*** နွေရထား ***
...............................
နွေရထားတစ်စင်းရဲ့ အရှိန်ပြင်းပြင်းကို
ကိုယ့်ရင်တွင်းကနေ မငြင်းဆန်ဝံ့ခဲ့ဘူး...
ဓားသွားပေါ်မှာ ကခုန်နေတတ်တဲ့ လိပ်ပြာက
ကိုယ်တို့ကို မွှေးပျံ့စေတယ်...
အိမ်မက်ရဲ့အတိုအရှည်အပေါ် ကိုယ်ရွေးချယ်လို့ရပေမဲ့ ခရီးဆုံးပစ်ရမှာ နှမြောနေတတ်သေးတယ်...
ဘယ်လို အဆုံးသတ်ထဲမှာ
ကိုယ် ပျော်မွေ့ရမလဲကွယ်...
ခရီးရှည်ထွက်သွားပြီးတဲ့အခါ ကိုယ့်ကို အော်ခေါ်မနေပါနဲ့
အရိပ်စစ်တစ်ခုအပေါ် နားခိုခွင့်အတွက်တောင်
အလင်းတိုက်လို့ ရှာနေတုန်းမို့လေ..
ကိုယ်တိုင်က အရိပ်ဖြစ်သွားတဲ့အခါ အာရုဏ်တွေအားလုံး ဆည်းဆာတွေအားလုံး လှတယ်..
ရှင်သန်မှုတွေကို မုန်းတီးရင်း သေဆုံးရတာ ချစ်တယ်
ကိုယ် ထွက်ခွာရာအရပ်ဆီကို တစ်ချက် ငဲ့ကြည့်နိုင်ပါတယ်
အားလုံးရဲ့ ခရီးမှာ ကိုယ်လည်းပျော်ရွှင်တတ်ပါတယ်
ဒါပေမဲ့ ကိုယ့်အတွက် နေရာပျက်တာ များနေပြီ...
ကိုယ်ရဲ့အစ ကိုယ့်အဆုံးကို ကိုယ်ဘယ်လို ဆုံးဖြတ်ရမလဲ.
အဲ့ဒီကြားတွေထဲမှာ ကိုယ်ယစ်မူးရင်း ခရီးကြမ်းမှာ ပန်းလွန်းတဲ့ ဟစ်သံခြောက်လို့ ကြောက်နေခဲ့ကြတဲ့အချိန်တွေအတွက်လည်း ကိုယ်နှမြောသင့်ပါပြီလေ....
ကိုယ့်ခရီးရှည်အတွက် နှုတ်ဆက်သံနဲ့တော့ မခြောက်လှန့်နဲ့ကွယ်..
ကိုယ့် အာရုဏ်ရောင်အလင်းတံခါးအတွက် ခရီးထွက်အုံးမယ်....
I'm ATM.
SMT37
I'm ATM.