၇ရက်သားသမီးများ အတွက် ကံကြမ္မာ
တနင်္ဂနွေသားသမီးများ
ဒီရက်အတွင်း နိုင်ငံခြားကနေ အလုပ်ခန့်စာရမယ်။ ဒါမဟုတ် နိုင်ငံခြားထွက်ပြီး အလုပ်ရှာရင် အလုပ်ရမယ်။ ငွေအနည်းငယ်ပျောက်တတ်တယ်။ အိမ်နေရာ အရွှေ့အပြောင်းပေါ်မယ်။ စာပေလုပ်ငန်း၊ စာနယ်ဇင်းလုပ်ငန်း၊ မီဒီယာလုပ်ငန်းတွေမှာ ပြဿနာ အနည်းငယ်ဖြေရှင်းရမယ်။ ပညာရေးညံ့ပါတယ်။ ကျန်းမာရေးအနေနဲ့ အရိုးအက်တက်ပါတယ်။ အချစ်ရေးညံ့နေပါတယ်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဖက်ရဲ့ အသုံးအဖြုန်းကိစ္စနဲ့ပတ်သက်ပြီး အိမ်ထောင်ရေးအဆင်မပြေဖြစ်ပါမယ်။
တနင်္လာသားသမီးများ
ပါမစ်ကိစ္စ၊ တင်ဒါကိစ္စစတဲ့ အပြိုင်အဆိုင် စီးပွားရေးလုပ်ငန်းတွေကို လွယ်လွယ်ကူကူနဲ့ အောင်နိုင်လိမ့်မယ်။ ရတနာပစ္စည်းအရောင်းအဝယ်လုပ်ငန်းတွေ ကောင်းမွန်မယ်။ အခုရက်အတွင်း ဆိုင်ကယ်မှောက်တတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားသွားရမယ်။ ကျန်းမာရေးအနေနဲ့ကတော့ နားရောဂါဖြစ်တတ်ပါတယ်။ အချစ်ရေးနဲ့ အိမ်ထောင်ရေးကတော့ သာယာပါတယ်။
အင်္ဂါသားသမီးများ
ဝန်ထမ်းဖြစ်ရင် ရာထူးတိုးပြောင်းရွှေ့ကိန်းရှိပါတယ်။ စပ်တူရှယ်ယာလုပ်ငန်းတွေမှာ မပြေလည်မှုတွေ ပေါ်လာလိမ့်မယ်။ အခုရက်အတွင်း သူခိုးခိုးခံရတတ်တယ်။ ခါးပိုက်နှိုက်ခံရတတ်တယ်။ ပညာရေးညံ့ပါတယ်။ ကျန်းမာရေးကတော့ အစာအိမ်ရောဂါအနည်းငယ်ဖြစ်မယ်။ အချစ်ရေးကံကောင်းနေပါတယ်။ ချစ်သူ ၂ ဦး လက်ထပ်မင်္ဂလာဖိတ်စာ ဝေငရပါလိမ့်မယ်။ အိမ်ထောင်ရေးလည်း သာယာပါတယ်။
ဗုဒ္ဓဟူးသားသမီးများ
အခုရက်အတွင်း အလုပ်အတွက် အင်တာဗျူးဝင်ရင် အောင်မြင်မယ်။ ဝန်ထမ်းဖြစ်ရင် အလုပ်နေရာအရွှေ့အပြောင်းအတွက် စိတ်သောကရောက်မယ်။ မြေအရောင်းအဝယ်ပေါ်မယ်။ ပညာရေးကောင်းပါတယ်။ ကျန်းမာရေးမှာ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်ပါမယ်။ အချစ်ရေးညံ့ပါတယ်။ ချစ်သူနဲ့ တွေ့ဖို့ ခက်ခဲနေလိမ့်မယ်။ အိမ်ထောင်ရေးလည်း ညံ့ပါတယ်။ အိမ်ထောင်ဖက်ရဲ့ သဝန်တိုမှုကြောင့် စိတ်ညစ်ရပါမယ်။
