ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးအိမ်မက်လေးတွေဟာလဲ အခုဆို ပျက်စီးလုနည်းနည်းကို ဖြစ်နေခဲ့ပါပြီလေ...။
ကျွန်တော်တို့ရဲ့ ငယ်ရွယ်နုပျိုခြင်း ဆိုတဲ့ အရာတွေက ခဏတာ ပျော်တော်ဆက် သက်သက်ပါဘဲ...။
ဘဝ အခြေအနေအရ ငွေကြေးဆိုတဲ့ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ ဖြတ်ကျော်ဖို့ ဖြစ်လာရတယ်...။
နုနုနယ်နယ် စိတ်ကူးလေးတွေ၊ အိမ်မက်လေးတွေက ပူစီဖောင်းပမာ တစ်ခုပြီးတစ်ခု ပေါက်သွားရရှာပြီ...။
ဖြူ စင်တဲ့ စိတ်ထားလေးတွေကလည်း ရင့်ကျက်ခြင်း ဆိုတဲ့ အရာတွေနဲ့ အရောင်လေးတွေလဲ ရောသွန်းကုန်ပြီပေါ့...။
တစ်စုံတစ်ရာကို ပွင့်ပွင့်လင်းလင်း ပြောချင်ပေမဲ့ white lie လေးတွေသုံးလိုက်ရတဲ့ အချိန်တွေဟာလဲ မနည်းဘူးလေ...။
အဲ့ဒါကြောင့် ငယ်ရွယ်နုပျိုခြင်းဟာ တကယ် တန်ဖိုးရှိမှန်းလဲ သိခဲ့ရတယ်...။အခုလို အယောင်ဆောင် လောကထက်ပိုဖြူစင်ခဲ့တယ်..။
**** ရပ်တန့်လို့ မရတဲ့ ဘဝရထားကြီးဟာ အရှိန်နဲ့ ဆက်လက်ခုတ်မောင်းနေဆဲ...။