စားလို့အရမ်းကောင်းတဲ့ ချိုချဉ်စပ် ပြောင်းဖူးထောင်းနည်း တင်ပေးလိုက်ပါတယ်
လိုအပ်တဲ့ပါဝင်ပစ္စည်းတွေက _
၁။ သကြားပြောင်း ၁ဖူး ရှမ်းပြောင်းအစီး ၁ဖူး(ပြုတ်ပြီး)
၂။ ခရမ်းချဉ်သီးအသေး ၂လုံး
၃။ ပုဇွန်ခြောက်နည်းနည်း
၄။ ငရုပ်သီး ၆တောင့်
၅။ ပဲတောင့်ရှည် ၂တောင့်
၆။ ကြက်သွန်ဖြူ ၄မွှာ
၇။ သံပုရာသီး ၂လုံး
၈။ ထန်းလျက်အသေး ၄လုံး
ပြောင်းဖူးတွေကို ဓါးနဲ့ အရင်ဆုံး လှီးထားလိုက်ပါ
ကြက်သွန်ဖြူ ပုဇွန်ခြောက် ငရုပ်သီး ထန်းလျက်
လေးမျိုးကို အရင်ညက်အောင်ထောင်းပါ့မယ်
ပြီးရင် ငါးငံပြာရည် ထမင်းစားဇွန်းနဲ့ ၃ဇွန်း ထည့်ပါ
ခရမ်းချဉ်သီး ပဲတောင့်ရှည်တွေကို ထည့်ပြီး ၃ ၊ ၄ ချက်ခန့် ဆက်ထောင်းပါ့မယ်
ပြီးရင်တော့ ဓါးနဲ့လှီးထားတဲ့ ပြောင်းဖူးစေ့တွေ ထည့်ပါ
သံပုရာသီးကို အရည် ညှစ်ထည့်ပြီး ၄ ၊ ၅ ချက်ခန့် အပြီးသပ် ထောင်းပါ့မယ်
ပန်းကန်ထဲထည့်ပါ
အရမ်းကောင်းတဲ့ ချိုချဉ်စပ် ပြောင်းဖူးထောင်း ရပါပြီ
အပေါ့အငံ နှစ်သက်သလိုပြင်ပြီးရင်
စားလို့ရပါပြီ။