ကြာသပတေးသားသမီးများ
ဒီရက်အတွင်း ကုန်ရောင်းကုန်ဝယ်၊ ဈေးရောင်းဈေးဝယ် ထိုင်းနေပါတယ်။ စွန့်စားရတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့ မသင့်ပါ။ နေအိမ်နဲ့ လေးလမ်းကျော်မှာ မီးလောင်တတ်ပါတယ်။ မော်တော်ကားအရောင်းအဝယ်ပေါ်မယ်။ ပညာရေးတိုးတက်မှုမရှိပဲ ဖြစ်နေပါတယ်။ ကျန်းမာရေး အနေနဲ့ ခေါင်းမူးခေါင်းကိုက်ဖြစ်မယ်။ အချစ်ရေးညံ့ပါတယ်။ ချစ်သူရဲ့ အထင်လွဲမှားမှုကို ဖြေရှင်းလို့ မရအောင်ဖြစ်လိမ့်မယ်။ အိမ်ထောင်ရေးလည်းညံ့ပါတယ်။ အိမ်ထောင်ဖက်ရဲ့ ဒေါသကြောင့် အိမ်ထောင်ရေးမှာ စိတ်သောကရောက်စရာဖြစ်လိမ့်မယ်။
သောကြာသားသမီးများ
ဘဏ်တစ်ဘဏ်မှာ ချေးငွေတင်ထားရင် အခက်အခဲ အနည်းငယ်ဖြေရှင်းပြီးမှ ချေးငွေရမယ်။ နိုင်ငံခြားငွေအရောင်းအဝယ် အလဲအလှယ်ပြုလုပ်ရာကနေ အမြတ်စွန်းရမယ်။ အခုရက်အတွင်း အလုပ်သစ်ပြောင်းရွှေ့ဖို့ အခွင့်အလမ်းပေါ်လာမယ်။ ပညာရေးကောင်းပါတယ်။ ကျန်းမာရေးအနေနဲ့ ခါးနာမယ်။ အချစ်ရေးသာယာပါတယ်။ အိမ်ထောင်ရေးလည်း သာယာပါတယ်။
စနေသားသမီးများ
နိုင်ငံခြားခရီးသွားရမယ်။ ဝန်ထမ်းဖြစ်ရင် လုပ်ငန်းနဲ့ပတ်သက်တဲ့ သင်တန်းတက်ရမယ်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်းအရောင်းအဝယ်အတွက် စာချုပ်ချုပ်ရမယ်။ အခုရက်အတွင်း ဆိုင်သစ်ဖွင့်ခြင်း၊ လုပ်ငန်းသစ်လုပ်ခြင်းတွေ ပြုလုပ်ရင် အောင်မြင်မယ်။ ရွှေနဲ့ ရွှေတွင်းတူးတဲ့ လုပ်ငန်းတွေမှာ အမှားအယွင်းဖြစ်မယ်။ ပညာရေးကောင်းပါတယ်။ နိုင်ငံခြားနဲ့ ပတ်သက်တဲ့ စာမေးပွဲတွေ ဖြေရင် အောင်မြင်မယ်။ အချစ်ရေးမှာ ကံကောင်းနေပါတယ်။ အခုရက်အတွင်း လက်ထပ်စာချုပ်ချုပ်ဆိုရမယ်။ အိမ်ထောင်ရေးလည်း သာယာပါတယ်။
ထပ်မံ ဖတ်ရှုလိုပါက
ဆွဲဆောင်မှုရှိလွန်းတဲ့ကိုရီးယားမင်းသမီးချောလေးတွေရဲ့မွေးနေ့
ဆံပင်ရှည်ရှည်ကောင်မလေးတွေကိုပဲ ချစ်တယ်
ကိုယ်လုပ်နေတဲ့အလုပ်ကို ဆိုးလှပြီလို့ထင်ရင် ဒီအလုပ်တွေကို ကြည့်ပါ