How to prevent your Heart dieases ( Part 1 )
နှလုံး ရောဂါ ဖြစ်ပွားမှု့ကြောင့် သေဆုံးမှု့များသည် နှစ်စဉ် လိုပင် ဆက်တိုက်ဖြစ်နေပါတယ်။ နံပတ် ၁ အနေနဲ့ အမေရိကန် နိုင်ငံဟာဆိုရင် နှလုံးရောဂါကြောင့် သေဆုံးမှု့အများဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ၀မ်းသာစရာ သတင်း ကတော့ ဒီနှလုံး ရောဂါ နှင့် ပတ်သက်တဲ့ ဖြစ်ပွားလေ့ရှိတဲ့ ရောဂါများဖြစ်သော နှလုံးသွေးကြော နှင့် ဆိုင်သော ရောဂါများ ထဲမှာ ပါဝင်တဲ့ နှလုံးသွေးကြောပိတ်ခြင်း နှင့် Heart attacks ဖြစ်စေခြင်းတို့ကို ဘယ်လို ကာကွယ် ရမလဲ ဆိုတာ သိခဲ့ရပါတယ်။
ကျန်းမာရေးအတွက် ဘာတွေ ဘယ်လို လုပ်ရမလဲ ဆိုရင် အရမ်းရိုးရှင်းပါတယ်။ အစားကိုပုံမှန်စားမယ် လေ့ကျင့်ခန်းတွေ အချိန်မှန် လုပ်ပေးမယ်ဆိုရင် သင့်ကျန်းမာရေးဟာ သိသိ သာသာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
နောက်ပြီး ဘယ်လို အစား အစာမျိုးတွေကို စားသုံးသင့်လဲ ဆိုတာ ဖတ်ကြည့်ပါ
( ၁ ) ဆော်လမွန်ငါး ( Salmon )
ဆော်လမွန်ငါး နှင့် အခြား အဆီများသော ငါးများဖြစ်သည့် ငါးသေတ္တာ နှင့် ငါးကွမ်းရှပ် များသည် နှလုံးကျန်းမာရေးအတွက် အလွန်ပင်ကောင်းမွန်ကောင် အစားအစာများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့မှာ Omega-3 အဆီ အက်ဆစ် တွေ ပေါပေါများများ ပါဝင်လို့ဖြစ်တယ်။လေ့လာမှု့အရ နှလုံးခုန် မမှန်ခြင်း ၊ သွေးလွှတ်ကြောအတွင်း အသားစတည်ဆောက်ခြင်းတို့ ကို လျော့နည်းစေပါသည်။အမေရိကန် နိုင်ငံ၏ American Heart Association အဖွဲ့က နှလုံးကျန်းမာရေးနှင့် ပတ်သက်ပြီးငါးတွေကို စားသုံးရန်တိုက်တွန်းထားပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အဆီပါသော ငါးများကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့် စားသုံးမယ်ဆိုရင် Omega - 3 အဆီ အက်ဆစ် ကို စားမြဲ အစားအစာ အဖြစ် ထောက်ပံမှု့ရရှိလိမ့်မည်ဟု ပြောထားပါတယ်။
( ၂ )စပျစ်သီး ( Bluebarries)
စပျစ်သီး ရယ်မှ မဟုတ်ပါဘူး စတော်ဘယ်ရီသီး နှင့် အခြား ဘယ်ရီသီးများလဲ ပါဝင်ပါတယ်။ ၂၀၁၃ ခုနှစ် လေ့လာချက်အရ မိန်းကလေးတွေ၏ အသက် ၂၅ နှစ်မှ ၄၂ ကို ကျော်လွန်စဉ်တွင် စပျစ်သီး နှင့် ဘယ်ရီသီးများကို တစ်ပတ်လျှင်သုံးကြိမ်မျှ ပိုမိုစားသုံးသင့်သည်။ ဘယ်ရီသီး စားသုံးသူ နှင့် ဘယ်ရီသီး မစားသုံးသူ များကို နှိုင်းယှဉ်ကြည့်ရာ ဘယ်ရီသီး စားသုံးသူများသည် နှလုံးထိခိုက်ခြင်း ( Heart attack ) ကို 32 % မျှ လျော့နည်းစေ ကြောင်း သိရှိရပါတယ်။
(၃) ချောကလတ် (Dark Chocolate )
လေ့လာမှုများစွာထဲမှာမှ ချောကလတ်သည် နှလုံးကျန်းမာရေးအတွက် များစွာ အကျိုးသက်ရောက်မှု့ရှိစေသည်ဟု လေ့လာတွေ့ရှိရပါသည်။ ၂၀၁၂ ခုနှစ် လေ့လာချက်အရ ချောကလတ်ကို နေ့စဉ် စားသုံးခြင်းသည် နှလုံးထိခိုက်မှု ( heart attack ) နှင့် နှလုံးသွေးကြောပိတ်ခြင်း ( stroke ) ဖြစ်ပွားနေတဲ့ လူတွေ၏ ရောဂါကို သက်သာစေနိုင်ပါသည်
Translate and Writer by
Source>>>http://www.health.com/health/gallery/0,,20720182,00.html#oatmeal-6
Photo Credit >>> Google Image