ရှားရှားပါးပါး မုန့် ဟင်းခါးချက်နည်းလေး ပါ ။
သူငယ်ချင်းတွေစုံတဲ့အခါ အတူချက်စားကြဖို့  Share ထားလိုက်နော်
..
မုန်းဟင်းခါးကောင်းကောင်းစားရဖို့ 
ဟင်းရည်က အဓိကဆိုတာ လူတိုင်း သိကြမှာပါဘဲ။
လျိုဝှက်ချက်လေးတွေကတော့ ရှိတာပေါ့နော် ..
ပါဝင်ပစ္စည်းများ
၁ ။ မုန့် ဟင်းခါးဖတ် -
၂ ။ ငါးကြင်းသား ၊ ငါးရံ့၊ ငါးခူ၊ (နှစ်သက်သည့် ငါးတမျိုးနှင့် ချက်ပါ။)
၃ ။ ကုလားပဲ
၎ ။ ဆန်မုန့် လှော်မုန့်
၅ ။ ငရူပ်အရောင်တင်မုန့် 
၆ ။ ငံပြာရည်
၇ ။ ဆား
၈ ။ စပါးလင်
၉ ။ ဂျင်း
၁၀ ။ ကြက်သွန်ဖြူ
၁၁ ။ ကြက်သွန်နီ
၁၂ ။ ဆီသန့် 
၁၃ ။ငှက်ပျော်ခေါင်း ( အနုဆုံးနေရာကို လိုသလောက် )
၁၄ ။ ဘဲဥ ( လိုသလောက်)
၁၅ ။ နှစ်သက်သည့် အကြော်
၁၆ ။ နံနံပင် ၊ သံပရာသီး ၊ ငရူတ်သီးအကျက်မူန့် 
..
ငါးကို ရေစင်အောင်ဆေးပြီး ငါး စပါးလင်ကို ငံပြာရည်နဲ့ ရောပြုပ်ပါ ။
ငါး ပြုပ်တာ ကျက်ရင် ငါးကိုဖယ်ပြီး ငါပြုပ်ရည်ကို ကုလားပဲနှင့် ရောပြုပ်ပါ ။
ပြုပ်သည့်နေရာတွင် ထန်းလျက် ၂ ခဲလောက် နှင့် ငရူပ်ပွ ၃ ထောင့်လောက် ထည့်ပြုပ်ပါ ။ ပဲပြုပ်တာ ရပြီဆိုလျင် blander or ပုဂံထဲထည့်ပြီး အကုန်ကျေညှက်အောင် မွေပြစ်လိုက်ပါ ။
..
ဂျင်း + စပါးလင် + ကြက်သွန်ဖြူရယ်ကို ညက်နေအောင် တစ်မျိုးစီခွဲထောင်းပါ ။ ဆီးပူလာလျင် တစ်ခုခြင်းထည့်ပြီး အရောင်တင်မုန့်  နနွင်းမုန့် တို့ နှင့် ငါးကို မွေးလာအောင် ဆီသတ်ပါ .။
ဆီသပ်သည့်နေရာတွင် ထည့်ထားသည့် ဆီ ကို ပြန်လာအောင် သပ်ပါ ။
အရောင်လှ အနံ့ မွေးတဲ့ မုန့် ဟင်းခါး အရေအတွက် အရေးကြီးဆုံး အဆင့်ပါ။
..
ငှက်ပျောအူ ကို အရောင်မမဲသွားအောင် နနွင်းမုန့် လေးနဲ့ ရောပြုပ်ပါ ။
ကြက်သွန်နီ အနေတော်ဥလေးတွေရှာလို့ ရရင် ပိုအဆင်ပြေပေမယ့် အလုံးကြီးနေလည်း အနေတော်ခွဲပြီး လိုက်ပါ ။
ပြီးလျင် ဟင်းရည်အိုးနဲ့ ရေ တစ်ဝက်လောက်ကို ဆူအောင်ထည့်ပြီး
ဆန်လှော်မုန့် ကို ရေပျော်သွားအောင် ထည့်မွေပါ ။
ဆန်လှော်မုန့် ကြက်ပြီဆိုရင်တော့ ပဲအနှစ်ရယ် ငါးဆီသပ် ရယ်ကို ရောထည့်ပါ .။
ဘဲဥစိတ်ထည့်ပါ.
..
အိုးသီးသန့်  တခုနဲ့ထည့်ပြုပ်ထားတဲ့ ငှက်ပြောပင်နဲ့  ကြက်သွန်နီကို
ဟင်းရည်စပ်ပြီးသားနဲ့ ထည့်ပြီး ဆူအောင် ငှက်ပျောအူ ထဲ အရသာဝင်အောင် ပြုပ်ပါ ။
ဟင်းရည်အိုးထဲက တိုက်ရိုက်ထည့်ရင် အရသာမှန်းဆလို့  မရတော့တဲ့အတွက်
သီးသန့် ဟင်းရည်နည်းနည်းနဲ့  အရသာဝင်အောင် အရင်ပြုပ်တာပါ
.. ငှက်ပျော်ပင်နဲ့ ကြက်သွန် အဆင်သင့်ဖြစ်ရတော့
အကုန်ရောလိုက်ပါ ။
ဟင်းရည် အပေါ့အငံ လိုသလို မြည်းပြီး ဆားနဲ့ ငံပြာရည် လိုအပ်လျင် ထည့်ပါ ။
ပြီးလျင်တော့ ငရုပ်ကောင်းမူန့် လေးဖြူးပြီး မီးပိတ်ထာ့း ရပါပြီ ။
. အရမ်းအရသာရှိတဲ့ မုန့်  ဟင်းခါးလေး သုံးဆောင်ရန်အဆင်သင့်ရပါပြီ ။
.( မှတ်ချက် ။ အချိုမူန့် လုံးဝသုံးရန် မလိုအပ်ပါ