန်ခဲ့တာပါ။
ဖုန်းပိုင်ရှင်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူတွေကို Bengalurhရဲစခန်းကနေ တဆင့် တိုင်တန်းခဲ့ပါတယ်။ “Indiantimes” သတင်းစာမှာတော့ Xiaomi ဟာ အားသွင်းအသုံးပြုနေစဉ် အတွင်းမှာလည်း အလားတူ ပြင်းထန်တဲ့ ပေါက်ကွဲမှုမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ကုမ္မဏီအနေနဲ့လည်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု တခုလို့ ပြောလို့ရပေမယ့် ကုမ္မဏီရဲ့ သိက္ခာပိုင်းအရ Xioaomi ဟာ ပျက်စီးသွားတဲ့ phoneအတွက် 2dayအတွင်း newပြန်ပေးခဲ့ပါတယ်လို့ သိရပါတယ်။
