ကျွန်တော်၏တကယ်ကြုံ တွေ့ခဲ့ရသော ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ပါ။
လမ်းမှာတော့ တောသဘာဝ လှပတဲ့တောရှူ ခင်းတွေကို
ငေးကြည့်ရင်း လတ်ဆတ်တဲ့လေနုအေးအေးလေးကိုရှူ ရှို က်ရင်း
ဆိုင်ကယ်ပေါ်မှာထိုင်ပြီးလိုက်လာခဲ့သည်။ဘဝအမောတွေခဏတာလေးပြေပျောက်ခဲ့ရပါသည်။
ရန္တပိုရွာလေးသို့ရောက်တဲ့အခါ ဆရာသြတို့ Tea ဆိုင်မှာဘဲတည်းဖို့နေရာပေးထားသည်။လာရောက်နုတ်ဆက်တဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့စကားဝိုင်းမှာလည်းစည်ကားလှပါသည်။ပါလာတဲ့လက်ဆောင်ပစ္စည်းတွေကိုခွဲခြမ်းပေးခဲ့သည်။
ဆရာသြဇနီးမှ ကြံရည်အေးအေးလေးလာလိုက်သည်။
သံပရာနံ့သင်းနေတဲ့ကြံရည်အေးအေးလေးကိုတစ်ကျိုက်မော့သောက်လိုက်သည်။ရင်ထဲတွင်အေးဆင်းသွားသည်။ကျေးဇူးပါဗျာ
ဒီလိုနဲ့ ညနေရောက်တော့ ရန္တပိုရွာလေး၏ ဧရာဝတီမြစ်ကမ်းနဖူးမှာထိုင်ပြီး ညနေဆည်းဆာအလှကို ငေးမောနေမိသည်။
နေဝန်းနီနီကြီးက မင်းဝံတောင်တန်းကြီး၏တောင်စွယ်မှာ မေးတင်နေတဲ့အချိန် ဧရာဝတီမြစိပြင်ထက်မှာ ပုဇွန်ဆီရောင်တွေတောက်ပနေသည်။ပန်းချီဆရာတွေ ငိုရလောက်အောင် အရမ်းကိုလှပတဲ့ ရန္တပိုရွာလေး၏ ညနေဆည်းဆာအလှတရားဟာ မေ့ပစ်လို့မရအောင် မျက်ဝန်းအိမ်ထဲမှာ စွဲထင်သွားသည်။
ညနေဆည်းဆာအလှကို ငေးမောနေချိန်တွင် ကိုကြီးဆန်းဗိုလ်ရောက်လာပြီး ဆရာရေငေးလှပါလားဗျာ
ဟုတ်တယ်ဗျာ ဒီလိုလှပတဲ့ရှူ ခင်းတွေကိုမကြည့်ရတာ ကြာနေပြီဗျာ အရမ်းလှတယ်ကိုကြီးဆန်းဗိုလ်ရာ။
ဒါဆိုလည်းဒီရွာလေးမှာဘဲ အမြဲနေလိုက်ပေါ့ဆရာရယ်
ဆရာအတွက် ကောင်မလေးချောချောလေးတစ်ယောက်ရှာပေးမယ်ဟုကိုကြီးဆန်းဗိုလ်မှ ပြောလိုက်သည်။ ကျွန်တော်လည်းကောင်းတာပေါ့ဗျာဟု ပြန်နောက်လိုက်သည်။
ဆရာရေ ညမိုးမချု ပ်ခင် ရေချိုးရအောင်ဗျာဟုကိုကြီးဆန်းဗိုလ်မှစကားစလိုက်သည်။
ok ကောင်းပြီလေ ရေချိုးကြတာပေါ့ဟု ကျွန်တော်မှပြန်ပြောလိုက်သည်။
ဧရာဝတီမြစ်ထဲမှာ ရေဆင်းချိုးလိုက်ကြသည်။
ဧရာဝတီမြစ်ရေအေးအေးလေးထဲမှာ ရေချိုးရင်းတစ်နေ့တာပင်ပန်းနွမ်းနယ်မူ့တို့ပြေပျောက်ခဲ့ရပါသည်။
ရေချိုး အဝတ်အစားလဲပြီးတော့ ဆရာသြဇနီးမချို ချက်ကျွေးသောညနေစာကို အဖွဲ့လိုက်ဝိုင်းပြီး စားကြသည်။
ဟင်းများမှာလည်းစုံလင်လှသည်။ ကြက်သားရေချိုချက်
ပဲကုလားဟင်းရည် ငါးပြုတ်များထောင်းထည့်ထားတဲ့ငါးပိရည်
အတို့အမြုပ်စုံလင်စွာနဲ့ မရမ်းသီးထောင်းလေးပါအဆစ်ပါလိုက်သေးတယ်ဗျာ။မြိန်ရည်ယှက်ရည်တဲ့စားလိုက်ကြတာ ခေါင်းတောင်မဖော်တော့ဘူးဗျာ။
ဆရာသြဇနီးမချို မှ ဆရာရေ စားကောင်းရဲ့လားဟုမေးလိုက်သည်။ဒီလိုတောထမင်း တောဟင်းမစားရတာကြာနေပြီမချိုရေ
အရမ်းစားကောင်းတယ်ဗျာဟုပြန်ပြောလိုက်သည်။ဆရာတို့စားကောငိးတယ်ဆိုရင်ကျမတို့ချက်ကျွေးရကျိုး ပင်ပန်းရကျိုးနပ်တာပေါ့
ဆရာရယ်ဟုမချို မှပြန်ပြောလိုက်သည်။အရမ်းကိုရိုးသားတဲ့တောသူတောသားတွေပါ။ကျွန်တော်အရမ်းပျော်နေမိတယ်ဗျာ။
ညနေစာစားပြီးတဲ့နောက်မှာ လက်ဖက်သုတ် အညာထန်းလျက်ခဲ ရေနွေးကြမ်းတို့နှင့်ဧည့်ခံပါသေးသည်။အရမ်းကိုတာဝန်ကြေ သိတတ်တဲ့ဆရာသြတို့ဇနီးမောင်နှံ့ပါဗျာ။
လက်ဖက်ရည်ကြမ်းဝိုင်းမှာ လုပ်ငန်းအကြောင်း မသိတာမေးကြ
ဆွေးနွေးကြ တိုင်ပင်ကြနဲ့ စည်ကားလှပါသည်။
မနက်ဖြန်သွားရမည့် ခရီးစဉ်ကို Plan တွေဆွဲပြီး ထွေရာလေးပါးလေးတွေ ပျော်စရာ နောက်စရာလေးတွေနဲ့ ညမိုးချုပ်ချုပ်မှာ လက်ဖက်ရည်ကြမ်းဝိုင်းလေးကို သိမ်းလိုက်ပြီး လူစုခွဲကာ
ညအိပ်ယာဝင်ခဲ့ကြလေသည်။
အပိုင်း(3) ဆက်မျှော်